Channel Myanmar

What They Had (2018)

What They Had    

N/A 101 min Drama

6.1
IMDB: 6.1/10 449 votes

, , , , , , , ,

N/A

USA

137335

Report error

ညကြီးသန်းခေါင်ဘစ်တီတစ်ယောက်မောင်ဖြစ်သူဆီကဖုန်းခေါ်သံကြောင့် နိုးလာခဲ့ရပါတယ်

အကြောင်းကတော့ သူတို့အမေအိမ်ကနေပျောက်သွားတယ်ဆိုတာကြောင့်ပါ

မိဘတွေရဲ့အဝေးမှာတစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ဘစ်တီမှ

မိဘတွေနေထိုင်တဲ့မြို့လေးဆီကိုသမီးလေးကိုပါအပါခေါ်လာပြီးထွက်လာခဲ့ပါတော့တယ်

အမှန်တော့ဘစ်တီရဲ့သမီးလေးအမ်မာကလဲ ကျောင်းအဆောင်မှာအရက်ခိုးသောက်တာကြောင့်

အဆောင်ကထုတ်ပယ်ခံရတာကိုဘစ်တီကိုယ်တိုင်ပဲသွားခေါ်ထားရတာပါ

အတွေးတွေအများကြီးနဲ့ဘစ်တီတို့သားအမိကိုမောင်ဖြစ်သူနီကိုးလစ်ပ်ကလေဆိပ်ကနေတန်းကြို ပြီးတာနဲ့

အဖေ့ဆီကိုတန်းသွားတဲ့အခ်ျန်မှာ သူ့တို့အမေကိုပြန်ရှာတွေ့နေပါပြီ

ဘစ်တီတို့ရဲ့အမေကအတိတ်မေ့တဲ့ဝေဒနာကိုခံစားနေရပါပြီ

နီကိုးလစ်ပ်ကသားကောင်းတစ်ယောက်ဖြစ်ပေမယ့်

ဒီလောက်အချိန်တွေအကြာကြီးကိုသူတစ်ယောက်တည်းရင်မဆိုင်နိုင်တော့မှာကြောင့်

အမေဖြစ်သူကိုရိပ်သာပို့ဖို့တိုက်တွန်းပါတယ်

ဖခင်ဖြစ်သူပါသူ့မိန်းမရဲ့အနီးအနားမှာနေနိင်ပါတယ်ဆိုတာတောင်

ဘစ်တီတို့ရဲအဖေကလုံးဝသူ့မိန်းမကိုပို့ဖို့လက်မခံခဲ့ပါဘူး

ဒီလိုနဲ့ပဲဇာတ်လမ်းလေးကို ဆက်ထားပါတယ်

ဒီဇာတ်ကားကတော်တော်လေးကိုသွက်ပါတယ်

လိုတာတွေကိုပဲတိုက်ရိုက်ပြော ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ

မိသားစုအတွင်းကမိဘနဲ့သားသမီးတွေရဲ့ဆက်ဆံပုံလေးတွေကိုဖော်ပြထားပြီးတော့

တစ်သက်မှာတစ်ယောက်ကိုသက်ဆုံးတိုင်ချစ်တတ်တဲ့သူအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ

ကိုယ်တွေကတော့ ဒီကားကိုကြည့်ပြီးအပြင်မှာသက်ကြီးရွယ်အိုစုံတွဲတွေကိုတွေ့ရင်ပိုပြီးတော့ကြည်နူးမိလာပါတယ်

ဒီလောက်နှစ်တွေကြာတဲ့အထိ မေတ္တာမပြယ်ဖို့ဆိုတာလွယ်တာမှမဟုတ်ပဲကို …

ဒီတော့ ကြည့်သင့်ပါတယ်ဆိုတဲ့ဇာတ်ကားထဲမှာပါပါတယ်လို့ညွှန်းချင်ပါတယ်

Translated by Aye Chansu

Encoded by sithu



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

What They Had (2018)
What They Had (2018)
What They Had (2018)
What They Had (2018)
What They Had (2018)
What They Had (2018)
What They Had (2018)
What They Had (2018)


No downloads available

Genres



Related movies