Channel Myanmar

Content at random


Movies

Strange Wilderness (2008) 5.2
Strange Wilderness (2008) Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie

Strange Wilderness (2008)

.2008
El Conde (2023) 6.6
El Conde (2023) El Conde (2023)~ IMDb - 6.6/10, Rotten Tomatoes - 83% ~ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ ...
movie

El Conde (2023)

2023
Murder Syndicate (2023)
Murder Syndicate (2023)  2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကိုသားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာမရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာအနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီးသူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကိုရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.11 GB / 508MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Murder Syndicate (2023)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
Rebel (2022) 7.5
Rebel (2022) Rebel (2022)~ IMDb - 7.5/10, Rotten Tomatoes - 93% ~2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ...ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash ...
movie

Rebel (2022)

2022
Jane Eyre (2011) 7.3
Jane Eyre (2011) ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ...
movie

Jane Eyre (2011)

Rampage (2009) 6.2
Rampage (2009) Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie

Rampage (2009)

2009
Silent Duel ( 2023 ) 5.9
Silent Duel ( 2023 ) ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်က မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာ HIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်...သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက် သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်..တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင် ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်... HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ.... သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုး အဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Silent Duel ( 2023 )

Robot No. 8 ( 2023 ) 5.7
Robot No. 8 ( 2023 ) CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ အက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့ Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေ တီထွင်လာတဲ့ခေတ်မှာ အကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့ စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခက ကမ္ဘာအပြင်ဘက်ကနေစီလီကွမ် အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကို စက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့ မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီး အဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲ အထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန် ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့ သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီး သူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလို အသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ ကဲဒီတော့ဒီစက်ရုပ်သုတေသန စင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားက ဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီး အသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကော ဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကို ထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။ အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့ စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကို တုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကို မီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Adventure Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Robot No. 8 ( 2023 )

This Must Be the Place (2011) 6.7
This Must Be the Place (2011) စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ ...
movie

This Must Be the Place (2011)

Til Death Do Us Part (2023) 6.0
Til Death Do Us Part (2023) Til Death Do Us Part (2023) ==================== IMDb Rating - 6.0/10သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (490 MB) Quality............WEB-DL ...
movie

Til Death Do Us Part (2023)

2023
Dinosaurs (2023) 8.7
Dinosaurs (2023) Dinosaurs (2023) ================IMDb 8.7/10အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေ အစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာ ဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ...။( ဒီရုပ်ရှင်ကိုတော့ CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…2.8GB / 1.4GB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dinosaurs (2023)

2023
Wilderness Mystery Case ( 2023 ) 6
Wilderness Mystery Case ( 2023 ) ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ...... လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ...... လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime  Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Wilderness Mystery Case ( 2023 )

Desert Chasing Cloud Sword ( 2023 ) 5.7
Desert Chasing Cloud Sword ( 2023 ) CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က သဘောထားကြီးပြီး စိတ်ထားကောင်းတဲ့ နင်တူးမြို့ မြို့သခင်လေးဟာ ရွာပြန်တဲ့လမ်းမှာ အသတ်ခံခဲ့ရပါတယ်။ လက်အောက်က ကိုယ်ရံတော် ကျဲလန်၊ ပိုင်ချင်းနှင့် သူ့သားလေးမော့ကျင်းတို့ဟာလည်း သတင်းအစအနရှာမရအောင်ပျောက်နေခဲ့ပါတယ်။၁၈ နှစ်ကြာပြီးနောက် ရောဂါဖြင့်သေလုဆဲဆဲဖြစ်နေတဲ့ မြို့သခင်ကြီးရဲ့ မြေးရှာကြောင်းကြေညာစာတမ်းက ကန္တာရရဲ့ တည်ငြိမ်မှုကို ဖောက်ခွဲခဲ့ပါတယ်။ ဟေးရွှေမြို့ရဲ့ တစ်မြို့လုံးသိဖြစ်တဲ့ ကျင်းမော့ဟာ အပေါ်ယံမှာတော့ အပျော်မက်သလိုဖြစ်ပေမယ့် စိတ်သဘောထားကောင်းသူတစ်ဦးဖြစ်ပါတယ်။ မကြာခဏ မိဘမဲ့ကလေးတွေနဲ့ အခက်အခဲရှိသူတွေကို ကူညီပေးလေ့ရှိပါတယ်။ကျင်းမော့ဟာ သူ့အမေရဲ့ ရွှေတံဆိပ်ကို လောင်းကစားရုံမှာ ပေါင်မိပြီးနောက် သိုင်းလောကကြေးစားလူသတ်သမားတွေ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ကျင်းမော့ဟာ မွေးစားအမေပိုင်ချင်းရဲ့ အကူအညီဖြင့် အစ်မဖြစ်သူချိုးအာနဲ့အတူ နင်တူးမြို့မှာ အဘိုးကိုရှာဖို့ ထွက်ခွါခဲ့ပါတယ်။ လမ်းတစ်ဝက်က ထျန်းလုံတည်းခိုခန်းမှာ တွေ့ခဲ့တဲ့ ကျဲလန်၊ စီးယွီတို့နဲ့အတူ ကန္တာရအတွင်းကို ခရီးနှင်ခဲ့ပါတယ်။ကျင်းမော့တစ်ယောက် သူ့ဘဝမှန်ကို ပြန်ရနိုင်ပါ့မလား...... သူတို့ရဲ့ ကန္တာရခရီးစဉ်ကရော ဘယ်လို အန္တရာယ်တွေနဲ့ ပြည့်နှက်နေမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုရအောင်နော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Desert Chasing Cloud Sword ( 2023 )

Marisol (2023) 5.6
Marisol (2023) Marisol (2023) ============တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(3.21 GB) / (550 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......EL Encoder..........SWM
movie

Marisol (2023)

2023
Greenhouse (2023) 6.8
Greenhouse (2023) Greenhouse(2023)ပုံမှန်ကြိုးစားလေ့ရှိပေမဲ့ ထင်မထားတဲ့အရာတွေဖြစ်လာတဲ့အချိန်မှာ ကိုယ့်အတ္တကိုရှေ့တန်းတင်မိတာ လူ့သဘာဝပါပဲဒီဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်ရည်မိခင် မွန်းဂျောင်းဟာ အဘိုးအဘွားစုံတွဲတစ်တွဲကို စောင့်ရှောက်ပေးတဲ့အလုပ်လုပ်ရင်းနဲ့ သားနဲ့အတူနေဖို့ ပိုက်ဆံစုနေတာပါသူစောင့်ရှောက်ရတဲ့အဘွားက သူငယ်ပြန်နေပြီး၊ အဘိုးကမျက်စိကွယ်နေတာပါ.. သားသမီးလည်း အနားမှမရှိတော့ မွန်းဂျောင်းကိုပဲ အားကိုးနေရင်းကနေ..တကယ်တမ်းမွန်းဂျောင်းကလည်း အမှားကြီးလုပ်မိတဲ့အခါမှာ အဲဒီအမှားကို ဖုံးကွယ်ဖို့ကြိုးစားရင်း မျက်စိကွယ်နေတဲ့ အဘိုးကြီးကို လှည့်စားရပါတော့တယ်မွန်းဂျောင်းဟာ သူ့လျှို့ဝှက်ချက်ကို ဖန်လုံအိမ်မှာထည့်ထားပြီး ဟန်ဆောင်နေရင်းကနေ နောက်ဆုံးမှာ လိမ်တာတွေပေါ်သွားမလား၊ ဘယ်လိုနောင်တရစရာတွေဖြစ်ကျန်ခဲ့မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွန်း နဲ့ ဘာသာပြန်ကတော့ Joyz ဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p File size… 945MB | 316MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Greenhouse (2023)

2023
Choose Love (2023) 5.1
Choose Love (2023) Choose Love (2023)အသက် ၂၀ နဲ့ ၃၀ ကြားဆိုတာ ဘဝတိုးတက်ရေး နဲ့ right person soulmateဆိုတာတွေကြား လမ်းပျောက်လို့ကောင်းတဲ့အရွယ်ပေါ့။ တစ်ယောက်ယောက်ကိုရွေးချယ်မှဖြစ်မှာလား? တစ်ယောက်ထဲနေသွားပြီးhappy endingဖြစ်လို့ရောမရဘူးလား...?ကယ်မီက တက်ကြွပြီး အလုပ်ကြိုးစားတဲ့ အသံဖမ်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ ကိုယ် အကြာကြီး လက်တွဲလာတဲ့သူက Right person ဟုတ်ရဲ့လား မသေချာဘဲ အိမ်ထောင်သည်ဘဝ ကို ဝင်ဖို့ တွန့်ဆုတ်နေတဲ့အချိန် ဘဝထဲကို နောက်ထပ်လူနှစ်ယောက် ရောက်လာတဲ့အခါ ကယ်မီတစ်ယောက်ဘယ်လိုရွေးချယ်မှုတွေလုပ်သွားမလဲ လက်တွဲဖော် ရှာတွေ့သွားမလား? နောက်ဆုံးတစ်ယောက်ထဲပဲတောက်ပသွားမလား? ဇာတ်လမ်းကြည့်ရင်း ကယ်မီနဲ့အတူတူရွေးနိုင်ပါပြီ...အညွန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 734MB Format… mp4 Duration….1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hnin Ei Pai Encoder ...
movie

Choose Love (2023)

2023
Tumbal Kanjeng Iblis(2022) 6.5
Tumbal Kanjeng Iblis(2022) Tumbal Kanjeng Iblis(2022)*************************မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလိုကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် ...မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,,ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီးတီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် ...သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်...အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်းအိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာဘယ်လိုအရာတွေ ရှိနေတာလဲ.... သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်ကဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ...။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူးအသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI
movie

Tumbal Kanjeng Iblis(2022)

[18+] Beautiful Sisters: Flesh Slave (1986) 6.2
[18+] Beautiful Sisters: Flesh Slave (1986) ရီကိုဟာ သွားဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူ ကျိုကိုကတော့ သူ့ဆေးခန်းမှာ စာရေးမအဖြစ် ကူညီပေးနေပါတယ်။တစ်နေ့မှာတော့ သူတို့ညီအစ်မဆေးခန်းထဲကို ဝရမ်းပြေး လူဆိုးတစ်ယောက် လူနာယောင်ဆောင်ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကိုချုပ်နှောင်ဖမ်းဆည်းထားပါတော့တယ်။ဒီလူဆိုးဟာ ချေးငွေလုပ်ငန်းတစ်ခုက ငွေတွေကိုဘုံးပြေးလာတာဖြစ်ပြီး ရဲတွေလက်ကလွတ်အောင် သူတို့ဆီကိုလာပုန်းအောင်းနေတာပါ။ ပုန်းအောင်းနေတဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာနည်းမျိုးစုံနဲ့စော်ကားနှိပ်စက်ရာက နဂိုကတည်းက မိန်းမချင်းသာ စိတ်ဝင်စားတဲ့ညီအစ်မဟာ ဒီလူဆိုးလက်ကလွတ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။နှောင်းပိုင်းကာလ pink film တစ်ကားဖြစ်ပြီး ကြိုးတုပ်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေ အပြင် ဖော်ပြလို့မကောင်းတဲ့ကွက်ကွက်ကွင်းကွင်းပြကွက်တွေပါဝင်တဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် မင်းသမီးနှစ်ယောက်လုံးကလည်း တော်တော်လှတဲ့အတွက်ကြည့်ရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(2.1 GB) / (730 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:10:09 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated by ALS
movie

[18+] Beautiful Sisters: Flesh Slave (1986)

Genres

Archives