Channel Myanmar

Content at random


Movies

Bloody Daddy (2023) 8.9
Bloody Daddy (2023) Bloody Daddy (2023) ******************************** IMDb-8/10Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့ မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။ Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ‌ငွေစက္ကူတုတွေ ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ် ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊ မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။ အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို ဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီး သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနက အရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့ ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက် သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik San,Bpl,Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 940MB Quality…1080p WEBDL  / 720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Sai~Thaik San~Bpl~ Yunni
movie

Bloody Daddy (2023)

2023
Hanna (2011) 6.8
Hanna (2011)  Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie

Hanna (2011)

Embarrassing Dad 5.9
Embarrassing Dad ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် ဖခင်မေတ္တာကို ခံစားစေရမဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက-ဆင်းရဲကျပ်တည်းနေပြီး လမ်းပျောက်နေတဲ့ မျက်လှည့်ဆရာ ဟယ်ထျန်းချိုင်ဟာ မွေးစားသမီးလေး ဟယ်ကျားကျားနဲ့အတူ ဆင်းရဲခက်ခဲသော်လဲ ကြိုးစားရှင်သန်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ ကျားကျားရဲ့ အဖိုးအရင်းဖြစ်သူက ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ဟယ်ထျန်းချိုင်ဆီ ငွေ ၁၀ သိန်းပေးပြီး လာတောင်းပါတယ်။ဟယ်ထျန်းချိုင်က သဘောမတူတဲ့အတွက် အဖိုးက ဟယ်ထျန်းချိုင်ကို တရားစွဲခဲ့ပါတယ်။ ဝင်ငွေ အတည်တကျမရှိတဲ့ ဟယ်ထျန်းချိုင်တစ်ယောက် ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ရဖို့အတွက် အလုပ်မျိုးစုံ လုပ်ရန် ကြိုးစားသော်လဲ မအောင်မြင်ခဲ့ပါဘူး။မျော်လင့်ချက်ပျောက်နေတဲ့ ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးအစီအစဉ်ရဲ့ ကြော်ငြာကို တွေ့သွားတဲ့အခါ သူ့ရဲ့ မျက်လှည့်ပညာကို တစ်ဖန်ပြန်လည် အသုံးချနိုင်ဖို့ အခွင့်အရေး ရလာပါတယ်။ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလား...... ငွေများ တရားနိုင်ဆိုသလို ကျားကျားရဲ့ အဖိုးကိုရော တော်လှန်နိုင်ပါ့မလား...... သူ့ရဲ့ အိမ်နီးချင်းတွေ သူတို့ သားအဖအပေါ်ထားတဲ့ စေတနာတွေ မေတ္တာတွေကိုလဲ ရုပ်ရှင်လေးကတစ်ဆင့် ခံစားကြည့်ရှုနိုင်ပါပြီ။ Quality : WEB-DL 1080p , 480p Format : ...
movie

Embarrassing Dad

Assassination Games (2011) 6.1
Assassination Games (2011)  အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်ရတာတန်စေမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ဗင်းဆင့်ဆိုတဲ့သူက Hitmanအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာမှာ အမှားအယွင်းမရှိသူအဖြစ်နာမည်ကြီးတစ်ယောက်ပါ။တစ်ရက်မှာတော့ မူူးယစ်ရာဇာပိုလိုတစ်ယောက်ထောင်ကနေထွက်လာပြီမလို့ လက်စဖျောက်ပေးဖို့ အလုပ်လက်ခံခဲ့ရပါတယ်။ သေချာစီစဉ်ထားတဲ့သူ့ရဲ့အလုပ်မှာ ဖလင့်ဆိုတဲ့လူတစ်ယောက်ကြောင့် အမှားဖြစ်ခဲ့ရပြီး ဖလင့်ကဘယ်လိုကြောင့်ပိုလိုကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာကို ဇာတ်လမ်းထဲမှာပဲအဖြေရှာကြည့်လိုက်ရအောင်ပါ။ Action , Thriller အမျိုးအစားဖြစ်ပြီး IDMB rating မှာလဲ ၆ကျော်ရထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 713MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Assassination Games (2011)

Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023) Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie

Ponniyin Selvan: Part II (2023)

4K HEVC
Ponniyin Selvan: Part I (2022) 8.3
Ponniyin Selvan: Part I (2022) Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie

Ponniyin Selvan: Part I (2022)

2022
4K HEVC
Bakasuran (2023) 6.3
Bakasuran (2023) Bakasuran (2023) ************************** IMDb-6.3/10Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်း‌ရေး ဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီး တင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ်တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ် ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာက သူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေ သိလာရ‌တာတွေကတော့ ရိုးရှင်းမနေပါဘူးဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့ မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ်အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein, Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။ File size…3.6GB  / 1.3GB Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~ Yunni~ Thaik San~ Nyein ~ Zwe Yan ~chiclon3
movie

Bakasuran (2023)

2023
Dear Zindagi (2016) 8.5
Dear Zindagi (2016) Dear Zindagi (or) The Best Bollywood Movie in 2016နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။ မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။ မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။ သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။ Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ ...
movie

Dear Zindagi (2016)

2016
1080p HEVC
MobKing (2023) 6.5
MobKing (2023) ၂၀၂၃ မေလကမှအသစ်ထပ်မံထွက်ရှိလာတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မိုက်ခ်ဝှိုက်ဟာသိပ်မကြာခင်ထောင်ကလွတ်တော့မယ့်သစ္စာရှိဂန်းစတားတစ်ဦးဖြစ်ပါတယ်။မိန်းမနဲ့သမီးနဲ့အတူပျော်ရွှင်စရာမိသားစုတစ်ခုထူထောင်တော့မယ်ဆိုတဲ့စိတ်နဲ့ထောင်ကလွှတ်လာတဲ့ မိုက်ခ်ဝှိုက်တစ်ယောက် မနာလိုသူတစ်ဦးရဲ့ချောင်းမြောင်းလုပ်ကြံမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ မိမိအားလုပ်ကြံသူမှာ မိမိသစ္စာရှိရှိလုပ်ကိုင်ပေးခဲ့တဲ့ဂိုဏ်းအဖွဲ့ကဖြစ်နေမှန်းသိလိုက်တဲ့အခါ မိုက်ခ်ဝှိုက်တစ်ယောက် ပုန်းရှောင်ရမလား၊ပြန်လည်ခုခံရမလား ဆိုတဲ့ဘေးကျပ်နံကျပ်အ‌ခြေအနေကိုရောက်ရှိလာပါတယ်။ မိသားစုရဲ့အသက်ဘေးကိုပါစိုးရိမ်လာရတဲ့အခြေအနေမှာ မိုက်ခ်ဝှိုက်တစ်ယောက်ဘာလုပ်မလဲဆိုတာကို ယခု ဒီ Mobking ဆိုတဲ့ရုပ်ရှင်လေးမှာစောင့်စားကြည့်ရှုကြပါအုံးခင်ဗျာ။ File size…(1.25 GB)/(555 MB)/(310 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM 
movie

MobKing (2023)

Dead Man Down (2013) 6.4
Dead Man Down (2013)  “ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.  File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie

Dead Man Down (2013)

Attack the Block (2011) 6.7
Attack the Block (2011)  ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie

Attack the Block (2011)

Finale (2018) 4.7
Finale (2018) Finale (2018) ===========လူတိုင်းရဲ့စိတ်ခံစားချက်တွေက တစ်ယောက်နဲ့တစ်ယောက်ကွဲပြား နေတတ်ပါတယ်။ တဖက်လူရဲ့ပျော်ရွှင်မှုကြောင့် ပီတိဖြစ်ရတဲ့လူတွေ ရှိသလို တဖက်လူရဲ့နာကျင်ခံစားရမှုကြောင့် ဝမ်းသာနေကြတဲ့သူတွေ လည်း တစ်ပုံကြီးပါပဲ။ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက စိတ္တဇဆန်တဲ့ဇာတ် လမ်းလို့ပြောရမလား ဓာတ်ဆီဆိုင်မှာ ညဆိုင်းဆင်းနေကြတဲ့ မိန်းက လေးနှစ်ယောက်ကို အသာပေးရိုက်ကူးထားပြီး လူသားတို့ရဲ့စိတ်ချောက် ချားမှုတွေ၊ အကြောက်တရားနဲ့ကြုံတွေ့လာတဲ့အခါ ဖြစ်‌ပေါ်လာတဲ့ ခံစားချက်တွေ၊ တဖက်သားနာကျင်မှုကို ‌‌ပျော်မွေ့နေတတ်တဲ့သူတွေ စတဲ့ အမျိုးမျိုးသောစိတ်ခံစားချက်တွေကို ကြည့်ရှုရမှာပါ။ ဇာတ် ကောင်တွေအများကြီးသုံးထားတာမျိုးမရှိဘဲ လူတွေရဲ့မကောင်းတဲ့ ဗီဇစိတ်ကို ပေါ််လွင်အောင်ရိုက်ပြထားတာဖြစ်လို့ Horror ဆန်ဆန် Mystery ဆန်ဆန်ကြိုက်တဲ့ဘော်ဒါတို့အတွက် ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.45 GB) / (590 MB) / (329 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......ZWT Encoder..........SWM
movie

Finale (2018)

2018
Rushmore (1998) 7.6
Rushmore (1998) Rushmore (1998)~ IMDb - 7.6/10, Rotten Tomatoes - 90% ~ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity ...
movie

Rushmore (1998)

1998
Rich in Love 2 (2023)
Rich in Love 2 (2023) Rich in Love 2 (2023)ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံတွေအကြောင်းပေါ့။အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် ...
movie

Rich in Love 2 (2023)

2023
Praise This (2023) 5.9
Praise This (2023) Praise This IMDb 5.7ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ...ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ...ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်...ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်...လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်...ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun ...
movie

Praise This (2023)

Padre Pio (2022) 5.0
Padre Pio (2022) Padre Pio (2022) =============အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM
movie

Padre Pio (2022)

2022
Abduction (2011) 5.7
Abduction (2011)  နေသန်ဆိုတဲ့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်.ပျော်ပျော်နေတတ်တယ်. သူငယ်ချင်းတွေနဲ့ကဲလိုက်.မိဘတွေဆူတာခံလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့သူတစ်ယောက်ပါပဲ။ကျောင်းကအိမ်စာလုပ်ခိုင်းတဲ့ပရောဂျက်အတွက် ဝက်ဆိုက်တွေလိုက်ရှားရင်း ပျောက်ဆုံးသူများဝက်ဆိုက်ဘ်မှာ သူနဲ့တူတဲ့ကောင်လေးတစ်ယောက်ပုံကိုတွေ့ရာကနေ သူ့ဘဝကရုတ်တရက်ဆိုသလိုပဲကမောက်ကမတွေဖြစ်ကုန်ပြီး သူ့နောက်ကိုလိုက်နေတဲ့ လူသတ်သမားတွေလက်ကနေ ထွက်ပြေးပုန်းရှောင်ရတဲ့အထိကိုဖြစ်လာရပါတော့တယ်. မင်းသားနေရာမှာတော့ Twilight ကားထဲက ခပ်မိုက်မိုက်နဲ့အထာကျတဲ့Taylor Lautner သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ အားလုံးရဲ့အသည်းကျော် Emily in Paris ထဲကမမlily Collins ပဲဖြစ်ပါတယ်. သူတို့နှစ်ယောက်ကဒီဇာတ်ကားထဲမှာတော်တော်လေးလိုက်တာနော်.Action , Mystery နဲ့Thrillerအမျိုးအစားဖြစ်ပြီး ကြာချိန် ၁နာရီနဲ့ ၄၆မိနစ်ရှိပါတယ်  File size…2.08GB / 875MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Abduction (2011)

The Incredible Melting Man (1977)
The Incredible Melting Man (1977)  1977 ကထဲကထွက်ရှိထားတဲ့ horror & sci-fi ရုပ်ရှင်ဖြစ်ပြီး IMDb ကတော့ 4.2/10 ပါ 20ရာစုအတွင်းမှာ လူတွေဟာအာကာသထဲကိုစတင်ခြေဆန့်ခဲ့ကြပြီးအဲ့နှစ်‌တွေမှာထုတ်လုပ်ခဲ့ကြတဲ့အာကာသနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးထဲကတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းမှာတော့ စနေဂြိုလ်ကိုအာကာသယာဥ်တစ်စင်းလွှတ်တင်လိုက်ရာကနေမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့်အာကာသယာဉ်မှူးတစ်ယောက်ဟာအရည်ပျော်နေတဲ့လူအဖြစ်ကိုပြောင်းသွားခဲ့ပြီးသူဘာတွေဆက်လုပ်မလဲ၊ဘာတွေဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့ရွံစရာဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်သည်းခြေမခိုင်တဲ့သူတွေမကြည့်သင့်ပါဘူး File size…(2.0 GB)/(933 MB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror , Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

The Incredible Melting Man (1977)

The Blue Caftan (2023) 7.7
The Blue Caftan (2023)  ဒီနေ့မှာတော့ Morocco နိုင်ငံမှာ အခြေတည်ထားပြီး ဆုတွေလည်း အများကြီးရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ Halim နဲ့ Mina တို့ ဇနီးမောင်နှံဟာ စျေးထဲမှာ Caftan လို့ ခေါ်တဲ့ရိုးရာဝတ်စုံတွေချုပ်တဲ့ အပ်ချုပ်ဆိုင် တစ်ဆိုင်ဖွင့်ထားပါတယ်။ Caftan ဆိုတာ ပိုးစ၊ ဖဲစတွေကို ရွှေချည်တွေ အနုစိတ်ထိုးပြီး အမျိုးသမီးတွေ မင်္ဂလာပွဲလို ထူးခြားတဲ့ အခမ်းအနားမျိုးမှာ ဝတ်ဆင်ကြတဲ့ ဝတ်ရုံတစ်မျိုးပါ။ရွှေချည်ထိုးတွေ အနားကွပ်တွေကို တစ်ထည်လုံး လက်နဲ့ အနုစိတ်လုပ်ရတာမလို့ လက်ဝင်ပြီး အချိန်လည်း ကုန်ပါတယ်။ စက်နဲ့ချုပ်တာတွေလည်း ရှိလာပေမဲ့ Mina ရဲ့ ခင်ပွန်း Halim ကတော့ လက်မှုပညာကို တန်ိဖုးထားပြီး လက်နဲ့ အသေးစိတ်ချုပ်တတ်တာကြောင့် သူတို့ဆိုင်က သူများထက် အချိန်ကြာပြီး နောက်ကျလေ့ရှိပါတယ်။ အပ်ထည်တွေကို အချိန်မီပေးနိုင်ဖို့ တပည့်တွေ မွေးပြီးသင်ပေးပေမဲ့ ရောက်လာလိုက် ထွက်သွားလိုက် ဖြစ်နေရာက ...
movie

The Blue Caftan (2023)

The Good Son (1993) 6.4
The Good Son (1993) The Good Son (1993)IMDb Rating (6.4)Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးက ........ -Spoiler Alert-............... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့  ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ ...
movie

The Good Son (1993)

Genres

Archives