Running Manမှာ ယူဂျယ်ဆော့ အရမ်းလိုက် လိုက်စတတ်တဲ့ အီဂွမ်ဆူရဲ့ ငါးလူသားရုပ်ရှင်လေးပေါ့ဗျာ
Strong Woman ဒိုဘုံဆွန်း ဖြစ်တဲ့ ပတ်ဘိုယောင်းပုစိလေးလည်းပါဝင်ထားသလို မင်းသားကြီးတွေကလည်းရှယ်ပါပဲ
ရုပ်ရှင်ကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင်တော့
ဆေးဝါးစမ်းသပ်မှုမှာ မှားယွင်းမှုဖြစ်သွားပြီး ငါးတပိုင်း လူတပိုင်းဖြစ်သွားတဲ့ ပတ်ဂူဟာ ကိုရီးယားပြည်သူတွေကြား သန္ဓေပြောင်းလူသား နာမည်ကြီးတယောက် ဖြစ်လာခဲ့ပြီး
မကြာခင်မှာပဲ အတိုက်အခံအချို့နဲ့အတူ ဆွဲချခံလိုက်ပြန်ပါတယ်
နိုင်ငံရေး ဥပဒေ သတင်းမီဒီယာ တီထွင်စမ်းသပ်မှုစတဲ့ အဘက်ဘက်က လွှမ်းမိုးမှုတွေနဲ့အတူ ပတ်ဂူကို သူရဲကောင်းတခါ လူယုတ်မာတလှည့် ဖြစ်သွားစေတဲ့ တဖက်စောင်းနင်းဆန်ဆန် လူ့အဖွဲ့အစည်းအကြောင်း ပုံဖော်ထားပြီး
လူ့အခွင့်အရေးနဲ့ လူသားချင်းနှိပ်စက်မှုအကြောင်းအရာတွေကိုပါ ပြသပေးထားပြီး
လူအဖွဲ့အစည်းအသိုင်းအဝိုင်းကြားက မွန်းကြပ်စရာ သနားစရာ စိတ်တိုစရာကိစ္စတွေကို ကြည့်နေရရင်း
ငါးလူသားကြီးရဲ့ ရုပ်မမြင်ရတာတောင် စကားပြောသံနဲ့ ခွိခနဲရယ်ချင်မိမယ့် action skillတွေနဲ့အတူ
သရုပ်ဆောင်တွေရဲ့ ဓာတုဗေဒမိမိ ဟာသလေးတွေကြောင့်လည်း ရယ်မောရမှာဖြစ်တဲ့ရသအမျိုးမျိုးပေးနိုင်မယ့် ကားလေးတခုပါ ။
( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )
Quality__1080p,720p,360p
IMDb Rating__6.2/10
Format__mp4
Duration__01:35:00
Type__Comedy , Drama
Subtitle__Myanmar Subtitle (Hardsub)
Translated by Hay Mann Thitsar
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။