Channel Myanmar

From Hell (2001)

From Hell    

R 122 min HorrorMysteryThriller

6.8
IMDB: 6.8/10 136,803 votes

, ,

, , , , , , , , ,

10 nominations.

USA

613690

Report error

CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့

ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့

သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ်

IMDb Rating 6.8 ထိ ရရှိထားပါတယ်

Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ်

ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ

ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ်

သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့

အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့

စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ်

သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ်

ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့…

တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း

တစ်ခုဖြစ်ခဲ့ပါတယ်…

အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား

တစ်ယောက် ရှိနေပြီး ပြည့်တန်ဆာတွေကို သတ်ပြီးရင် လိင်အင်္ဂါကို လှီးယူသွားတက်ပါတယ်

ရဲတွေလဲ အတော် ခေါင်းစားနေပါပြီ ဒီအမှု ကို ဖြေရှင်းနိုင်မယ့်သူကလဲ တစ်ယောက်ပဲ ရှိပါတယ်

သူကတော့ အက်ဗာလိုင်း ပေါ့….

ဇတ်လမ်းက စကြည့်ကတည်းကနေ အဆုံးထိ အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်

အင်္ဂလန်ဘုရင်မကြီး နဲ့ တော်ဝင်မျိုးဆက်တွေ အပါအ၀င် မြန်မာပြည်မှာနာမည်ကြီးတဲ့

ပလျှူးခေါင်းဖြတ် ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဖရီးမေဆင် လို ဂိုဏ်းတွေပါ ပါဝင်လာခဲ့ပါတယ်

Firday ည အတွက် ညစာ လို့ သက်မှတ်ပြီး ကြည့်ရှုနိုင်ပါပြီ…

ဇတ်လမ်းကို မေသူ က ဘာသာပြန်ပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

From Hell (2001)
From Hell (2001)
From Hell (2001)
From Hell (2001)
From Hell (2001)
From Hell (2001)
From Hell (2001)
From Hell (2001)


No downloads available

Genres



Related movies