Channel Myanmar

Content at random


Movies

Two Blue Stripes (2019) 7.8
Two Blue Stripes (2019)  Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက်နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုးဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ်ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရောမိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေးတစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်းတော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီးကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေးနှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့်စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန်မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာလူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကိုနှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ကောင်လေးဖက်က ဆင်းရဲတယ် ...
movie

Two Blue Stripes (2019)

Ice Road Killer (2022) 5.0
Ice Road Killer (2022)  ဟယ်လန်ဟာ သမီးဖြစ်သူ လော်ရာကို ကောလိပ်သွားကြိုပြီး မြောက်ပိုင်းက သူတို့ရဲ့ သစ်သားအိမ်လေးကို သွားဖို့ ကြံရွယ်ထားခဲ့ပါတယ်။မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့် ရာသီဥတုအခြေအနေ လမ်းအခြေအနေ အတော်ကလေး ဆိုးရွားလို့ နေပါတယ်... ဒီလိုနဲ့ သွားနေရင်း လမ်းခုလတ်မှာ ကားကြုံစီးလိုတဲ့ ကာလီနဲ့ ကြုံဆုံပါတော့တယ်... မိန်းမချင်းလည်းဖြစ် ကာလီကလည်း တစ်ကိုယ်တည်းဖြစ်နေတာမို့ ကားကြုံတင်စီးလေ့မရှိတဲ့ ဟယ်လန်ဟာ ကိုယ်ချင်းစာစိတ်နဲ့ ခေါ်တင်ခဲ့ပါတယ်။ ဟယ်လန်မသိတာကတော့ ကာလီဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ...ဟယ်လန်က သမီးဖြစ်သူကို ကြိုပြီး ကားကြုံစီးသူကာလီနဲ့အတူ ခေါင်ဖျားတဲ့ မြောက်ပိုင်းကို ခရီးဆက်တဲ့အခါမှာပဲ ဇာတ်လမ်းက စတင်ပါတော့တယ်...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:25:00 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing ...
movie

Ice Road Killer (2022)

Horror in the High Desert (2022) 5.3
Horror in the High Desert (2022) Horror in the High Desert (IMDb 5.7/10 , RT 66% )၂၀၁၇မှာ အမေရိကန် နီဗားဒါးမှာ ဂယ်ရီဟင့်ဆိုတဲ့ ခြေလျင်တောင်တက်သမားတစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်...သူ့ကို အင်းအားသုံး ရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ပါဘူး... အလားတူပဲ နောက်တစ်နှစ်မှာ အမျိုးသမီးတစ်ယောက်ပျောက် တစ်ယောက် အသတ်ခံခဲ့ရပါတယ်...နီဗားဒါးပြည်နယ်ထဲက ဆိုက်ပရပ်စ်မြို့ဟာ အထီးကျန်ဆုံး ဟိုင်းဝေးလမ်းမှာလို့ ခေါ်ကြတဲ့ အဝေးပြေးလမ်းမကြီးပေါ်က အစိတ်အပိုင်းတစ်ခုပါ...အထီးကျန်ဆို မိုင်၂၀၀လောက်နေမှ ရဲရှိတဲ့ အထိကို အဲ့ကြားထဲမှာ ဘာဆိုဘာမှမှရှိမနေတဲ့ ကန္တာရအတိဒေသကြီးတစ်ခုပေါ့...ဒီလိုဝေးလံတဲ့ဒေသမှာ လူသူနည်းတာမို့ လူမဟုတ်တဲ့ သတ္တဝါတွေက ကြီးစိုးလို့နေပါတယ်... ဒါပေမယ့်လည်း ဒီသတ္တဝါတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး...ဒီဇာတ်လမ်းမှာတော့ ရရှိထားတဲ့အထောက်အထား... ခံရတဲ့ သားကောင်တွေကို အင်တာဗျူးတဲ့ Documentry ပုံစံမျိုး ရိုက်ကူးထားတာပါ တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေအဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun ...
movie

Horror in the High Desert (2022)

2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Superwho? (2021) 6.1
Superwho? (2021) Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedyခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ...
movie

Superwho? (2021)

2021
Kudimahaan (2023) 9.2
Kudimahaan (2023) Kudimahaan(2023)IMDb-9.7/10အရက်သစ္စာ အရက်မေတ္တာတွေ အရက်နဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မာကြောင်းတွေက အရက်တစ်ပိုင်းနဲ့ ကူဖိုက်ပေးဖို့ဝန်မလေးတဲ့အကြောင်းတွေ အရက်နဲ့ရင်းရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအချင်းချင်းမှသိကြတာမဟုတ်လားဒီကားထဲမှာတော့ မင်းသားကစစချင်း မသောက်မစားတဲ့ ဘဏ်ဝန်ထမ်း လူရိုးသား တစ်နေ့ အဖေဖြစ်သူကိုဆေးရုံလိုက်ပို့ရင်း ဆေးရုံက ကော်ဖီကိုမှာသောက်လိုက်မိတယ်။ သူ့နဲ့ဘာဓာတ်မတည့်ဖြစ်သွားမှန်းမသိ အရက်သောက်လိုက်မိသလိုကို မျက်စိထဲ တကယ်မရှိတာတွေမြင်လာပြီး အမူးသမားလုံးလုံးဖြစ်သွားလေရဲ့။ဒီလိုနဲ့ လုံးဝအသိစိတ်လွတ်နေတဲ့လူလို ဆေးရုံမှာပတ်ပွဲကြမ်းရင်း လူတွေဝိုင်းဆွဲကြနဲ့ ပွက်လောရိုက်သွားပါ‌လေရော နောက်ထပ်လည်း မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာ အရက်ထည့်ထားတဲ့ အအေးကိုသောက်မိပြီး ပွဲပျက်တက်ထိ ရမ်းကားမိပြန်ပါတယ်။ ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ဒါတွေတစ်ခုမှ မမှတ်မိဘဲ အဖေနဲ့ ဇနီးဖြစ်သူက အရက်သမားလို့စွပ်စွဲလေတော့ လူရိုးသား အရက်သမားဇာတ်လိုက်လေး ဘုမသိဘမသိနဲ့ စိတ်ညစ်နေရပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဇာတ်လိုက်ဟာ ထုံးစံအတိုင်း နမော်နမဲ့နဲ့ သူ့တပည့်လေးရဲ့ မုန့်ပဲသွားရည်စာကို စားမိပြီး ဟက်ကာတစ်ယောက်ဟက်ခ်ထားတဲ့ အေတီအမ်စက်ထဲကို ပိုက်ဆံတွေ အရွက်မှားထည့်မိတဲ့အချိန်မှာတော့ ပြဿနာတွေအကြီးကြီးတက်ကုန်ပါတော့တယ်ကွိုင်တွေတက် အစွပ်စွဲခံ မသောက်ပဲမူးနေတဲ့ဖိုးသခွားလေးတစ်ယောက် ဒီလိုပဲဒုက္ခပင်လယ်ဝေနေမလား ထိပ်ဆုံးမှာပြောခဲ့တဲ့ အရက်ရဲ့ဂုဏ်ကျူးတွေက ဘယ်နေရာမှာဘယ်လိုပါဝင်ဆက်စပ်သွားမလဲဆိုတာ ရှုစားကြည့်ပါဦး File size…2.56GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2 h 20 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  ...
movie

Kudimahaan (2023)

2023
FUNNY BUNNY (2021) 6.1
FUNNY BUNNY (2021) FUNNY BUNNY ( 2021 )စာရေးဆရာတစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေဟာ သေသွားတဲ့လူတစ်ချို့နဲ့ပတ်သက်တဲ့ ကြွင်းကျန်ရစ်တဲ့ကိစ္စတွေ ကျန်ရစ်သူတို့ရဲ့ အပြစ်ရှိစိတ်တွေကိုဖြေဖျောက်ပေးဖို့ ကိစ္စတွေကို လုပ်ပေးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းလေးက နည်းနည်းထူးခြားသလို သူ့ တင်ဆက်ပုံကလည်း ထူးခြားပါတယ်။မလိုအပ်ဘဲ ယုန်ခေါင်းစွပ်အကြီးကြီးကိုစွပ်ပြီး စာကြည့်တိုက်ထဲခိုးဝင်တာတို့ အသံလွှင့်ရုံထဲခိုးဝင်တာတို့ ဘာတို့ပေါ့။ နာမည်နဲ့လိုက်တဲ့ ဖန်နီဘန်နီခေါင်းစွပ်ကြီးစွပ်ပြီး လူတွေကို ကူညီဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်။ဘဝမှာကြုံရတဲ့ အပြစ်ရှိစိတ်တွေ မမေ့နိုင်တဲ့ကိစ္စတွေကို‌ မေ့ပစ်ဖို့ ကျန်ရစ်သူတွေကို သင်ပေးဖို့ ကြိုးစားတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့အကြောင်းကို ကြည့်ရမှာပါ။ ဇာတ်လမ်းဆန်းဆန်းလေးကြည့်ချင်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။File Size__(2.1GB) / (950MB) Quality__Bluray_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:43:00 Type__Mystery Subtitle__Myanmar Subtitle (Hardsub) Translated by L Encoded by Naing Aung Latt
movie

FUNNY BUNNY (2021)

Cinderella (1950) 7.3
Cinderella (1950)  ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက်Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန်ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲCinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လိုအလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီလှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့်ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကိုအကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေကဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးကဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့်ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ ...
movie

Cinderella (1950)

Cinderella II: Dreams Come True (2001) 5.0
Cinderella II: Dreams Come True (2001)  Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။  File size…1.27GB / ...
movie

Cinderella II: Dreams Come True (2001)

Cinderella III: A Twist in Time (2007) 6.0
Cinderella III: A Twist in Time (2007)  စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံးဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့Rotten Tomatoes မှာ 75% ရရှိထားပါတယ်။Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ်တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေးပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကားအတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါစင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေးတွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အားဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှုလိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။  File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Cinderella III: A Twist in Time (2007)

Eingeschlossene Gesellschaft / Lock In Society (2022) 6.2
Eingeschlossene Gesellschaft / Lock In Society (2022) ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ ...
movie

Eingeschlossene Gesellschaft / Lock In Society (2022)

The Disappearance of Cari Farver (2022) 6.1
The Disappearance of Cari Farver (2022) ဒီဇာတ်လမ်းဟာ လူပျောက်ဆုံးမှု မှုခင်းဖြစ်ရပ်မှန်(၂၀၁၂ မှ ၂၀၁၇) ကို အ‌ခြေခံ ‌ရိုက်ကူးထားကာ ပါ၀င်သော အဓိကဇာတ်‌‌​​ကောင်လေးဦးအနက်သုံးဦးမှာ ဖြစ်ရပ်မှန်မှနာမည်ရင်းများဖြစ်တယ် ဇာတ်လမ်း အကျဉ်းက​တော့ ​ကာရီ ပျောက်ဆုံးပြီး ဒေ့နဲ့ သူ့ ရည်းစားဟောင်း လစ်ဇ်ဟာ ကာရီဆီမှ ခြိမ်းခြောက် နှောက်ယှက်သော မက်ဆေ့များ တောက်လျှောက်လက်ခံရရှိ​လေတယ် ရဲ​တွေ ကာရီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း ဘာကို ​ဘယ်လို တွေ့ရှိသလဲ ဆိုတာကို​တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ​တော့ File size…(1.4 GB)/(630 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kuaile de H
movie

The Disappearance of Cari Farver (2022)

Lionel Messi: Destiny (2023) 8
Lionel Messi: Destiny (2023) Lionel Messi: Destiny (2023)ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time ...
movie

Lionel Messi: Destiny (2023)

2023
Mercy (2023) 5
Mercy (2023) Mercy (2023)လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Mercy (2023)

2023
Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
Fool’s Paradise(2023) 6.0
Fool’s Paradise(2023) Fool's Paradise(2023)*********************ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Fool’s Paradise(2023)

(18+)Rusted Body: Guts of a Virgin III (1987) 4.4
(18+)Rusted Body: Guts of a Virgin III (1987) Rusted Body: Guts of a Virgin 3 (Gômon kifujin) (1987) Female Inquisitor 1987စစ်ကြီးပြီးသွားတော့ လူတွေက ဦးရာလူစနစ်နဲ့ ရသလောက်အနိုင်ကျင့်နေကြတဲ့အချိန် ပိုက်ဆံအများကြီးပိုင်ထားတဲ့သူတွေ မလုံခြုံတဲ့အချိန်...သူတပါးပိုင်ဆိုင်တဲ့ပိုက်ဆံတွေကို ငမ်းငမ်းတက်လိုချင်နေတဲ့ ဂိုဏ်းတဂိုဏ်းရှိနေပါတယ် အဲဒီဂိုင်းက ရက်စက်လွန်းလို့ နာမည်ကြီးလှပါတယ် အဓိက ဦးဆောင်နေတာက မထင်ရက်လောက်အောင် လှပချောမောတဲ့ အမျိုးသမီးနှစ်ဦး ဦးဆောင်ထားတယ်သူတို့နှစ်ယောက်က ညှင်းပန်းနည်းတွေက ကြောက်စရာကောင်းလှတယ် တနေ့ သူတို့ ယန်း သန်း ၁၄၀ အနံ့ရပြီးလိုက်ကြတဲ့အခါ သူတို့ရဲ့ ညှင်းပန်းမှုတွေက ခက်ထန်သလို နူးညံ့တာလေးတွေရော ရောယှက်နေတာ မမကြီးတစ်ယောက်နဲ့ အရွယ်ငယ်ကောင်မလေးတယောက်ရဲ့ အတိုင်ဖောက်ညီညီ သတင်းလိုက်တာလေးတွေက DS Fans တွေအကြိုက်ဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် File size…1.45GB / 604MB Quality…1080p BluRay /720p Format…mp4 Duration….1h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+)Rusted Body: Guts of a Virgin III (1987)

1987

Genres

Archives