Channel Myanmar

Content at random


Movies

Top Secret Pursuit ( 2021 ) 6
Top Secret Pursuit ( 2021 ) လျန်ကျားဒေသက မူးယစ်ကုန်သွယ်ရေးဂိုဏ်းတစ်ခုဟာ ရဲတွေအချိန်ကြာကြီး စုံစမ်း‌နေပေမဲ့ လက်ပူးလက်ကြပ်မဖမ်းနိုင်တဲ့ "ချန်ကျားဟောက်"ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ချန်ကျားဟောက်ဟာလည်း "ကိုယ့်ဒူးကိုယ်တောင် မယုံတဲ့လူမျိုးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရာ ဂိုထောင်စက်ရုံကြီးကို လျှို့ဝှက်စွာဖုံးကွယ်ထားပါတော့တယ်။အမြစ်ကိုမရှင်းနိုင်တဲ့သစ်ပင်တစ်ပင်ဟာ ဘယ်တော့မှမသေဆုံးနိုင်သလိုပဲ ပြဿနာရဲ့ဇစ်မြစ်ဖြစ်တဲ့ထိုစက်ရုံကြီးကိုပါ ရှာဖွေနိုင်ဖို့ ရဲတွေဟာကြိုးပမ်းပါတော့တယ်ဒီလိုနဲ့ ချန်ကျားဟောက်အဖွဲ့ထဲက "ချောင်ရန့်ဖန်"ဆိုသူဟာ ရဲတွေထောက်လှမ်းဖို့လွန်ခဲ့တဲ့၄နှစ်တည်းက ထည့်ထားတဲ့သူလျှိုဖြစ်နေတဲ့အခါမှာတော့... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Top Secret Pursuit ( 2021 )

The Raven(2012) 6.4
The Raven(2012) The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie

The Raven(2012)

2012
TEKKEN: Blood Vengeance (2011) 5.7
TEKKEN: Blood Vengeance (2011) Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲ​တွေ၊ animations​တွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက​ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animation​တွေ၊ တိုက်ခိုက်​ပုံတွေနဲ့ ခပ်ကြမ်းကြမ်း​ရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူ​တွေ​ရော၊မကြည့်ဖူး​သေးတဲ့သူ​တွေပါ ခံစားကြည့်ရှုနိုင်​​​ဖို့ ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက Tekken-verseထဲက main character​တွေဖြစ်တဲ့ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ ​သားအဖမြေးအဘိုး၃​ယောက်ရဲ့အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မ​သေဘဲရှင်ကျန်ခဲ့တဲ့ ​ကျောင်းသားတစ်​ယောက်ကို ဂျင်နဲ့ ခဇုယတို့၂​ယောက်ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာ​ဖွေရင်း ကျိုတိုမြို့ရဲ့​ကျောင်းတစ်ခုမှာ ရှာ​​တွေ့ပြီး​နောက်ပိုင်း အနီးကပ်​ထောက်လှမ်းရင်းသူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်​မိပြီးသား ဖြစ်သွားပါတယ်။စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အ​ကြောင်းရင်း​၊ မထင်ထားတဲ့လှည့်ကွက်​တွေ၊ အမိုက်စားbattleနဲ့ animation​တွေကို ကြည့်ရှုရင်းငယ်ဘဝကို တ​ကျော့ပြန်​​အောက်​မေ့လိုက်ကြတာ​ပေါ့။  File size…  1.8 GB /  940 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre .....  Action , Sci-fi Subtitle…. Myanmar ...
movie

TEKKEN: Blood Vengeance (2011)

2011
Right Now, Wrong Then (2015) 7.1
Right Now, Wrong Then (2015) “Right Now Wrong Then”အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့သိပ်ရင်းနှီးတာ မဟုတ်ဘူး။ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှသူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ရွေးချယ်မှုသေးသေးလေးတွေပဲ ...
movie

Right Now, Wrong Then (2015)

2015
The Artifice Girl (2023) 6.6
The Artifice Girl (2023) The Artifice Girl (2023)Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာ ဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။ လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။ တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။ နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။ အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။ တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင် သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ် သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာ ဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေ လူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီး သူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် ...
movie

The Artifice Girl (2023)

2023
Last Sentinel (2023)
Last Sentinel (2023) Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်‌ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ ‌သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, ...
movie

Last Sentinel (2023)

The Fearway (2023)
The Fearway (2023) ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ...
movie

The Fearway (2023)

House Cleaning Master ( 2023 )
House Cleaning Master ( 2023 ) အိမ်ယာမြေအကျိုးဆောင်က "ကျန်းရှို့"ဆိုသူဟာ "လီလိရာ"ဆိုသူကို 'ရှောင်ယန်လုံ'လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်"လီလိရာ"ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်... သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။-ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို..."အလင်းကမ္ဘာရဲ့အမှောင်ထု"ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

House Cleaning Master ( 2023 )

August 16, 1947 (2023) 6.9
August 16, 1947 (2023) August 16 1947(2023)ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံ ကြည့်ရတာကို ငြီး‌ငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိ ရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ်အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့ လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက် အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို ‌အခြေပြုထားပါတယ် အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ်လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ် အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင် ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့ တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.67GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

August 16, 1947 (2023)

2023
The Origin of Evil (2022) 6.6
The Origin of Evil (2022) The Origin of Evil (2022)~ IMDb - 6.6/10, Rotten Tomatoes - 86% ~Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို ...
movie

The Origin of Evil (2022)

2022
Hachiko ( 2023 ) 6.3
Hachiko ( 2023 ) ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာ ခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။ အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာ သုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင် သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုး ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်း မာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာ သွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုက ပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့ ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။ တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့ သေခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။ကျန်ရစ်ခဲ့တဲ့ မိသားစုကလည်း ဘဝပေးအခြေအနေတွေကြောင့် တစ်ယောက်တစ်နေရာစီ ...
movie

Hachiko ( 2023 )

(18+)Step Up Love Story: Double Love (2019)
(18+)Step Up Love Story: Double Love (2019) Step Up Love Story: Double Love====================ဒီဇာတ်ကားက Eigaban Futari ecchi ဆိုတဲ့ manga ကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ထားတာပါ။ မှောင်တော့မှောင်ချင်တယ် တအားမမှောင်ပဲ ကြည်ကြည်နူးနူးလေးကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားလေးကြည့်သင့်ပါတယ်။အိမ်ထောင်ပြုထားတာ ၃နှစ်ကြာပြီဖြစ်တဲ့ မာကိုတို နဲ့ ယူရ တို့ဟာ ကလေးဘ၀ကတည်းကခင်မင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်တော့ ခင်ပွန်းဖြစ်သူစန်းပွင့်ချိန်ရောက်ပြီဆိုတဲ့ ဗေဒင်တစ်ခုကို ယူရ ဖတ်မိလို့ သူ့ခင်ပွန်းကိုပြောပြပေမယ့် မာကိုတိုကတော့ အယုံအကြည်မရှိခဲ့ပါဘူး။ဒါပေမယ့် ဗေဒင်ကမှန်ကန်နေတဲ့အခါမှာတော့ ယူရလည်းစိတ်ပူရပါတော့တယ်။ အလုပ်မှာကောင်မလေးတွေဝိုင်းဝိုင်းလည်လာတဲ့ မာကိုတိုဟာ အိမ်ပြန်ရောက်လို့ ဇနီးသည်နဲ့ပူတူတူးမယ့်အချိန်ရောက်တော့ ညီငယ်ကမထောင်မတ်လာတော့ပါဘူး။ ဒီတော့ ယူရခမျာ ခင်ပွန်းသည်ဖောက်ပြန်မှာလည်းပူရ၊ ညီငယ်ကိုလည်း နိုးထအောင်ကြိုးစားပေးရနဲ့ အလုပ်တွေများပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားရဲ့ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲ၊ ဒီအတိုင်းပဲအဆုံးသတ်သွားတော့မှာလားဆိုတာကို ကြည့်ရှုနိုင်ဖို့အတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ File size…903MB / 405MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1 h 6 min Subtitle…Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie
movie

(18+)Step Up Love Story: Double Love (2019)

Corona Papers(2023) 7.3
Corona Papers(2023) Corona Papers (2023)IMDb-7.5/10Malayalam ရုပ်ရှင်တွေရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Shane Nigam, Shine Tom Chacko, Jean Lal, Gayathrie တို့ အဓိကပါ၀င်ထားတဲ့ Crime/Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအလုပ်ကိုကောင်းကောင်းမလုပ် လိမ်စားလှည့်စားနေတဲ့ရဲစခန်းမှာ ဘယ်သူ့မှမကြောက်တဲ့ မှန်မှန်ကန်ကန်ရဲအရာရှိတစ်ယောက်ရှိနေတယ် အဲဒီလိုရဲစခန်းကိုမှ SI ရာထူးနဲ့ရဲ၀န်ထမ်းအသစ်စက်စက်လေး ရာဟူလန် (ရာဟူး)ရောက်လာပါတယ် တစ်နေ့ဘက်စ်ကားစီးရင်းပဲ သူ့ရဲ့ ပစ်စတိုလေးအခိုးခံလိုက်ရပါတော့တယ် လူငယ်ရဲအသစ်လေးက အထက်ကိုမတင်ပြပဲကိုယ်တိုင်ပဲလိုက်ဖမ်းဖို့ကြိုးစားချိန်မှာ COVID ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ များစွာသောဒုစရိုက်မှုတွေကို ရှာဖွေတွေ့ရှိလာချိန်မှာတော့....အုန်းစားရတဲ့ ခက်ခဲနက်နဲလိမ်ထွေးနေတာမျိုးမဟုတ်ဘဲ တစ်ရစ်ချင်းတစ်ခန်းချင်း plot twist အလှည့်အပြောင်းအတက်အကျလေးတွေနဲ့ ပြစ်မှုဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦး File size…2.3GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Khin~Sai~Nyein
movie

Corona Papers(2023)

2023
Bear Man (2023) 6.2
Bear Man (2023) Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်‌ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်‌ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie

Bear Man (2023)

2023
The Scam(2009) 6.7
The Scam(2009) The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie

The Scam(2009)

New York Minute (2004) 4.9
New York Minute (2004) New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါကTeen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ်ဇာတ်လမ်းအကျဉ်းဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့်စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ...ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီးဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ဂီတလိုက်စားသူ ကျောင်းပြေးမတစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက်ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက်အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ်တူတူလိုက်ပါလာတဲ့ ခရီးက စလို့ ..ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် ...အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီနှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှမဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကိုမြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size…  2.3 ...
movie

New York Minute (2004)

2004
Hard Rain (1998) 5.9
Hard Rain (1998) Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size…  2.89 GB /  1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie

Hard Rain (1998)

1998
Catatan (Harian) Si Boy (2011) 7.0
Catatan (Harian) Si Boy (2011) Catatan Harian Si Boy (2011)IMDb rating - 7ဇာတ်လမ်းအညွှန်းအမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့စာအုပ်လေးကို ရတယ်။စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆိုအခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ရဲစခန်းရောက်လာကြတယ်။အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကိုတွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ...နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြားဘယ်လိုတွေဆက်ဖြစ်ကြမလဲ...လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကိုပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆိုအောင်မြင်အောင်လုပ်နိုင်ပါတယ်။ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရောနာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင်ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာမတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။သွေးသားရင်းချာမဟုတ်ကျတဲ့ ...
movie

Catatan (Harian) Si Boy (2011)

2011
Bait (2000) 5.7
Bait (2000) Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကိုအစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက်ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူးပြောထားတာကို တစ်ဖက်လူက အစောင့်တွေကိုသတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာထောင်ထဲဝင်နေလိုက်တယ်။ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့အခန်းတူတူကျပါလေရော။ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီးတစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲအဲဒီမှာတင် သေသွားခဲ့တယ်။ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ်အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူလူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက်သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကိုအမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ဆိုတော့ ထောက်လှမ်းရေးမှူးတို့ ...
movie

Bait (2000)

2000

Genres

Archives