Channel Myanmar

Content at random


Movies

Diary of a Wimpy Kid (2021) 5.8
Diary of a Wimpy Kid (2021) Diary of a Wimpy Kid (2021)=====================IMDb Rating - 5.8/10Wimpy Kid ဆိုတာက ကျွန်တော့်လိုကလေးကြီးတွေနဲ့ရင်းနှီးလောက်မယ်ထင်ပါတယ်။၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇ထိ Wimpy Kid ဇာတ်ကား(၄)ကားထွက်ခဲ့ဖူးပါတယ်။အခုချိန်မှာတော့ animated versionနဲ့ ထွက်လာပါတယ်။ဒီဇာတ်ကားလေးမှာ Gregနဲ့ Rowleyဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကြားအဖြစ်အပျက်လေးကိုအဓိကအခြေခံ ရိုက်ကူးထားပြီးတော့ သူငယ်ချင်းအစစ်ဆိုတာဘယ်လိုဆိုတာ၊ တစ်ခါတစ်ရံသူငယ်ချင်း အချင်းချင်းကူညီရာရောက်ရင် လိမ်လိုက်တာကကောင်းပါတယ်ဆိုတာကို ပြညွှန်းထားတဲ့ဖြစ်ရပ်တွေကိုဖော်ပြထားပြီး . 90 born တွေကစလို့ ခုခေတ်လူငယ်တွေ . ကလေးတွေပါကြိုက်လောက်မယ့် ကားသစ်လေးမို့ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲ ဖြစ်ပါတယ်။) File Size -  (185MB)/(460MB)/(870 MB) Quality – WEBRIP - (HEVC small File size - 720p) / (720p) ...
movie

Diary of a Wimpy Kid (2021)

2021
Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020
Silent Night (2021) 6
Silent Night (2021) ခရစ္စမတ်ရဲ့ ​ပျော်ရွှင်ကြည်နူးဖွယ် မိသားစု​မေတ္တာဖွဲ့ ဇာတ်လမ်း​တွေ​ကြောင့် ရိုးအီလာတဲ့သူ​တွေအတွက်Castအလန်းစား​တွေပါဝင်တဲ့ ခရစ္စမတ်vibeအပြည့်နဲ့ Psychological Thriller ကား​ကောင်း​တစ်ကားကို တင်ဆက်​ပေးလိုက်ပါပြီCast​တွေအ​နေနဲ့ Keira Knightley, Annabelle Willis, JoJo Rabitထဲက Roman Griffin Davisလို cast​တွေ ပါဝင်ထားပြီးHorror themeအ​နေနဲ့ IMDb 5.9နဲ့ Rotten Tomatoes 59%အထိ ရထားပါတယ်Nellနဲ့ Simonတို့ လင်မယားနှစ်​ယောက်ဟာ ခရစ္စမတ် ညစာစားပွဲအ​နေနဲ့ကျောင်း​နေဖက်သူငယ်ချင်း​တွေကို ဖိတ်ပြီး စားပွဲလုပ်ခဲ့ပါတယ်၊ဒါ​ပေမဲ့ သူတို့ရဲ့​ညစာစားပွဲက ပွဲမစည်ဘဲ လူတိုင်းမှာ ​​ကြောက်လန့်စိုးရွံ့တဲ့စိတ်ရှိ​​​နေပြီးရယ်စရာဟာသ​တွေ၊ လက်​​ဆောင်ပစ္စည်း​တွေနဲ့ အပူရုပ်ကို ဟန်လုပ်​နေရ​ပေမဲ့​ကြောက်စိတ်​တွေ ဖုံးမနိုင်ဖိမရ ​ပေါ်လာတဲ့အခါ ဘာ​တွေဆက်ဖြစ်ကြမလဲ၊သူတို့အားလုံး ဘာကို​ကြောက်​နေကြတာလဲ၊ ဘယ်လိုရင်ဆိုင်​ဖြေရှင်းမလဲ ဆိုတာကိုပ​ဟေဠိ​ဆန်ဆန် ​အ​တွေးနယ်ချဲ့လိုက်ကြပါဦး File size…(2 GB) / (1 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:32:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Silent Night (2021)

The Eagle Shooting Heroes (1993) 7.1
The Eagle Shooting Heroes (1993) Eagle Shooting Heroes (1993)IMDb Rating - 7.1“ သိမ်းငှက်သူရဲကောင်းများ ”Eagle Shooting Heroes ဆိုတဲ့နာမည်က မြန်မာသိုင်းရုပ်ရှင် ပရိတ်သတ်တွေအတော်များများ ရင်းနှီးပြီးသား နာမည်ပါပဲ။ သိုင်းလောကစိန်ခေါ်သံ၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ မက်မွန်မြေက ချစ်တေးတစ်ပုဒ်၊သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတဲ့ ကျင်းယုံရဲ့သိုင်းယူနီဗာ့စ်ကြီးကို လူအတော်များများ သဘောကျကြပါတယ်။ သူရဲ့တခြားသိုင်း၀တ္တုတွေကို ရိုက်ကြတဲ့ဟာတွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သွေးသစ္စာဓား၊ နှင်းတောင်သူရဲကောင်း၊ ပြန်လမ်းမဲ့ကျွန်းတို့ပေါ့။ 2000 ခုနှစ်၀န်းကျင်မှာ ကိုးနာရီမြ၀တီကားတွေ သိုင်းခွေတွေနဲ့ ကြီးလာတဲ့သူတွေကတော့ သိမ်းငှက်သူရဲကောင်း (ပထမတွဲ) ဝါ မက်မွန်မြေက ချစ်တေးတစ်ပုဒ်ထဲက သိုင်းလောကထွဋ်ခေါင်‌လေးယောက်နဲ့ ၀မ်ချုံရဲတို့ကို ကောင်းကောင်းရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ အခုထိလည်း အခါခါ Reboot ခံနေရတဲ့ ဇာတ်လမ်းပါပဲ။အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုံး၊ အရှေ့ပိုင်းတိတ္ထိ မက်မွန်ကျွန်းသခင်ဟွမ်၊ မြောက်ပိုင်းသူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီကုန်း၊ တောင်ပိုင်းဧကရာဇ် တွမ့်၀မ်ရယ်၊ အလယ်ပိုင်းသူတောင်စင် ၀မ်ချုံရဲစတဲ့ ကောကျင့် ...
movie

The Eagle Shooting Heroes (1993)

1993
Batti Gul Meter Chalu (2018) 6.0
Batti Gul Meter Chalu (2018) Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ...တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie

Batti Gul Meter Chalu (2018)

The kiddie Tomb ( 2021 ) 6
The kiddie Tomb ( 2021 ) ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာစစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့်ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီးသင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီးဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာအငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာလောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာအဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့်ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ Quality : WEB-DL 1080pFormat : mp4During : 1h 12 minGenres : Action , AdventureSubtitle : Myanmar Subtitle ( hardsub )Translated By Nu MonEncoded  By LK
movie

The kiddie Tomb ( 2021 )

Hannibal (2001) 6.8
Hannibal (2001) Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie

Hannibal (2001)

2001
The Sixteenth Level of Hell ( 2021 ) 6
The Sixteenth Level of Hell ( 2021 ) ဒီ The Sixteenth Level of Hell ဇာတ်ကားလေးကတော့ posterကိုကြည့်လိုက်ရင် သိလိုက်ရမဲ့အတိုင်း အမှုလိုက်ဇာတ်ကားလေးဖြစ်ပါတယ် သတင်းထောက်မလေးရဲ့ စာဖတ်ပရိတ်သတ်ကနေတစ်ဆင့်ဖြစ်ပွားခဲ့တဲ့ အမှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ သ‌တင်းထောက်မင်းသမီးလေး ရွှီလင်က သဘောကောင်း စိတ်ရှည်ပြီး သူ့ရဲ့ပရိတ်သတ်တွေကို အချိန်ပေးပြီး စာပို့ စာပြန် ဖုန်းတွေနဲ့အဆက်အသွယ်လုပ်ပြီး ကူညီပေးတဲ့ မိန်းကလေး‌တစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဝရမ်းပြေးတစ်ယောက်ဆီက စာတစ်စောင်ကို လက်ခံရရှိကာ ရင်ဖွင့်ပြီး ဖုန်းတွေနဲ့ဆက်သွယ်လာပါတယ် ရွှီလင်မှာ ရဲအရာရှိဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတော့ အမှုလိုက်ချင်တဲ့စိတ်နဲ့ ရွှီလင်ကို သူ့သူငယ်ချင်းက ဘယ်လိုအသုံးချမလဲ ရွှီလင်ကရော ဝရမ်းပြေးကဆီကပို့လာတဲ့စာတွေ ဖုန်းတွေကိုလက်ခံပြီး ဝင်ဖြေရှင်းပေးမလား သို့မဟုတ် ရဲစခန်းကိုပဲတိုင်ကြားလိုက်မလား ဝရမ်းပြေးဆိုတဲ့နာမည်နဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်ခဲ့တာလဲ ဝရမ်းပြေးတစ်ယောက်က ဘာဖြစ်လို့ သတင်းထောက်ဆိုတာသိသိကြီးနဲ့ လာပြီးရင်ဖွင့်တာလဲဆိုတာကိုသိချင်ရင်တော့ ဇာတ်ကားလေးကိုအဆုံးထိ ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p Format : mp4 During :1h 32min Genres : Crime , Drama Subtitle : Myanmar Subtitle ( Hardsub ) Translated By A Pu Lay Encoded ...
movie

The Sixteenth Level of Hell ( 2021 )

Thief Female Hero ( 2021 ) 5.9
Thief Female Hero ( 2021 ) သိုင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လိုက်ဖြစ်တဲ့ ရိကျီမေဆိုတဲ့ လူချမ်းသာတွေဆီကခိုးယူပြီးဆင်းရဲသူတွေကိုပြန်မျှဝေပေးတဲ့ဇာတ်ကောင်ကို တစ်ချို့လူတွေရင်းနီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့တမင်သက္ကရာဇ်၄ခုနှစ်မှာ ယန်းဝမ်မင်းသားကျူးတိဟာစစ်သည်အင်အားနဲ့ယင့်ထျန်းကိုဝင်တိုက်ခဲ့ရာမှာဘုရင်ကျူးယွင်ကနန်းတော်ကို မီးလောင်တိုက်သွင်းခဲ့ပြီး ရွှေငွေဥစ္စာအများအပြားယူကာ ထွက်ပြေးခဲ့တယ်၊အမှုထမ်းရှန်ရှဲ့ကိုဥစ္စာတွေထိန်းသိမ်းစေခဲ့တယ်။အဲဒီရတနာပစ္စည်းတွေကြောင့်ရှန်မိသားစုလိုက်သုတ်သင်ခံရပြီး ရတနာတွေရဲ့အစကအနပျောက်ဆုံးသွားခဲ့တယ်။များပြားလှတဲ့ရတနာတွေကိုလောဘသားတွေကမျက်စိကျနေပြီးထူဖူနန်းတော်ကလျိုကုန်းကုန်း နဲ့ နန်းတော်အစောင့်တပ်တို့က ထိပ်တိုက်ရန်စောင်နေကြတယ်။လျိုကုန်းကုန်းကအစောင့်တပ်ကိုရှင်းပစ်ပြီး တမင်ရတနာသိုက်မြေပုံရဖို့အတွက် ရတနာလေလံပွဲကိုအယောင်ပြကျင်းပတဲ့အချိန်မှာနာမည်ကျော်သူခိုးရိကျီမေကဝင်ရောက်ပွဲဖျက်ပါတော့တယ်။ရိကျီမေချောင်ပိတ်မိချိန်မှာ အစောင့်တပ်ဖွဲဒုတပ်မှူးမုဖုန်းက အယောင်ဆောင်ကူညီပြီးထွက်ပြေးခဲ့ကြတယ်။နာမည်ကျော်ရတနာသိုက်ရှာဖွေကြတဲ့အပြင် လွန်ခဲ့တဲ့၁၆နှစ်ကသွေးကြွေးကိုဆပ်ဖို့ကြိုးစားတဲ့ ရိကျီမေ။နန်းတော်စောင့်တပ်ဖွဲ့ဝင် မုဖုန်း။ သူ့ရဲ့နောက်ကြောင်းကရောရိုးရှင်းပါ့မလား။အညှိုးအတေးတွေကိုလက်စားချေရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာသိုက်မြေပုံနဲ့ရတနာသိုက်ရှာပုံတော်ဖွင့်ကြတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးကို ဆက်လက်ကြည့်ရှုကြပါနော်။ Quality : WEB-DL 1080pFormat : mp4Genres : Action , AdventureDuring : 1h 30 minSubtitle : Myanmar Subtitle ( hardsub )Translated By Nu MonEncoded By LK
movie

Thief Female Hero ( 2021 )

The Whole Truth (2021) 5.1
The Whole Truth (2021) The Whole Truth (2021)အမှန်တရားဆိုတာက တခါတလေမှာ အမှောင်ထုထဲမှာ ဖုံးကွယ်နေတဲ့ အပေါက်မဲမဲသေးသေးလေးလိုပါပဲဖင်နဲ့ဖတ် မောင်နှမနှစ်ယောက်က မိခင်ဆေးရုံတက်ရပြီးနောက်အဖိုးနဲ့အဖွား လို့ ဆိုတဲ့သူနှစ်ယောက်က အိမ်မှာ ခဏ လာနေဖို့ ခေါ်တာကြောင့် သွားနေခဲ့ကြရတယ်သူတို့မှာ အဖိုးနဲ့အဖွားရှိတယ်ဆိုတာ တစ်ခါမှမသိခဲ့တာကြောင့် သူတို့တွေက အဖိုးနဲ့အဖွားဆိုတာ တကယ်ရောဟုတ်ရဲ့လားမောင်နှမနှစ်ယောက်က အိမ်ထဲမှာ အပေါက်တစ်ခုကို ရှာတွေ့ခဲ့ချိန်မှတော့ ...ထူးဆန်းတဲ့အိမ်ကြီးထဲက အဲ့ဒီအပေါက်လေးမှာ ဘာအမှန်တရားတွေ ရှိနေမှာလဲဒီအပေါက်ကနေ ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲသူတို့မောင်နှမနှစ်ယောက်အတွက် နောက်ဆုံးအမှန်တရားက ဘာများလဲဆိုတာ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Mystery Quality….WEB-DL 1080p and 720p File size…1.5GB and 928MB and 450MB Format…mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

The Whole Truth (2021)

[18+] My Husband, My Lover (2021)
[18+] My Husband, My Lover (2021) အဲလိုက်စ်ဟာ အလွန်အောင်မြင်ပြီး ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်သလို အိမ်ထောင်နှစ်ခုကိုတစ်ပြိုင်တည်းဦးဆောင်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ဟုတ်ပါတယ် အိမ်ထောင် ''နှစ်ခု'' ပါ။ဂရုစိုက်ကြင်နာတတ်ပြီး သူ့လိုပဲထက်မြက်တဲ့ခင်ပွန်းသည် နိုဝယ်ကို အဲလိုက်စ်တာဝန်ကျေသလိုပဲ တစ်ဖက်ကအိပ်ယာထဲမှာအကြမ်းပတမ်းအစွမ်းပြတတ်တဲ့တိတ်တိတ်ပုန်းချစ်သူ ဒင်းနစ်စ်ကိုလဲ မလစ်ဟင်းစေရပါဘူး။အားလုံးဟာ အဆင်ပြေပြေလည်ပတ်နေခဲ့ရာကနေ သူကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးအဖေဟာ တိတ်တခိုးချစ်သူဖြစ်တယ်လို့သူ့ဟာသူဆုံးဖြတ်ချက်ချပြီး ဒင်းနစ်စ်နဲ့သွားပေါင်းဖက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကလေးက အဖတ်မတင်သလိုဒီအင်အေစစ်ဆေးချက်အရ ကလေးအဖေဟာ သူ့ခင်ပွန်းအရင်း နိုဝယ်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒီတော့ နိုဝယ့်အပေါ်တဖန်ဂရုဏာစိတ်တွေယိုဖိတ်ပြီး ကားထဲမှာတစ်ခါ ဟိုတယ်မှာတစ်ခါတာဝန်တွေကျေမိပြန်ပါတယ်။အရင်က နိုဝယ်နဲ့ပေါင်းနေပေမယ့် အခုတော့ ဒင်းနစ်စ်နဲ့ပေါင်းနေတာဖြစ်တဲ့အတွက် သူကဘယ်သူ့အပေါ်ဖောက်ပြန်ရာကျနေမလဲ။ ဘယ်သူကလက်ရှိအချိန်မှာ လင်ကြီးဖြစ်နေလဲ။ ဒီလိုပဲ နိုဝယ်ကလဲ သူအပေါ်ကျောင်းထဲက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ လွိုက်ဒါဆိုတဲ့ချစ်သူနဲ့တွဲနေပြီဖြစ်တဲ့အတွက် သူက စနိုက်ကြော်ရာကျနေမလား။ ဒါဆိုရင် အဲလိုက်စ်ဟာ ခြံခုန်နွားမကြီးလား စနိုက်ကြော်မကြီးလား ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ဒီလိုဇာတ်လမ်းမျိုးတွေကိုအကြီးအကျယ်စိတ်ဝင်စားတတ်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး တစ်ဖက်ဆီကိုတစ်လှည့်စီမျှအောင်ပြပေးထားတဲ့အတွက် ဟိုပရိုဖိုင်သွားချောင်းလိုက် ဒီပရိုဖိုင်သွားချောင်းလိုက် အလုပ်မရှုပ်တော့ပဲအဆင်ပြေမှာပါ။ပြီးတော့ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သူတို့ရဲ့ဆုံးဖြတ်ချက်တွေ တုန့်ပြန်မှုတွေ အချင်းချင်းအဆုံခန်းတွေမှာ စကားနာထိုးကြပုံတွေဟာ အတုယူမှတ်သားဖွယ်ရာ မက်ဆေ့ချ်တွေအပြည့်အဝရမှာဖြစ်ပါတယ်။(၁၈ နှစ်အထက်မှကြည့်ခွင့်ရမယ့် ဇာတ်ဝင်ခန်းများပါဝင်ပြီး ဘယ်သူမှနစ်နာမှုမရှိအောင်သိမ်းပေးထားတဲ့ဒီဖိလစ်ပိုင် အချစ်ဇာတ်ကြမ်းရဲ့ ဇာတ်သိမ်းကလဲ အရမ်းကောင်းတယ်.. ရှယ်ပါပဲ။) File size…(1.2 ...
movie

[18+] My Husband, My Lover (2021)

Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
Tomb of the River (2021) 8.8
Tomb of the River (2021) Tomb of the River (2021)"လူကြမ်းမှာလည်း နူးညံ့တဲ့နှလုံးသား ရှိပါတယ် လူကြမ်းပေမဲ့ လူမိုက် မဟုတ်ဘူး လူမိုက်ဆိုရင်‌ အစွမ်းကုန်မိုက်ရမယ်..."ကိုရီးယား အက်ရှင်ကားဆို နာမည်ကြီးတဲ့ ဇာတ်လိုက်ကျော် Jang Hyuk ရဲ့ Tomb of the River ကိုတင်ဆက်ပါဦးမယ်လူကြမ်းဆိုပေမဲ့ ဆိုးသွမ်းတဲ့အလုပ်တွေ မလုပ်တဲ့ ဂီဆော့နဲ့ အဆိုးသွမ်းဆုံးအလုပ်တွေမှ ရွေးလုပ်တဲ့ မင်ဆော့....ဆန့်ကျင်ဘက်စရိုက်ရှိတဲ့နှစ်ယောက်က တူညီတဲ့လမ်းကိုရွေးရတော့မဲ့အချိန်မှာ ဘယ်လိုတွေ အပြောင်းအလဲဖြစ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်ကြမ်းတမ်းတဲ့ fighting တွေကိုမှ သဘောကျတတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အားရစရာကောင်းမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲအညွှန်းနဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 1.1GB and 500MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

Tomb of the River (2021)

A Dog Named Palma (2021) 7
A Dog Named Palma (2021) ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ်။ခွေးလေးလိုပဲ ဘဝတူ မိခင်ဆံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေ ဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီးသူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကိုဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်းဆိုဗီယက် ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါး လေးခြယ်မှုန်း ပြထားပါတယ် ။တိချစ်သူတွေကော family ကားလေး‌တွေ သဘောကျတဲ့သူတွေပါ ပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။  File size…(2 GB) / (1 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:50:00 Genre...Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

A Dog Named Palma (2021)

Arsène Wenger: Invincible (2021) 8.4
Arsène Wenger: Invincible (2021) Arsène Wenger: The Invincible (2021)လူသားတွေရဲ့ ဘဝဆိုတာ အရှုံးနဲ့အနိုင် ဒွန်တွဲနေတတ်တာမျိုးဗျ၊ အဲ အရှုံးနည်းတဲ့လူကျ လူတော်ဖြစ်လာပြီး အရှုံးမရှိတဲ့သူကျ ပြိုင်ဘက်ကင်း(The Invincible)ဆိုပြီးဖြစ်လာတယ်။ဒီ Documentary တစ်ခုလုံးမှာ အာဆင်နယ်အသင်းကို အာဆင်ဗန်းဂါးရောက်လာတဲ့အချိန်က‌နေစပြီး နှုတ်ဆက်သွားတဲ့အချိန်အထိ သူဒီအသင်းကိုဘာတွေလုပ်ပေးခဲ့တယ်၊ ဘာတွေပေးဆပ်ခဲ့လဲဆိုတာ မြင်ရပါမယ်။တစ်ရာသီလုံးရှုံးပွဲမရှိဆိုတဲ့ ရွှေဖလားကိုဘယ်လိုမျိုးရအောင်ယူခဲ့တာလဲဆိုတဲ့ အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ဆိုရင် အာဆင်ဝင်းဂါးနဲ့တွဲမြင်ရတဲ့ထိ၊ အာဆင်ဝင်ဂါးဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ မွေးဖွားလာရသလား ထင်ရတဲ့အထိကို အာဆင်နယ်ကိုပေးဆပ်ခဲ့ပါတယ်။ဒီအကြောင်းတွေကို အာဆင်ဝင်းဂါးအပြင် အာဆင်ရဲ့တပည့်တွေဖြစ်တဲ့ ဗီရဲရာ၊ ကီရွန်၊ ဘားကမ့်၊ အာဆင့်ရဲ့ masterpiece ဖြစ်တဲ့ သီရာရီ အွန်နရီ သူတို့က ပြန်‌လည်ပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပါပြီး ဆာ အဲလက်စ်ဖာဂူဆန်ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးရဲ့ခင်ဗျာ။ပရီးမီးယားလိဂ်မှာ အသင်းပေါင်း 20 ရှိပါတယ် ၊ The invincible ဆိုတဲ့ အသင်းကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။နိုင်ငံတကာက လိဂ်ပေါင်း များစွာမှာ ဘောလုံးအသင်းပေါင်းများစွာရှိပါတယ်၊ ...
movie

Arsène Wenger: Invincible (2021)

2021
A Loud House Christmas (2021) 5.0
A Loud House Christmas (2021) A Loud House Christmas (2021)=======================ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေးLincoln တို့ပဲဖြစ်ပါတယ်။ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ...
movie

A Loud House Christmas (2021)

2021
The Power of the Dog (2021) 7
The Power of the Dog (2021) မင်းသားကြီးဘန်နီဒစ် ကမ်းဘာဘက်ချ်ရဲ့ ရုပ်ရှင်အသစ်လေးကို ကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်ဟာ Drama, Romance, Western အမျိုးအစားဖြစ်ပြီး ခေါင်းစဉ်ဖြစ်တဲ့ Power of the dog ဆိုတာ ခွေးအကြောင်း မဟုတ်ပါဘူး။ ခွေးမပါပါဘူး။ သမ္မာကျမ်းစာထဲက Deliver my soul from the sword; my darling from the power of the dog. ဆိုတဲ့စာလေးကို တင်စားပြီး သုံးစွဲထားတာပါပဲ။ နားလည်သလို ဘာသာပြန်ရရင် ကျွနု်ပ်ရဲ့ဝိညာဉ်ကို ဓားသွားဆီကနေ ကယ်တင်တော်မူပါ၊ ကျွန်ုပ်ရဲ့ ဘဝကို လူယုတ်မာများဆီကနေ ကယ်တင်တော်မူပါလို့ ပြောရမယ်ထင်ပါတယ်။ ခွေးဆိုတာ သစ္စာရှိခြင်းကို ရည်ညွှန်းသလို တစ်ခါတရံမှာလည်း ယုတ်မာတာကို ရည်ညွှန်းတတ်ပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းသလို တစ်ခါတလေမှာ သိမ်မွေ့တတ်ပါတယ် ဘာကြောင့်လဲဆိုတာတော့ ရုပ်ရှင်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ ဒီကားကတော့ award သုံးခုနဲ့ norminee ခြောက်ခုထိ ဝင်ထားနိုင်ပြီး၊ နိုင်ငံတကာမှာပြသနေဆဲကားပါ. ကျွန်တော်တို့ရဲ့ သခွားသီး Benedict ...
movie

The Power of the Dog (2021)

Ron’s Gone Wrong (2021) 7.2
Ron’s Gone Wrong (2021) Ron's Gone Wrongဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။"ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား""ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ"တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend"(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ ...
movie

Ron’s Gone Wrong (2021)

2021
HEVC 1080p 5.1
The Summit of the Gods(2021) 7.6
The Summit of the Gods(2021) The Summit of the Gods(2021) အညွှန်း**********************************IMDb...7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။ လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုတစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲတောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။ဇာတ်ညွှန်းနဲ့ဘာသာပြန်သူကတော့Moe Lay ပဲဖြစ်ပါတယ်...File Size :(1.7GB) (886MB) and (289MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Animation  , Drama , Thriller Subtitle ...
movie

The Summit of the Gods(2021)

Barely Lethal (2015) 5.4
Barely Lethal (2015) Barely Lethal (2015)" ဒီရုပ်ရှင်ဟာ ကလေးတွေကို လေ့ကျင့်ပေးပြီး လုပ်ကြံရေးသမားတွေအဖြစ်ခိုင်းတဲ့ အစိုးရလျှို့၀ှက်ကျောင်းက ဥက္ကဌ မာသားဖာ့ခ်ကာကြီးဟာ အတော်ဆုံးအေးဂျင့်လေးဖြစ်တဲ့ Bumblebee ထဲက စကီလေးကို ကွင်းဆင်းတာ၀န်ပေးရာက ကလေးဆိုတော့ အပြင်လောကကိုရောက်လာပြီးတဲ့နောက် သိချင်စိတ်များလာရာက သေချင်ယောင်ဆောင် ထွက်ပြေးသွားပြီး မွေးစားမိဘအိမ်တစ်အိမ်မှာနေရင်း အထက်တန်း ကျောင်းသူဘ၀ကို ဖြတ်သန်းရာက ဆယ်ကျော်သက်တွေ ကျောင်းမှာကြုံရတဲ့ ပြဿနာတွေကို ကြုံလာရတဲ့အပြင် သူဖမ်းထားခဲ့တဲ့လူဆိုးဖြစ်တဲ့ ဂျက်စီကာအယ်ဘာက လွတ်လာပြီး သူ့မွေးစားမိဘအိမ်ကိုပါ အန္တရာယ်ပေးဖို့ လုပ်လာတာကိုပါ တားဆီးဖို့လုပ်ရတာကို ဇာတ်အိမ်တည်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာသုံးထားတဲ့ဆယ်ကျော်သက်သဘာ၀တို့ဘာတို့ကို မက်ဆေ့ပေးမယ့် Teenage Movieလေးတစ်ကားပါ"ဇာတ်လမ်းရဲ့အညွှန်းကတော့ ဒီစာတစ်ကြောင်းပါပဲ။ အောက်ကတော့ သူ့အရသာကို ထပ်ညွှန်းထားရုံပါ။ မဖတ်လည်းရပါတယ်။ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်ကိုတော့ မှီလိုက်သေးတယ်။ အဲဒီကာလတွေမှာ Lion King တို့၊ Tom and Jerry တို့ Terminator တို့ ခေတ်စားခဲ့တာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုတွေတော့ ...
movie

Barely Lethal (2015)

2015

Genres

Archives