Channel Myanmar

Content at random


Movies

The List (2023) 5.3
The List (2023) The List (2023)~ IMDb - 5.3/10, Rotten Tomatoes - 96% ~"Celebrity Free Pass" ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ...
movie

The List (2023)

2023
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
Infinity (2023) 8.1
Infinity (2023) Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie

Infinity (2023)

2023
Asura : The War of the Beehair (2023)
Asura : The War of the Beehair (2023) Asura : The War of the Beehair (2023)ဟွမ်ဆော့မီဆိုတဲ့အမျိုးသမီးက ထောင်ထဲမှာ ခေါင်းဆောင်လည်းဖြစ်တယ် ဆရာကြီးအဆင့်ထိရောက်နေတဲ့သူ.. အဲလိုလူကို မျက်စိဆံပင်မွှေးစူးတဲ့သူက ပြဿနာအိုး သူဌေးသမီးဟန်ဆိုဟီး..ဟန်ဆိုဟီးက ထောင်ထဲရောက်တာတောင် ထောင်စောင့်တွေ ထောင်ဦးစီးတွေကို လာဘ်ထိုးပြီး ဘုရင်မတစ်ပါးလိုနေတာ သူ့ကို အပြင်ကမိသားစုကလည်း ထုတ်မပေးတော့ ထောင်ထဲမှာ ပန်ကာ့ထိပ်က ဝက်အူလိုနေရင်း ပြဿနာတစ်ခုပြီးတစ်ခုရှာတော့တာပဲဟန်ဆိုဟီးကိုလည်း ဟွမ်ဆော့မီက သဘောမတွေ့တော့ နောက်ဆုံး လိုက်စုံစမ်းရင်းနဲ့ ဟန်ဆိုဟီးထောင်ထဲမှာတောင် တရားမဝင်တဲ့အလုပ်လုပ်နေတာကို သိသွားတဲ့အချိန်မှာ ဟွမ်ဆော့မီက ဘယ်လိုဖော်ထုတ်မလဲ ဘယ်လိုဖိုက်ကြမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်ထောင်ထဲမှာ အကျဉ်းသားအချင်းချင်းရော၊ ရဲတွေရော ထောင်စောင့်တွေရော ပိုက်ဆံကြောင့် မတရားမှုတွေကိုလုပ်တတ်ကြောင်းကို မီးမောင်းထိုးပြထားတာမို့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…925MB | 437MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ...
movie

Asura : The War of the Beehair (2023)

2023
Babaylan (2023)
Babaylan (2023) Babaylan (2023)Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီး အ‌ဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီး နယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။ အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Fantasy Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

Babaylan (2023)

2023
Handsome (2023)
Handsome (2023) Handsome (2023)မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါအဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ်တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ်အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder .....Aaron
movie

Handsome (2023)

2023
Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
Yung Libro sa Napanood Ko (2023)
Yung Libro sa Napanood Ko (2023) Yung Libro sa Napanood Ko (2023)ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။ မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။ သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့ အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။ အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီး စာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။ အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့ စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။ အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ အိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Yung Libro sa Napanood Ko (2023)

2023
Teenage Mutant Ninja Turtles: Mutant Mayhem (2023) 7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023) Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie

Teenage Mutant Ninja Turtles: Mutant Mayhem (2023)

2023
4K HEVC
Owning Mahowny (2003)
Owning Mahowny (2003) Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie

Owning Mahowny (2003)

2003
Dylan & Zoey (2022)
Dylan & Zoey (2022) Dylan & Zoey (2022)=================ဖတ်ဖူးတဲ့စာသားလေးရှိတယ်။ ပုဆိန်ကမမှတ်မိပေမဲ့ သစ်ပင်ကမမေ့ဘူးတဲ့။လုပ်တဲ့သူကတော့ သူတို့လုပ်ခဲ့တာတွေကို မေ့ပြီးနေနိုင်ပေမဲ့ ခံရတဲ့သူမှာတော့အလဲလဲအကွဲကွဲပါပဲ။ဇိုဝီနဲ့ ဒီလန်က အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်။ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာသွားပြီး ပြန်ဆုံကြတဲ့အခါမှာ လောကဓံရဲ့ထုထောင်းမှုကြောင့် နှစ်ယောက်သားက ဒဏ်ရာတွေကိုယ်စီနဲ့ပါ။ အတိတ်ရဲ့အရိပ်မည်းကြီးအောက်ကနေ ရုန်းမထွက်နိုင်တဲ့ သူတို့နှစ်ယောက်က အချင်းချင်းဘယ်လိုကူညီပေးကြမလဲ။ ဘယ်လိုကုစားပေးကြမလဲ။ သင်ဆိုရင်ရော သင့်သူငယ်ချင်းအတွက် ဘယ်အတိုင်းအတာထိ ပေးဆပ်နိုင်မလဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......EL Encoder..........SWM
movie

Dylan & Zoey (2022)

2022
The Kite Runner (2007) 7.6
The Kite Runner (2007) The Kite Runner (2007) ================== IMDb Raitng - 7.6/10လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာ ကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့် သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူ သွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရ တဲ့ သူငယ်ချင်းအချစ်ပေါ့။ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာ ရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင် ထုတ်ရက်ရတာလား။အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလို အားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေး တစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာ ကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ ...
movie

The Kite Runner (2007)

2007
Dark Floors (2008) 4.4
Dark Floors (2008) Dark Floors (2008) ================ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေ ဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။ ကံဆိုးချင်တော့ စက်ထဲမှာ ရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်း ပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။ သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့ လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။ သူတို့ ၃ယောက် အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့် သွားခဲ့ပါတယ်။ ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီး ခြောက်ကပ်လို့နေတာပေါ့။ သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်း မမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ.......ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loop လိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ် ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.12 GB) / (436 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Dark Floors (2008)

2008
Bedeviled (2016) 4.2
Bedeviled (2016) Bedeviled (2016) =============ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File ...
movie

Bedeviled (2016)

2016
Metalocalypse: Army of the Doomstar (2023) 6.8
Metalocalypse: Army of the Doomstar (2023) Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating - 6.8/10American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ "Metalocalypse: The Doomstar Requiem" ရဲ့ Sequel ဖြစ်တဲ့ "Metalocalypse: Army of the Doomstar"(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့"Song of Salvation"ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ "Song of Salvation"ဆိုတာ ...
movie

Metalocalypse: Army of the Doomstar (2023)

2023
Reinventing Elvis: The 68′ Comeback (2023) 7.8
Reinventing Elvis: The 68′ Comeback (2023) Reinventing Elvis: The 68' Comeback (2023) ================================ IMDb Rating - 7.8/10Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis ...
movie

Reinventing Elvis: The 68′ Comeback (2023)

2023
Ruined (2023) 4.0
Ruined (2023) Ruined (2023) ===========ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင် ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်း ဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေ ပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ် ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူ ဆင့်တော့တာပေါ့။ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျား ဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက် ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေ အကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thettti Tun ဖြစ်ပါတယ်)File Size..........(1.3 GB) / (473 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator......Thettti Tun Encoder..........SWM
movie

Ruined (2023)

2023
The More Love Grows (2023) 6.4
The More Love Grows (2023) The More Love Grows (2023)The More Love Grow(2023) ဆိုတဲ့ ဇာတ်လမ်းလေးဟာ Romance အမျိုးအစားဒရာမာကားလေးဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး ဂရုစိုက်လေအချစ်တိုးလာလေဖြစ်တဲ့အခါမျိုးရှိသလို၊ အချစ်ဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတာလည်းရှိတတ်ပါတယ်။ ဒီလိုပါပဲ ဒီဇာတ်လမ်းလေးမှာ ဟယ်လန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းဖြစ်သူရဲ့ကွာရှင်းမှုကြောင့် စိတ်ဓာတ်တွေကျပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင် သူ့ကိုကုစားပေးမယ့်အရာကဘာလဲ။ဟုတ်ကဲ့ဆက်ပြီးရှူစားပေးကြပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 678MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

The More Love Grows (2023)

2023
Stories Not to be Told (2023) 6.2
Stories Not to be Told (2023) Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Stories Not to be Told (2023)

2023
Família (2023)
Família (2023) Familia (2023)ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ ...
movie

Família (2023)

2023

Genres

Archives