ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို
အရင်စပြောလိုက်ရအောင်….
Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့
ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့
ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်း
နာမည်ပေးထားပါတယ်…..
အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့
ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို
ခြောက်လှန့်စေတာဖြစ်ပါတယ်…
Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့
နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်….
ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို
ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ
တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု
လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်…
တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့
သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့
နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့
ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက်
အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ….
Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ….
ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး
မဟုတ္ပါဘူး…
တချို့အခန်းတွေက ကြောက်စရာကောင်းသလို
တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ…..
ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့
သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ….
File Size : (879 MB)
Quality : WED DL 720p
Running Time : 1hr 36min
Format : Mp4
Genre : Comedy , Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : WEB DL 1080p
Translated by Mg King
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။