မင်္ဂလာဆောင်ဖို့အသည်းအသန်တွေစီစဉ်ပြီးမနက်ဖြန်ဆောင်တော့မယ်ဆိုမှ
ဒီနေ့လက်ထပ်ပွဲပျက်သွားပြီဆိုတဲ့ခံစားချက်ကြီး….
နက်နဲ့လော်ရန်တို့စုံတွဲကအရမ်းကိုချစ်ကြတဲ့လူဖြူလူမည်းစုံတွဲဖြစ်ပြီး
တစ်ရက်မှာရုတ်တရက်ဆိုသလို လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်
လော်ရန်တစ်ယောက်ကသူ့ရဲ့မွေးရပ်မြေဖြစ်တဲ့
ဒါဝင်မြို့ကိုပြန်ပြီးသူ့မိဘတွေစုံစုံညီညီနဲ့မင်္ဂလာပွဲလုပ်ချင်တယ်လို့ပြောတဲ့အခါမှာ
နှစ်ယောက်အတူမင်္ဂလာပွဲလုပ်ဖို့ဒါဝင်မြို့ကိုပြန်လာခဲ့ပါတယ်
ဒါပေမယ့်လော်ရန်စိတ်ကူးထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲ
သူ့မိခင်ဖြစ်သူကသူတို့ကိုစိတ်ဆိုးပြီး အိမ်ကထွက်သွားတယ်လို့သိလိုက်ရတဲ့အချိန်…
သူ့မိဘတွေကလည်းသူတို့စုံတွဲလိုအဖြူအမည်းစုံတွဲပဲဖြစ်ပြီးတော့
သူ့အမေကမွေးရပ်မြေဖြစ်တဲ့လူမည်းတွေရဲ့ကျွန်းစွယ်ကနေမိဘတွေကိုဆန့်ကျင်ပြီး
လူဖြူနဲ့လက်ထပ်ဖို့ထွက်လာခဲ့တဲ့နောက်ကြောင်းအလုံးစုံကို
လော်ရန်တစ်ယောက်သူ့အမေကိုလိုက်ရှာရင်းသိလိုက်ရတဲ့အခါ….
သူ့အမေကိုလိုက်ရှာရင်းပဲသူတို့နှစ်ယောက်ရဲ့အဆင်မပြေမှုတွေပေါ်လာပြီး
လက်ထပ်ဖို့ဖျက်သိမ်းတဲ့ထိတွေဖြစ်လာတဲ့အခါ….
သူတို့နှစ်ယောက်အဆင်ပြေပြေနဲ့လက်ထပ်ပွဲလေးဖြစ်သွားမလား…
သူ့အမေကိုရောရှာတွေ့နိုင်မလား…
သူ့မိဘတွေကရောပြန်ပြီးသင့်မြတ်မလားဆိုတာ…
ဒီကားလေးကဒရမ်မာဆန်ဆန်လေးနဲ့လူဖြူလူမည်းကြားက
ရိုးရာဓလေ့တွေကိုသေချာလေးရိုက်ကူးပြထားတာဖြစ်ပါတယ်
File Size : (953 MB) & (180 MB)
Quality : WEB-DL 720p
Running Time : 1 hr 53 min
Format : Mp4
Genre : Comedy , Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phue
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။