Channel Myanmar

Content at random


Movies

Throw Down (2004) 6.8
Throw Down (2004) Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie

Throw Down (2004)

The Great Dragon Plague ( 2021 ) 6.3
The Great Dragon Plague ( 2021 ) The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါအဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK
movie

The Great Dragon Plague ( 2021 )

Incantation (2022) 6.5
Incantation (2022) Incantation (2022)Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို ...
movie

Incantation (2022)

2022
Moneyboys (2021) 6.4
Moneyboys (2021) Moneyboys (2021)~ IMDb - 6.4/10, Rotten Tomatoes - 92% ~C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ...
movie

Moneyboys (2021)

2021
The Unbeatable ( 2021 ) 6
The Unbeatable ( 2021 ) CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated By Nu Mon , Hnin Wut Hmon , Shwe Zin Oo Encoded by LK
movie

The Unbeatable ( 2021 )

Burden (2022) 7.8
Burden (2022) Burden (2022)ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။)File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, ...
movie

Burden (2022)

2022
Vikram (2022) 8.8
Vikram (2022) Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိ‌ေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.org/kaithi-2019/ ကြည့်ပါ။  File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie

Vikram (2022)

2022
4K HEVC Web-DL
Kaithi (2019) 8.5
Kaithi (2019) IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie

Kaithi (2019)

2019
4K HEVC
Inubu: The Dog Club (2021) 6
Inubu: The Dog Club (2021) Inubu: The Dog Club (2021)~ MyDramaList - 7.5/10, IMDb - 6/10 ~ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့...တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ "ဟနိုင်း-ဆိုတ"ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေ‌ဝေသွားပါတယ်။အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ ...
movie

Inubu: The Dog Club (2021)

2021
Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Bad Guy (2001) 6.6
Bad Guy (2001) Bad Guy (2001)တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ...
movie

Bad Guy (2001)

2001
My Blue Summer ( 2022 ) 6.5
My Blue Summer ( 2022 ) " ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ " (လော့ကျီ)"ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိုင်နန်)တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 42min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Moon , Nu Mon Encoded by LK
movie

My Blue Summer ( 2022 )

First Love (2022) 4.7
First Love (2022) First Love (2022)“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။“ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann)“အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg)ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ ..တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် ...
movie

First Love (2022)

2022
Cracked (2022) 5.2
Cracked (2022) Cracked (2022)ထင်မ် အဖြစ် Nichkhun ရုကျ အဖြစ် Pat Chayanit ရေချယ် အဖြစ် Nina Nutthatchaဇာတ်လမ်းအကျဉ်းရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ် ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ ဖခင်​ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ် ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့ သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ပန်းချီကားတွေမှာ အက်ရာတွေရှိ​နေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ ပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်Genre.....Horror, Thriller Quality…. 1080p | 720p | ...
movie

Cracked (2022)

2022
The Sea Beast (2022) 7.9
The Sea Beast (2022) နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ....   File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

The Sea Beast (2022)

2022
Rip in Time (2022) 6.8
Rip in Time (2022) Rip in Time (2022)~ IMDb rating - 6.8/10 ~အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက ...
movie

Rip in Time (2022)

2022
Red Heat (1988) 6.1
Red Heat (1988) Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie

Red Heat (1988)

1988
Fast & Feel Love (2022) 7.2
Fast & Feel Love (2022) ဂျေ အဖြစ် YaYa Urassaya ဂေါင်ဝ် အဖြစ် Nat Kitcharitဇာတ်လမ်းအကျဉ်းပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် မေဂျာရွေးနိုင်ဖို့ ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ်အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို့ မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို့ ခင်မင်ခဲ့ကြတယ်ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို့ ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stackingကို ကစားနိုင်ဖို့ ပါရမီ ဖြည့်ခဲ့ပါတော့တယ်အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိန်းခြောက်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့....အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ ...
movie

Fast & Feel Love (2022)

Black Fox: Ultimate Rescue ( 2022 ) 6.1
Black Fox: Ultimate Rescue ( 2022 ) Black fox: Ultimate Rescue 2022ဒီတစ်ခါမှာတော့ CM ကနေပြီးတော့ Action/Fantasy/War movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့ မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , War Runtime : 1h 36 min Subtitle : Myanmar Subtitle ( hardsub ) Translated by Shwe Zin Oo , Chu Chu , Nu Mon Encoded by LK
movie

Black Fox: Ultimate Rescue ( 2022 )

Genres

Archives