Channel Myanmar

Content at random


Movies

Step Brothers (2008) 6.9
Step Brothers (2008) အသက်၄၀ အရွယ် အလုပ်ကိုင်မဲ့ ဖခင်ဖြစ်သူနဲ့ ‌နေနေတုန်းဖြစ်တဲ့ ဒေးနဲ့အသက်၃၉ အရွယ် အလုပ်မရှိ မိခင်နဲ့ နေနေတုန်းဖြစ်တဲ့ ဘရန်နန်, တစ်နေ့မှာတော့ ကံကြမ္မာလို့ပဲပြောရမလားသူတို့ရဲ့ မိဘနှစ်ယောက် ပွဲတစ်ပွဲမှာ ဆုံစည်းချစ်ကျွမ်းဝင် လက်ထက်ဖို့အထိပါဖြစ်လာတဲ့အခါဒေးနဲ့ ဘရန်နန်တို့နှစ်ယောက် တစ်အိမ်တည်းအတူတူနေဖို့ဖြစ်လာ‌ပါတော့တယ်ဒါပေမယ့် ဖအေမတူ အမေကွဲညီအကိုနှစ်ယောက်ဖြစ်တဲ့အလျောက်မတည့်တာတော့မထူးဆန်းပေမယ့်သူတို့ ဒီလိုအခက်အခဲတွေကနေ ဘယ်လိုမျိုး‌ကျော်ဖြတ်ကြမလဲဘယ်လိုခင်မင်သွားကြမလဲဆိုတာကိုဟာသ ဆန်ဆန်လေးရိုက်ထားတာဖြစ်လို့ ပရိတ်သတ်တို့မပျင်း‌ရအောင် ရယ်နေရမှာပဲဖြစ်ပါတယ်မြည်းစမ်းကြည့်ကြပါဗျာလို့ပဲစကားပါးလိုက်ပါတယ်ဗျာ File size…  1.6 GB /  770 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....   Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Step Brothers (2008)

2008
The Truth About Emanuel (2013) 6.0
The Truth About Emanuel (2013) The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thrillerဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါသူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြောင်းလာပါတော့တယ်မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာအကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကိုမြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာကစိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်းလူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလားအိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရောဘာတွေဖြစ်မလဲဆိုတာကိုဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်   File size…  1.3 GB /  625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO
movie

The Truth About Emanuel (2013)

2013
Creation of the Gods I: Kingdom of Storms ( 2023 ) 7.4
Creation of the Gods I: Kingdom of Storms ( 2023 ) 2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ Creation of the Gods I: Kingdom of Storms ( 2023 ) ကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ...ဒါရိုက်တာ Wuershan ရိုက်ကူး တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ထဝင်မြောက် ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာတရုတ်ပြည်ရဲ့ နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ်Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ် ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ်ကြပြီးတော့ တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊ နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ဇာတ်လမ်းကတော့... အမြီး ၉ ချောင်းမြေခွေးဖြစ်တဲ့ စူးတာကျိမိဖုရားနဲ့ ရှန်းဘုရင်တို့ကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခရောက်ပြီး လောကတခွင်ကို မိစ္ဆာနတ်ဆိုးတွေနှောက်ယှက်ဖျက်ဆီးနေကြတာကြောင့် နတ်တွေကဝိုင်းဝန်းတားဆီးဖို့ ဖြစ်လာတဲ့အခါ....။ရှေးခေတ်က လူသားတွေ မိစ္ဆာတွေ နတ်ဘုရားတွေကြားက ဒဏ္ဍာရီစစ်ပွဲတွေအကြောင်းကို စိတ်လှုပ်ရှားစွာကြည့်ရှုခံစားရမယ့် ရုပ်ရှင်အလန်းစားစစ်စစ်ကြီးဖြစ်ပါကြောင်း။ IMDb Rating (7.4) ထိ ရရှိထားပါတယ်။ Quality ...
movie

Creation of the Gods I: Kingdom of Storms ( 2023 )

4K HEVC
[18+] Nobody’s Hero (2022) 6.3
[18+] Nobody’s Hero (2022) Nobody's Hero (2022)~ IMDb - 6.3/10, Rotten Tomatoes - 65% ~"ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ပါ"ဒီရုပ်ရှင်ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ ပြင်သစ် ဟာသကားတစ်ခုပါ။ ဟာသတွေကလည်း အတည်ပေါက်ကြီး ဖောက်ထားတာတွေဆိုတော့ ကြည့်ရင်း ပြုံးစိစိဖြစ်စရာတွေပါပဲ။ရုပ်ရှင်စလာကတည်းက အတော်ကိုစားပါတယ်။ မီဒရစ်ဟာ ပြည့်တန်ဆာတစ်ယောက်ကို ချစ်မိသွားပြီဆိုပြီး ပိုက်ဆံမယူဘဲ သူနဲ့အတူအိပ်ဖို့ ‌ဈေးညှိတယ်။ သူက သူများခန္ဓာကိုယ်ကို ငွေနဲ့ဝယ်တာ မလန်းဘူးထင်တယ် ဘာညာပေါ့။ ပြည့်တန်ဆာဖြစ်တဲ့ အီဆာဒိုရာကလည်း လက်ခံလိုက်တယ်။ ဖြစ်ချင်တော့ အီဆာဒိုရာကလည်း ယောက်ျားနဲ့၊ သူ့ယောက်ျားက သူ့ရဲ့ ချိတ်ပေါ့လေ။ အဲဒီလိုနဲ့ သူတို့ကြား တိုင်တွေပတ်ပါရောလား။အဲဒီလိုဖြစ်နေတုန်းမှာပဲ သူတို့မြို့မှာ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်။ အစွန်းရောက်တွေရဲ့လက်ချက်ဆိုပြီး တမြို့လုံးကြောက်နေကြတဲ့အချိန်မျိုးပေါ့။ အဲဒီမှာ မီဒရစ်ရဲ့အိမ်ရှေ့ကို အိမ်ခြေရာမဲ့ အာရပ်ကောင်လေးတစ်ယောက်ရောက်လာတယ်။ မီဒရစ်ကတော့ သူ့ကိုအကြမ်းဖက်သမားလို့ သံသယဝင်နေသေးတာပေါ့။ ဒါပေမဲ့လည်း သနားတာနဲ့ လှေကားရင်းမှာ ...
movie

[18+] Nobody’s Hero (2022)

2022
Natty Knocks (2023)
Natty Knocks (2023)  ဒီဇာတ်ကားက ၂၀၂၃ ထွက်  horror / Thriller ဇာတ်ကားသစ်ပါ။ဇာတ်လမ်းက Slasher themeလည်းပါသလို witch craft​တွေနဲ့Horrorအ​ငွေ့အသက်​တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းက​တော့ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂​ယောက်နဲ့သူ့ရဲ့က​လေးထိန်း ဘရစ်တို့ဟာ မ​မျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကိုမျက်မြင်တွေ့ခဲ့ပြီး​​နောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကိုခံခဲ့ရပါတယ်။ သူ့လက်​က​ လွတ်​အောင်ကြိုးစားရင်း လူသတ်သမားဖြစ်သူရဲ့ ဘဝ​ဇာတ်ကြောင်းနဲ့ သူတို့​ရဲ့မြို့​လေးမှာ အရင်ကဖြစ်ခဲ့တဲ့မှုခင်းတခုအ​ကြောင်းပါ မီးခိုး​ကြွက်​လျှောက်​ပေါ်လာပါ​တော့တယ်။သူတို့၃​​ယောက် လူသတ်သမားဆီက လွတ်​​အောင်​ ပြေးနိုင်မှာလား။အဲဒီလူကဘာလို့လူ​သတ်​နေတာလဲ၊ သူ့​နောက်​​ကြောင်းကို သူတို့​တွေ​​ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။  File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Natty Knocks (2023)

Anel Meley Pani Thuli (2022) 6.9
Anel Meley Pani Thuli (2022) Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော် မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်‌‌နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်‌ယောက်ပါသူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်‌ယောက်ဆိုလည်း မမှားပါဘူး။တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)က ကြားဝင်‌ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကို မာသီသိသွား‌တော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့ မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ....တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာ ဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက် ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး...(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ ...
movie

Anel Meley Pani Thuli (2022)

2023
The Irishman (2019) 8.7
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie

The Irishman (2019)

2019
4K HEVC
Ayothi (2023) 8.3
Ayothi (2023) Ayodhi (2023)IMDb-8.3/10အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ...?ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့ အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစု ဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ်ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်... သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ်ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား... ကိုယ်ချင်းစာနာစိတ်‌ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alexia ~ Dee ~ KKKZ တို့ပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alexia ~ Dee ~ KKKZ
movie

Ayothi (2023)

2023
Theater Camp (2023) 7.2
Theater Camp (2023)  ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကိုစခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ပြဇာတ်စခန်းလေးရှိတယ်ပေါ့....။ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့...သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ...။သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ...။ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ...။ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ...။အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်...။သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ...။ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ...၊အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ...ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့်Musical Comedy movieလေးဖြစ်ပါတယ်...။ File size…3.18 GB / 1.03GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Theater Camp (2023)

American Outlaws (2023) 5.5
American Outlaws (2023)  American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန်ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကိုအသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင်ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင်မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ်လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်ကသုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်းသူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့်လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယိုတွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကိုကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေးမောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေးဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

American Outlaws (2023)

30 Days of Night(2007) 7.0
30 Days of Night(2007) 30 Days of Night(2007)********************ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလိုဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်...ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်းပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်...အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် ...နိုဝင်ဘာလပေါ့...ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းကတောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ  မြို့ခံလူတွေဟာ တဖြည်းဖြည်းအကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်းမြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာမြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့...File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre :  Action, Adventure, Horror Subtitle : Myanmar ...
movie

30 Days of Night(2007)

Mechamato Movie (2022) 7.8
Mechamato Movie (2022) Mechamato movie 2022Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့ စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင် ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ် မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက် စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။ တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာ ကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက် စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့ စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~ToMo~BpL~YH တို့ပဲဖြစ်ပါတယ်။) File size…2.6GB/ 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~ToMo~BpL~YH
movie

Mechamato Movie (2022)

2022
Strange Wilderness (2008) 5.2
Strange Wilderness (2008) Strange Wilderness (2008) ====================ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း - ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ...
movie

Strange Wilderness (2008)

.2008
El Conde (2023) 6.6
El Conde (2023) El Conde (2023)~ IMDb - 6.6/10, Rotten Tomatoes - 83% ~ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ ...
movie

El Conde (2023)

2023
Murder Syndicate (2023)
Murder Syndicate (2023)  2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကိုသားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာမရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာအနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီးသူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကိုရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.11 GB / 508MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Murder Syndicate (2023)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
Rebel (2022) 7.5
Rebel (2022) Rebel (2022)~ IMDb - 7.5/10, Rotten Tomatoes - 93% ~2013 နဲ့ 2016 အတွင်း ဆီးရီးယားမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန်တွေပေါ်အခြေခံထားတဲ့ ကြေကွဲဖွယ် ရုပ်ရှင်တစ်ကားပါ။ကာမယ်ဟာ ညီလေး နာဆင်၊ မိခင် လေလာတို့နဲ့ ဘယ်ဂျီယံမှာနေပြီး ကာမယ်က ရက်ပါလူဆိုး ဆေးမှုတွေဖြစ်တဲ့အတွက် မိခင်နဲ့ အဆင်မပြေပါဘူး။ တစ်ခါမှ ဒီကိစ္စတွေနဲ့ပဲ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး သူ ကောင်းတာလုပ်တာသက်သေပြဖို့ ဆီးရီးယားကို ထွက်သွားခဲ့ပါတယ်။အစက စစ်ကြောင့်နစ်နာသူတွေကို ကူညီဖို့လာတာပေမဲ့ ရောက်တဲ့အချိန်မှာ စစ်ထဲ အတင်းအကြပ် အသွင်းခံရပါတယ်။ ဆီးရီးယားက ပုန်ကန်သူအကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ အယူမှားတွေ မိန်းကလေးတွေကို ကျွန်ပြုတာတွေ အမှန်တိုင်းသိလာပြီး ထွက်ပြေးဖို့ကြံခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ပြန်မိသွားတဲ့အခါ...ကျန်ခဲ့တဲ့ ညီလေး နာဆင်ကလည်း စစ်သားစုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားပြီး သူတို့ ဝါဒဖြန့်တာ၊ Brainwash ...
movie

Rebel (2022)

2022
Jane Eyre (2011) 7.3
Jane Eyre (2011) ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ...
movie

Jane Eyre (2011)

Rampage (2009) 6.2
Rampage (2009) Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie

Rampage (2009)

2009
Silent Duel ( 2023 ) 5.9
Silent Duel ( 2023 ) ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်က မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာ HIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်...သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက် သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်..တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင် ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်... HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ.... သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုး အဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Silent Duel ( 2023 )

Genres

Archives