Channel Myanmar

Content at random


Movies

What If (2013) 6.8
What If (2013) What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie

What If (2013)

2013
(21+)Nurse’s Sex Journal (My Sex Report: Intensities) [1976] 4.8
(21+)Nurse’s Sex Journal (My Sex Report: Intensities) [1976] အီတိုလို့ခေါ်တဲ့ ရှယ်ချစ်စရာကောင်းတဲ့ သူနာပြုမလေး သူမရဲ့အလှတွေကပြည့်စုံတယ် ချစ်ဖို့ကောင်းတယ် တည်ကြည်တယ်သူကငွေကြေးချို့တဲ့တယ် ဆေးရုံတစ်ရုံမှာ အလုပ်ကြိုးစားပြီး သူနာပြုလုပ်တယ် သူကလှတော့ သူဌေးတွေက တစ်ယောက်ပြီးတစ်ယောက်လာကပ်ကြတယ် ဝိသမလောဘသားတွေရဲ့ မျက်စိကျစရာလည်းဖြစ်လာတယ် တစ်နေ့သူရဲ့ ဆွေးမျိုးသားချင်းထဲက အရေးပေါ်ဆေးရုံတက်လိုက်ရပြီး ငွေအရေးတကြီးလိုအပ် လာချိန်မှာတော့....အရမ်းကိုစိတ်ဝင်စရာကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ အလှတွေကိုခံစားစေဖို့ DS Fans တွေဆီအရောက်ပို့ပေးလိုက်ပါတယ် File size…1.1GB / 435MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(21+)Nurse’s Sex Journal (My Sex Report: Intensities) [1976]

1976
Army of Darkness (1992) 7.6
Army of Darkness (1992) Army of Darkness (1992)~ IMDb 7.4 / Rotten Tomatoes 74% ~ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ...
movie

Army of Darkness (1992)

1992
Evil Dead II (1987) 7.8
Evil Dead II (1987)    Evil Dead II (1987) ~ IMDb 7.7 / Rotten Tomatoes 95% ~ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ်။ Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ်။ ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ...
movie

Evil Dead II (1987)

1987
The Evil Dead (1981) 7.6
The Evil Dead (1981) The Evil Dead (1981)  ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွား စပ်စုတတ်တဲ့ လူငယ်သဘာ၀ ဗီဇအရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စုကို ပြန်ခွင့်မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါ) File size…1.90GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ...
movie

The Evil Dead (1981)

1981
Phenomena (2023) 5.3
Phenomena (2023) Phenomena (2023) ==============ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ...
movie

Phenomena (2023)

2023
The Host (2013) 5.8
The Host (2013) CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size…  1.59 GB /  664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre .....  Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

The Host (2013)

2013
After Masks (2021) 4.3
After Masks (2021) After Masks (2021) ================ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ် ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီ ဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေ ပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထား ပါတယ်။အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုး သမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black Lives Matter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူး ဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်း ကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေ အတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလ တစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခု ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(2.27 GB) / (592 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM
movie

After Masks (2021)

2021
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
The Judgement [De veroordeling] (2021) 7.3
The Judgement [De veroordeling] (2021) The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating  – 7.3/10တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ...
movie

The Judgement [De veroordeling] (2021)

2021
The To Do List (2013) 5.8
The To Do List (2013) ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းကလောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီးအဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက်ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီးကြွေသွားမိသွားပါတော့တယ်။ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်ကရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီးသူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့်ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြားဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်   File size…  1.75 GB /  874 MB Quality… Blu-Ray 1080p / ...
movie

The To Do List (2013)

Detective Dee’s Ghost Blood Hand ( 2020 ) 6
Detective Dee’s Ghost Blood Hand ( 2020 ) ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Detective Dee’s Ghost Blood Hand ( 2020 )

Pillow Party Massacre (2023)
Pillow Party Massacre (2023) Horrorကြိုက်တဲ့လူတွေအတွက် Netflixရဲ့ ရှပ်ရှင်အသစ်လာပါပြီ။ ပျော်စေပျက်စေ စရင်းနဲ့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရလို့ ဝမ်းနည်းစရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပြီး ၂နှစ်အကြာမှာ သူငယ်ချင်းတစ်သိုက် ငယ်ငယ်တုန်းက နွေရာသီ အားလပ်ရက်တိုင်း လာလေ့ရှိတဲ့ အိမ်ကို ဆမန်သာ၊ မိုင်းစ်၊ အလာနာ နဲ့ မစ်ကီတို့ သူငယ်ချင်းတစ်သိုက် ပြန်ချိန်းလိုက်ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို ဘယ်လိုမကောင်းတဲ့အရာတွေက စောင့်ကြိုနေမလဲ၊ အဲဲဒီ မကောင်းတဲ့အရာကနေ ဆမန်သာတို့ လွတ်မြောက်သွားနိုင်ပါ့မလား၊ ဘာလို့ အဲဒီမကောင်းတဲ့အရာကြီးက ဘာလို့လိုက်သတ်နေတာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Screamလိုမျိုးပုံစံမျိုးဆိုတော့ တရားခံက ဘယ်သူလဲဆိုတာ ကြည့်ရင်းရှာဖွေလိုက်ကြပါအုန်း။ File size…(1 GB)/(500 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Pillow Party Massacre (2023)

Conception (2022) 5.2
Conception (2022) Conception (2022) ==============မိသားစုတစ်ခုမှာ ကလေးရှိတာက ရတနာလေးတစ်ခုပဲလို့ ဆိုတတ်ကြတယ်။ တချို့အတွက်ကျလည်း ရတာ,နာ လေးတဲ့။ ဒီဇာတ်ကားထဲက အေမီကတော့ တစ်ဦးတည်းသောသမီးဆို တော့ ကလေးတွေအများကြီးနဲ့ သာယာတဲ့ မိသားစုတစ်ခုကို မျှော်လင့်နေတဲ့သူပေါ့။ဒီတော့ သူအိမ်ထောင်ကျပြီးတဲ့အခါမှာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ သားသမီးတွေယူဖို့ အမျိုးသားဖြစ်သူ ဗစ် နဲ့ အားကြိုးမာန်တက် ကြိုးစားပါတော့တယ်။ ဗစ် ကတော့ ကလေးရရာလမ်းကြောင်း ကို ဝင်ခလုတ် ထွက်ခလုတ်ဆက်တိုက်လျှောက်လှမ်းနေရတော့ ရှယ်အကြိုက်တွေ့တာပေါ့။ဒါပေမဲ့ သနားစရာကောင်းတာက ဗစ်ခမျာ လချီကြိုးစားပေမဲ့ ရင်သွေးလေးက ရမလာခဲ့ဘူး။ ဒီတော့ ကလေးရူးရူးနေတဲ့ အေမီ အတွက် နောက်ဆုံးလက်နက်ဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားလေးလွယ် နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို ဆေး ပညာရှု့ထောင့်ကနေရော ဟာသအမြင်လေးနဲ့ပါ တွဲဖက်ရိုက်ကူး ပြထားတာမို့ ဇာတ်လမ်းအစအဆုံး ပျင်းမနေရဘဲ စိတ်ပျော်ပျော် ရွှင်ရွှင်နဲ့ ကြည့်လို့ရနိုင်မဲ့ ဇာတ်လမ်းမျိုးလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေး ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Khine Soe, Ngwe Zin တို့ဖြစ်ပါတယ်)File Size..........(1.3 GB) / (534 ...
movie

Conception (2022)

2022
The Blessing Bracelet (2023) 6.7
The Blessing Bracelet (2023) The Blessing Bracelet (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ်ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီး ဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ ​အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာ သူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet ...
movie

The Blessing Bracelet (2023)

2023
Prime Time (2021) 5.2
Prime Time (2021) Prime Time (2021)1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။(ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, ...
movie

Prime Time (2021)

2021
Noble Intentions (2023)
Noble Intentions (2023)  ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.8 GB)/(910 MB)/(435Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Noble Intentions (2023)

Devil’s Knot (2013) 6.1
Devil’s Knot (2013) Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ‌ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Devil’s Knot (2013)

2013
42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013
3096 Days (2013) 6.5
3096 Days (2013) 3096 Days ဇာတ်ကားဟာ သြစတြီးယားမှာဖြစ်ခဲ့တဲ့ 10နှစ်အရွယ် ကလေးမလေးနာတာရှာ ခမ်ပွတ်ရှ်ကို 8နှစ်ကြာအောင်ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာတာရှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပေါ်လွင်အောင် ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။ဒီလို နှိပ်စက်မှုတွေနဲ့ နာတာရှာရဲ့ စိတ်ဒဏ်ရာအကြောင်းကိုသေချာရိုက်ကူးထားတာဖြစ်လို့ တချို့သောပရိတ်သတ်တွေအတွက်တော့ကြည့်ရှုဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် ဒီဇာတ်ကားမှာ နာတာရှာရဲ့ စိတ်ခွန်အားနဲ့သူ့ကိုပြန်ပေးဆွဲသူဆီက ဇွဲရှိရှိ လွတ်မြောက်ဖို့ကြိုးပမ်းပုံကိုလည်း တွေ့မြင်ရဦးမှာပါ။ပါဝင်ထားတဲ့ castတွေကလည်း သရုပ်ဆောင် အရမ်းကောင်းကြပါတယ်။ဒီဇာတ်ကားဟာ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ခါးသီးတဲ့အမှန်တရားကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ   File size…  1.23 GB /  604 MB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

3096 Days (2013)

2013

Genres

Archives