Channel Myanmar

Cyber Heist ( 2023 )

1h 51 min DramaThriller

6.3
IMDB: 6.3/10 265 votes

, , , , , , , , ,

China

290411

Report error

ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့
၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။

နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့
အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း
ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ
ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။
အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊
နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊
ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် – ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။

ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ
မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ
ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို
အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။
ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး
ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ကိစ္စတွေတွေရှုပ်ထွေးနေစဥ်မှာပဲ
ထျန်းကျီမှနည်းပညာရှင် ကျိုးကျားကျွင့်ဟာလဲ ကြိုးကိုင်သူရဲ့
ကြော့ကွင်းထဲကို ကျရောက်သွားပြီး ရောဂါသည်သမီးလေးရဲ့
အသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေ ခံလာခဲ့ရတဲ့ အခါမှာ?

ကျိုးကျားကျွင့်တစ်ယောက် သူတတ်တဲ့ နည်းပညာတွေနဲ့ ဘယ်လိုပြန်လည် တိုက်ခိုက်မှာလဲ ?

အထင်လွဲမှားမှူတွေ လှည့်စားမှုတွေကြားကနေပြီး သမီးငယ်လေးကို
ကယ်တင်ကာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ?
ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။
နည်းပညာတိုးတတ်နေတဲ့ခေတ်ကြီးမှာ AI နည်းပညာတွေကို သုံးပြီး
ဘယ်လိုတွေ မိမိုက်စွာနဲ့ ပဟေဋိပုစ္ဆာတွေကို ဖြေရှင်းသွားမလဲဆိုတာ
သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

(Reviewed By Chit Mya Mya Hmwe)

Quality : WEB-DL 4K , 1080p , 480p
Format : mp4
Genres : Family , Drama
Runtime : 1h 52 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cyber Heist ( 2023 )


No downloads available

Genres



Related movies