Channel Myanmar

A Knight’s Tale (2001)

A Knight's Tale    

PG-13 2h 12min ActionAdventureRomance

6.9
IMDB: 6.9/10 169,757 votes

, , , , , ,

, , , , , , , , ,

4 wins & 13 nominations.

USA

354849

Report error

A Knight’s Tale (2001)
IMDb – 6.9/10_____Rotten – 59%

 

 

Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ
မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။
Friendhood .. Fatherhood.. Sonhood… Loverhood
အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း
ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ်
ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား
ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက
မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။

ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး
Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။
ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း
ရထားပါသေးတယ်။
စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း
ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။

 

 

အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။
ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို
ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့
ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ
သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့်
ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့
“Knight”လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့
တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ
စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight
သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး
စီးချင်းဝင်ထိုးရင်း ကလေးကတည်းက Knight
ဖြစ်ချင်ခဲ့တဲ့ သူ့အိပ်မက်ကို ဖွင့်ဖို့လမ်းပွင့်သွားသတဲ့။
သူ့ရဲ့ ငယ်ပေါင်းကြီးဖော်နှစ်ယောက်ဖြစ်တဲ့
ဝတ်နဲ့ ရိုလန်တို့်နှစ်ယောက်နဲ့အတူ ပြိုင်ပွဲဆီသွားရင်း
သူ့အတွက် မြင့််မြတ်တဲ့မျိုးရိုးဖြစ်ကြောင်း အတုပြုလုပ်ပေးတဲ့
လောင်းကစားသမား စာရေးဆရာ ဂျော့ဖရေးချောဆာ
အမျိုးသမီးစွမ်းဆောင်ရှင်ပန်းပဲသမကိတ်တို့နဲ့ပါ
ဆုံတွေ့ကာ သူ့အိပ်မက်တွေ
တဖြည်းဖြည်းဖြစ်တည်လာခဲ့တယ်။

လိမ်ညာမှုတစ်ခုနဲ့ သာမန်ကောင်လေးတစ်ယောက်ဟာ
အိပ်မက်တွေနောက်လိုက်ရင်း အချစ်ကိုတွေ့ရှိရင်း
သူပြခဲ့တဲ့ သတ္တိတွေကို စာနာမှုတွေကို ကျွန်တော်တို့
ခံစားရင်း သူ စခဲ့တဲ့စွန့်စားခန်းတွေ ဘယ်လို
အဆုံးသတ်သွားမလဲဆိုတာ ရင်ခုန်စွာကြည့်ကြရမှာပါ။
ကြွေပြီးသား ကြယ်တစ်ပွင့်ရဲ့ လက်ရာခြေရောတွေကို
ခံစားသက်ဝင်လိုက်ကြဦးစို့ရဲ့။

 

 

(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

 

File size__( 1.1 GB)
Quality__BR-Rip 720p
IMDb Rating__6.9/10
Format__mp4
Duration__02:12:09
Type__Action, Adventure, Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)
A Knight’s Tale (2001)


No downloads available

Genres



Related movies