Channel Myanmar

Content at random


Movies

Little Fockers (2010) 5.5
Little Fockers (2010) Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie

Little Fockers (2010)

A Man Apart (2003) 6.1
A Man Apart (2003) A Man Apart (2003)2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ ...
movie

A Man Apart (2003)

2003
Hard Candy(2005) 7.2
Hard Candy(2005) Hard Candy(2005) အညွှန်း***********************IMDb...7.2အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ဝေဖန်ချက်တွေအများကြီးရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်းကတော့ဒီကားဟာဇာတ်ကားကောင်းတစ်ကားဆိုတာကို ငြင်းနိုင်ဖွယ်ရာ မရှိပါဘူး။၂၀၀၅ခုနှစ်ကထွက်ခဲ့တဲ့ဒီကားကို အခုထိမကြည့်ရသေးရင်တော့ထပ်ပြီးနောက်မကျသွားခင် အခုပဲDownloadဆွဲပြီး ကြည့်ရှုသင့်တယ်လို့ပဲပြောလိုက်ပါရစေ။ ဇာတ်လမ်းကတော့ Crime Thrillerအမျိုးအစားပါ။ တိုကျိုမှာဖြစ်ခဲ့တဲ့မှုခင်းတစ်ခုကိုအ‌ခြေခံပြီး ဒီကားဖြစ်မြောက်လာခဲ့တာပါ။ ဇာတ်လမ်းကတော့ ဟေလီဆိုတဲ့ စာတွေအရမ်းဖတ်ပြီးသီချင်းတွေလည်းကြိုက်တဲ့ ၁၄နှစ်အရွယ်ကောင်မလေးဟာသူ့အဖေအရွယ်လောက်ရှိတဲ့ ၃၂အရွယ်ဓာတ်ပုံဆရာ ဂျက်ဖ်နဲ့အွန်လိုင်းမှာစကားပြောကြရင်းနဲ့ အပြင်မှာဆုံကြဖို့ချိန်းဖြစ်သွားပါတယ်။အသက်မပြည့်သေးတဲ့ မြီးကောင်ပေါက်မလေးနဲ့ လာချိန်းတွေ့ကတည်းကိုကမူသိပ်မမှန်ဘူးဆိုပေမယ့်လည်း ဟေလီကတော့ အကြောက်အလန့်မရှိပဲ သူကြိုက်တဲ့bandပွဲကသီချင်းကိုနားထောင်ချင်လွန်းလို့ဆိုပြီး အခုမှစတွေ့တဲ့ဂျက်ဖ်အိမ်ကိုလိုက်သွားပါတယ်။သားကောင်လေးတစ်ကောင်တော့ မုဆိုးရဲ့ကျော့ကွင်းထဲကျရောက်သွားလေမလားဆိုပေမယ့်ဘယ်သူကတကယ့်သားကောင်ဖြစ်ပြီး ဘယ်လိုဇာတ်လမ်းလှည့်ကွက်တွေရှိနေလဲဆိုတာကိုယ်တိုင်ပဲကြည့်ရှုပြီး အကဲဖြတ်လိုက်ပါဦး။(ဒီလိုအမဲလိုက်သူနဲ့သားကောင်အခြေအနေကြောင့်ပိုစတာမှာ Little Red Riding Hoodပုံပြင်က မနီလေးနဲ့ဆင်အောင်အနီရောင်ခေါင်းစွပ်လေးထည့်သွင်းထားခြင်းပါ)။ ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်တွေကလည်း တစ်ချိန်ကချစ်စရာမင်းသမီးချောလေး(Ellen Page)အခုတော့ဘဲကြီး Elliott Pageဖြစ်သွားသူလေးနဲ့ အခုသရဲကားတွေနင်းကန်ရိုက်နေတဲ့မင်းသားPatrick Wilsonပါ။ ဇာတ်ကောင်နှစ်ယောက်တည်းဆိုပေမယ့် ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ၊ဇာတ်လမ်းကျောရိုးနဲ့ Coloring effectsတွေကြောင့် စွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။Hard Candyလို့ နာမည်ပေးထားတဲ့အတိုင်း အပြစ်ကင်းစင်‌မှုတွေနဲ့ ပြင်းရှရှကြမ်းတမ်းမှုတွေပေါင်းစပ်ထားတဲ့ ဒီကားကို ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါဦး။     File Size :(2GB)(972MB) and (369MB) Quality : Blu-Ray 1080p5.1ch, ...
movie

Hard Candy(2005)

Fight Against Evil ( 2021 ) 6.2
Fight Against Evil ( 2021 ) ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက်အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ်ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပေါ့ဗျာလီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲလူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ်သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲကိုတွေရဲ့မင်းသား လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 480pFormat : mp4Genres : Crime , Drama , ActionRelease Date : 4 October 2021During : 1h 23minSubtitle : Myanmar Subtitle ...
movie

Fight Against Evil ( 2021 )

Antidote (2021) 5.1
Antidote (2021) Antidote (2021)==============ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နာမည်ကတော့ ဖြေဆေး ......ကြည့်ရှုသူအတွက်တော့ ဖြေဆေး မဟုတ်နိုင်တာ အသေအချာပါပဲ။ဇာတ်ကောင်တွေအတွက်ကရော ဖြေဆေး ဟုတ်နိုင်ပါ့မလား?ရှာရန်ဆိုတဲ့ အမျိုးသမီးက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုနဲ့ အတည်တကျ ရှိနေသူပါ။တစ်နေ့မှာတော့ အူအတက်ရောင်တဲ့အတွက် အရေးပေါ် ဆေးရုံတက်ပြီး ခွဲစိတ်ဖို့ ဖြစ်လာပါတော့တယ်။ခွဲခန်းကနေအထွက် မေ့ဆေးပြယ်ပြီး သတိရလာချိန်မှာတော့ သူ တက်ခဲ့တဲ့ ဆေးရုံ မဟုတ်ဘဲ တခြားဆေးရုံလိုနေရာတစ်ခုကို ရောက်နေတာကို သိလိုက်ရပါတော့တယ်။ အဲဒီမှာ ဆေးရုံကနေ လွတ်မြောက်ဖို့ လွတ်လမ်းရှာရင်းဆေးရုံလိုနေရာရဲ့အကြောင်းကို တစ်စထက်တစ်စ သိလာချိန်မှာတော့ ......ရှာရန်နဲ့အတူ ဖြေဆေးကို အတူတူ ကြည့်လိုက်ရအောင်ပါ။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဇာတ်ကားအဆုံးထိကြည့်မိမယ့် ရုပ်ရှင်မျိုးမို့ Horror, Thriller ကြိုက်နှစ်သက်သူတွေ သဘောတွေ့ကြဦးမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Pyg ဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – BLURAY1080p/720p/480p Duration - ...
movie

Antidote (2021)

2021
Game Changer (2021) 7
Game Changer (2021) Game Changer (2021) ဇာတ်လမ်းအညွှန်း************************************ဇာတ်လမ်းလေးကတော့ မြိုပြတစ်ခုရဲ့ အလယ်မှာတော့ ကိုယ့်ပိုင်နက်ကိုယ်ကြီးစိုးပြီးအကျိုးမြတ်ဝင်ငွေရှာကြတဲ့ မားဖီးယားဂိုဏ်းတွေ အများကြီးရှိနေတာကနေ စတော့တာပါပဲ...မာဖီးယားဂိုဏ်းတိုင်းမှာသူ့စည်းကမ်းနဲ့သူရှိပါတယ်....ကိုယ်ပိုင်နက်အတွင်း ကိုယ်နေပြီး သူများကိုလည်း ရန်မစရပါဘူးစည်းကျော်ရင်တော့ တစ်ခုတည်းသောအပြစ်ဒဏ်က သေခြင်းတရားပဲရှိတယ်...အဲ့ထဲက မားဖီးယားဂိုဏ်းတစ်ခုရဲ့ ဘော့စ်မှာတော့ အရမ်းကိုခင်လာကြတဲ့သူငယ်ချင်းလေးယောက်ဟာဘဝအခြေအနေအမျိုးမျိုးကြောင့်နဲ့ ဒီဇာတ်လမ်းရဲ့အဓိက အရေးပါသူတွေဖြစ်လာခဲ့ရပါတယ်...တစ်နေ့မှာတော့ ဘော့စ်ဟာ အခြေနေတစ်ခုကြောင့် ရုတ်တရက်သေဆုံးသွားရာမှာတော့သူတို့ဟာ တစ်ခြားဂိုဏ်းတွေကို ပြောပြမယ့်အစား ကိုယ်ပိုင်လမ်းကြောင်းအသစ် ဖောက်ထွင်လာပါတော့တယ်..ဘယ်လိုလဲဆိုတော့ ဘော့စ်အသက်ရှင်နေသေးတယ်လို ဟန်ဆောင်ပြီး သူတိုဂိုဏ်းအဖွဲကို ဘာမှမဖြစ်ခဲ့သလိုရှေ့ဆက်သွားဖိုပါပဲ....အဲဒီနောက် သူတိုထင်သလို အဆင်မပြေဘဲ ပြဿနာပေါင်းစုံရင်ဆိုင်လာရပါတော့တယ်....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဇာတ်လမ်းအကျဉ်းနှင့် ဘာသာပြန်သူမှာ Mann Mawkunn နှင့် Mhoo Htoo တို့ပဲ ဖြစ်ပါတယ်.....  File Size :(1.95GB) and (995 MB) Quality :Web-Dl1080p5.1ch,720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Mann Mawkunn. & Mhoo ...
movie

Game Changer (2021)

Jumanji: The Next Level (2019) 6.8
Jumanji: The Next Level (2019) အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီIMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ်အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung
movie

Jumanji: The Next Level (2019)

4K HEVC
Jumanji: Welcome to the Jungle (2017) 6.9
Jumanji: Welcome to the Jungle (2017) ၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ...
movie

Jumanji: Welcome to the Jungle (2017)

4K HEVC
All About My Mother ( 2021 ) 6.3
All About My Mother ( 2021 ) Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ...ဘယ်လောက်နားလည်အောင်ကြိုးစားပါစေနားမလည်နိုင်တဲ့ အမေ့အကြောင်းပါ....ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူးအမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကိုပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး...ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်းငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကိုသိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူးဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက်တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါတတိယကတော့ " အမေ မစောင့်နိုင်တော့ဘူး" ကနေ " သမီးကြောက်တယ်" အထိကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ...
movie

All About My Mother ( 2021 )

The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated

Ace Bodyguard ( 2021 ) 5.9
Ace Bodyguard ( 2021 ) ဒီ Ace Bodyguardဆိုတဲ့ action ဇာတ်ကားလေးက ခေါင်းစဉ်နာမည်အရ အထူးသက်တော်စောင့်တစ်ယောက်ရဲ့ကြုံတွေလာရတဲ့အခက်ခဲတွေကို သရုပ်ဆောင်တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်အသက်တော်စောင့်ကျန်းဟန့်က သူ့လုပ်ငန်းကနေအနားယူလိုက်ပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုနဲ့ဘဝကိုအေးဆေးစွာဖြတ်သန်းနေရင်းအန္တရာယ်တွေက ရုပ်တရက် သူတို့မိသားစုလေးအပေါ်ကြရောက်လာတာဖြစ်ပါတယ်ဝါနုသက်တော်စောင့်ဖြစ်တဲ့ ကျန်းဟန့်ရဲ့မိန်းမက သူမအလုပ်တာဝန်ကိုပြီးမြောက်အောင်မလုပ်ဆောင်နိုင်လို့ စာချုပ်အရဖမ်းဆီးခြင်းခံခဲ့ရပါတယ်စာချုပ်အရ တာဝန်မပြီးရင် တစ်ဘက်ကတောင်းဆိုတဲ့အတိုင်း၄၈နာရီအတွင်းပေးတဲ့တာဝန်အသစ်ကို သက်ဆိုင်သူက ပြန်လုပ်ပေးရမှာပါအဲ့တာမလို့ ၄၈နာရီအတွင်း သူချစ်ရတဲ့မိန်းမကို ပြန်ကယ်နိုင်မလားကျန်းဟန့်က သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုပူးပေါင်းကြံစည်ပြီး သူ့မိန်းမကို ဘယ်လိုနည်းလမ်းနဲ့ ကယ်ထုတ်မလဲသူယုံကြည်ရတဲ့ သူငယ်ချင်းတွေကရောတကယ်ယုံကြည်ရတဲ့လူဖြစ်မလားနောက်ဆုံးမှာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစွာဖြင့် ဇာတ်ကားလေးကိုအဆုံးထိကြည့်ရှုလိုက်ကြပါ Quality : WEB-DL 1080pFormat : mp4Genres : Crime , DramaDuring : 1h 7minSubtitle : Myanmar Subtitle ( hardsub )Translated By A Pu LayEncoded By LK
movie

Ace Bodyguard ( 2021 )

Kotigobba 3 (2021) 7.7
Kotigobba 3 (2021) ဒီကားကလည်း ကနာဒါးမင်းသား ဆူးဒိရဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB မှာ 7.8နဲ့ Time of India မှာ 4/5 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းအမေ့အိမ် မိဘမဲ့ဂေဟာကို တည်ထောင်ထားတဲ့ ဆဒ်သရ ဟာမိဘမဲ့ကလေးတွေအားလုံး ချစ်ခင်ရတဲ့ လူတစ်ယောက်ဖြစ်သလို လူတွေကြားမှာလည်းကြင်နာသနားတတ်သူအဖြစ်ကျော်ကြားပါတယ်။ ရဲအဖွဲ့နဲ့လည်းအဆင်ပြေသလို ရဲတွေမရှင်းနိုင်တဲ့ကိစ္စတွေမှာ ခပ်ကြမ်းကြမ်း၀င်နွှဲတတ်သူတစ်ယောက်ပါ။ တနေ့တော့ သူ့ရဲ့မိဘမဲ့ဂေဟာကကလေးလေး ရောဂါတစ်ခုကြောင့် တူရကီမှာ ဆေးသွားကုဖို့ဖြစ်လာချိန်မှာ တူရကီမှာဗုံးတွေပေါက် ‌ယူရိုသန်းချီတန်တဲ့ ရတနာ သရဖူကို ဓါးပြတိုက်ချင်းခံရပါတော့တယ်။ဓါးပြမှုကို ဘယ်သူကျူးလွန်တာလဲ နာမည်ကြီးဓားပြ Ghost ဆိုတာ ဘယ်သူလဲ။ဆဒ်သရ နဲ့ကောဘယ်လိုပါတ်သက်နေလည်း ဆိုတာတော့ အလှည့်အပြောင်းများစွာနဲ့ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်  File size…2.3GB / 1.3Gb  Quality…1080p HD RIP AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle ( ...
movie

Kotigobba 3 (2021)

2021
Motherly (2021) 5.2
Motherly (2021) Motherly (2021)=============2021 ထွက် Horror Movies အမျိုးအစားပါပဲ . ဇာတ်လမ်းအညွှန်းလေးပြောရရင်အသိမိတ်ဆွေတစ်ယောက်က အပြင်သွားစရာရှိလို့ ကိတ် အိမ်မှာ သူ့ကလေးကို ခဏလာအပ်ထားခဲ့ပါတယ်။ဖြစ်ချင်​တော့ တူတူပုန်းတမ်း အတူဆော့ရာကနေ အဲ့က​လေး​လေးက သေသွားခဲ့တယ်ပေါ့။သတ်လိုက်တဲ့သူကလည်း ကိတ်ရဲ့ ခင်ပွန်း ဖြစ်နေတယ်။အဖြစ်အပျက်တွေက ၂နှစ်လောက်ကြာသွားပေမယ့်လည်း ကိတ်အတွက်တော့ စိတ်ဒဏ်ရာတခုလိုဖြစ်နေခဲ့ပြီးလူသူမသိတဲ့နေရာမှာ သမီးလေးနဲ့အတူ ဘဝအသစ်စဖို့ကြိုးစားနေတဲ့အချိန်မှာ ထောင်ကျနေတဲ့ခင်ပွန်းဖြစ်သူကကိုယ့်ကိုယ်ကိုသတ်သေပြီးတော့ ကိတ်အတွက်စာတစ်​စောင်ချန်ခဲ့ပါတယ်။ သူချန်ခဲ့တဲ့စာအဓိပ္ပါယ်က ဘာဖြစ်မှာလဲ????အသတ်ခံရတဲ့ကလေးရဲ့မိဘတွေကလည်း ကိတ်ကိုရှာတွေ့သွားပြီးတော့ အမှန်တရားကို​ဖော်ထုတ်ဖို့ကြိုးစားကြတယ်။ကိတ်ရဲ့သမီး​လေး ဘက်ရဲ့ဘေးကင်းမှုနဲ့ အသတ်ခံလိုက်ရတဲ့ သူတို့သမီးအတွက် အမှန်တရားကိုသိဖို့အတွက် အလဲအလှယ်လုပ်ကြတဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ . . .နောက်ပြီး အချိန်ပေးရတာနဲ့တန်အောင် စိတ်ဝင်စားစရာကောင်းတာမို့ ဆက်လက်စောင့်ကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Thet Hnin Hsuတို့ပဲဖြစ်ပါတယ်။) File Size - (1.4GB)/(850MB)/(460 MB) Quality – WEBRIP ...
movie

Motherly (2021)

2021
The Humans(2021) 6.5
The Humans(2021) The Humans(2021) အညွှန်း*********************** ဒါကတော့ စီးမြောခံစားသက်ဝင်လို့ရတဲ့Drama ရုပ်ရှင်ကားတစ်ကားပါ။ပြဇာတ်ဆရာ Stephen Karamက သူ့ရဲ့Tony awardဆုရထားတဲ့ The Humansပြဇာတ်အပေါ်မှာပဲဇာတ်အိမ်တည်ပြီး ဒီကားကိုဒါရိုက်တာလုပ်ပြီးရိုက်ထားတာပါ။ဇာတ်လမ်းကတော့ ရည်းစားဖြစ်သူ ရစ်ချက်နဲ့ နယူးရောက်ကတိုက်ခန်းဟောင်းကို ပြောင်းနေတဲ့ဘရစ်ဆီကို ဘရစ်ရဲ့မိသားစု (ဘလိတ်ခ်မိသားစု)ကအလည်လာပြီးကျေးဇူးတော်နေ့ညကိုအတူကုန်ဆုံးတာကိုပဲ ကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့စိတ်ခြောက်ခြားစရာဖြစ်အောင် ခံစားချက်ကိုအသားပေးပြီး ရိုက်ပြထားတာပါ။ဘလိတ်ခ်မိသားစုမှာ စိတ်မမှန်တော့ပဲဝှီးချဲနဲ့နေနေရတဲ့အဖွားရယ်၊ အထက်တန်းကျောင်းမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့ပြီးစိတ်ခြောက်ခြားမှုတွေနဲ့အိပ်မက်ဆိုးတွေကိုရင်ဆိုင်နေရတဲ့ဖခင်ဖြစ်သူရယ်၊ မိသားစုကိုချစ်ခင်ပေမယ့် ကိုယ်တိုင်လည်းခံစားနေရတာတွေရှိတဲ့မိခင်ဖြစ်သူရယ်(သူကတော့ The Humansပြဇာတ်မှာ Tony Awardဆုရခဲ့တဲ့သူကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာပါ)ကအခြေကျရာမြို့လေးမှာပဲကျန်နေခဲ့ပြီး အေမီနဲ့ဘရစ်တို့ညီအစ်မကတော့မြို့ကြီးတွေဆီကိုအသီးသီးထွက်ခွာသွားခဲ့ကြသူတွေပေါ့။ ပုံမှန်မိသားစုလေးကညစာအတူစား၊လက်ဆောင်တွေဖောက်နဲ့ရယ်မောနေပေမယ့်လည်း ဝေးကွာနေခဲ့တဲ့မိသားစုဝင်တွေအကြားမှာ တင်းမာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ပြောမထွက်တဲ့အကြောင်းအရာတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေရှိ‌နေတာကိုလှစ်ဟပြသထားတဲ့ဇာတ်ကားပါ။ The Humansဇာတ်ကားမှာ အဖွား၊ အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်နဲ့ဘရစ်ရဲ့ရည်းစား ရစ်ချက်ဆိုပြီး လူသားဇာတ်ကောင်ခြောက်ယောက်ပါပြီးတော့၇ယောက်မြောက်ဇာတ်ကောင်အဖြစ်ကိုတော့ ယိုယွင်းနေတဲ့တိုက်ခန်းကို ဒါရိုက်တာကရည်ညွှန်းပါတယ်တဲ့။ခံစားသက်ဝင်ကြပါဦးး....    File Size :(2.02GB) (998MB) and (380 MB) Quality : Web-Dl1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Drama Subtitle : Myanmar Subtitle ...
movie

The Humans(2021)

Azzurri: The Road to Wembley (2021)Blue Dream 7.4
Azzurri: The Road to Wembley (2021)Blue Dream Azzuri.Road to Wembleyအီတလီစကားဖြစ်တဲ့ Azzuri ဆိုတာ The Blues လို့အဓိပ္ပာယ်ရပါတယ်၊ အပြာသားတွေပေါ့လေ။၂၀၂၀ ကတည်းကကျင်းပရမယ့် Euro 2020 ဖလားဟာ၊ Covid ကြောင့် တစ်နှစ်ရွေ့ဆိုင်းပြီး မနှစ်က အင်္ဂလန်မှာကျင်းပခဲ့ပါတယ်။ အသင်းတိုင်းလည်းအကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေနဲ့ အင်္ဂလန်တို့ကလည်း ဗိုလ်လုပွဲထိတက်လာနိုင်ခဲ့ပြီး၊ တစ်ဖက်မှာလည်း အုပ်စုကို ပေးဂိုးမရှိနဲ့တက်လာခဲ့တဲ့ ရော်ဘတ်တို မန်ချီနီရဲ့ အီတလီသားတို့ကလည်း ဗိုလ်လုပွဲထိကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်သားတို့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုနဲ့ အီတလီသားဂိုးသမား ဒွန်နာရာမာရဲ့ အကောင်းဆုံးပုတ်ထုတ်ကာကွယ်မှုတွေကနေ အီတလီသားတို့ အပြာရောင်အိပ်မက်ကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ဒီ Documentary ကတော့ အီတလီသားတို့ရဲ့ ဗိုလ်လုပွဲအထိဖြတ်သန်းလာပုံတွေကို အီတလီသားတစ်ယောက် အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဘောလုံးသမားတွေရဲ့ ကမ်ပိန်းအတွင်းမှာ တစ်နေ့တာဖြတ်သန်းပုံ၊ နေ့စဉ်နေထိုင်ပုံ၊ လေ့ကျင့်ရေး ဆင်းပုံတွေကို အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီဖန်တွေအတွက်တော့ တကယ့်ဂုဏ်ယူစရာနဲ့ ကြည်နူးစရာအဖြစ် တသသ ပြန်ကြည့်နေရမယ့် Documentary တစ်ခုပါပဲ။ File size…(1.6 GB)/(850 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:01:00 Subtitle….Myanmar Subtitle ...
movie

Azzurri: The Road to Wembley (2021)Blue Dream

Time and Tide (2000) 6.8
Time and Tide (2000) Time and Tide (2000)တိုင်လာက လမ်းပျော်လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်မိန်းကလေးတစ်ယောက် မတော်တဆကိုယ်ဝန်ရှိသွားတဲ့နောက်မှာ ငွေရှာဖို့ဆုံးဖြတ်ရင်းက တရားမ၀င်သက်တော်စောင့် ဂိုဏ်းတစ်ခုမှာ ၀င်လုပ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ လုပ်ငန်းတာဝန်တစ်ခုအတွင်း ဂျက်ခ်ဆိုတဲ့လူတစ်ယောက်နဲ့ မတော်တဆခင်မင်ရင်းနှီးခဲ့ရာကနေ အလုပ်တစ်ခုအတူတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်းတော့ ဂျက်ခ်ဟာ ထိပ်တန်းအဆင့်လေ့ကျင့်ထားတဲ့ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ရာဇ၀တ်လောကကိုကျောခိုင်းပြီး သူ့ဇနီးနဲ့အခြေချဖို့ကြိုးစားနေတဲ့သူပါ။ ဒါပေမယ့်လဲ သူချန်ထားရစ်ခဲ့တဲ့ အတိတ်တွေဟာ သူရဲ့တည်ငြိမ်ဖို့ကြိုးစားနေတဲ့ဘ၀ထဲအထိ ၀င်စွက်နှောင့်ယှက်ဖို့ ကြိုးစားလာတဲ့အချိန်မှာတော့ တိုင်လာပါ ဒီကိစ္စတွေထဲ ၀င်ပတ်သက်ရပါတော့တယ်။ဟောင်ကောင်ရုပ်ရှင်လောကရဲ့ရွှေခေတ်အကြောင်းပြောရမယ်ဆိုရင် Tsui Hark အကြောင်းမပါပဲပြည့်စုံမှာမဟုတ်ပါဘူး။ မကြည့်ဖူးသူမရှိသလောက် နာမည်ကြီးတဲ့ Zu Warriors from the Magic Mountain၊ Once Upon a Time in China film series တွေ၊ A Chinese Ghost Story တွေကိုပုံဖော်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဒီကားကတော့ ဟောလိဝုဒ် မှာဗန်ဒိမ်းနဲ့နှစ်ကားဆက်တိုက်သွားရိုက်ပြီးဟိုမှာစိတ်ရှိတိုင်း ကြဲခွင့်မရလို့ဟောင်ကောင်ကို ...
movie

Time and Tide (2000)

2000
Ajab Prem Ki Ghazab Kahani (2009) 6.4
Ajab Prem Ki Ghazab Kahani (2009) Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ် 2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ...
movie

Ajab Prem Ki Ghazab Kahani (2009)

An Intrusion (2021) 6.9
An Intrusion (2021) An Intrusionလျှို့ဝှက်သည်းဖို ဇာတ်လမ်းမျိုးနှစ်သက်သူတို့ ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ ခရစ်စမတ်လည်း နီးလာပြီဆိုတော့ ခရစ်စမတ်ကာလနောက်ခံဇာတ်လမ်းမျိုးလည်း ကြည့်ချင်မှာပေါ့ ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါခရစ်စမတ်အားလပ်ရက်... ခရစ်စမတ်အားလပ်ရက်ဆိုတာ ချမ်းအေးတဲ့ ဆောင်းရာသီမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေး နေရမယ့် အချိန်လေးပေါ့ ခရစ်စမတ်သီချင်းတွေ သီဆိုရင်း ဘုရားကျောင်းတက်ရင်း ခရစ်စမတ်လက်ဆောင်တွေ အပြန်အလှန်ပေးရင်း မိသားစုတွေ စုံစုံညီညီပျော်ပျော်ပါးပါး နေရမယ့် အချိန်ပေါ့ ။ဒါပေမယ့် .... ဆမ်တို့မိသားစုရဲ့ ခရစ်စမတ်ကတော့ ပျော်စရာကောင်းရမယ့်အစား စိတ်ခြောက်ခြားစရာကောင်းလွန်းတယ် အမည်မသိ ထူးဆန်းတဲ့ stalker တစ်ယောက်က သမီးဖြစ်သူ ရေဘက်ကာကို စနှောင့်ယှက်ရာကနေ စပါတယ် ဘာကြောင့်လဲမသိ ဘယ်သူလဲမသိနဲ့ ဆမ်တစ်ယောက် မိသားစုကို ဘယ်လိုကာကွယ်သွားမှာလဲ ? ဆမ်ကရော stalker ကို ရှာဖွေရင်း ဘယ်လိုအမှားတွေကျူးလွန်မိမလဲ ? Stalker ကရော ဘာကြောင့်လိုက်နှောင့်ယှက်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__(1.75GB) / (950MB) Quality__1080p, ...
movie

An Intrusion (2021)

The Attorney ( 2021 ) 6.3
The Attorney ( 2021 ) ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကိုတရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီးလိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်းအမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်ကအမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင်ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ  Quality : WEB-DL 1080pFormat : mp4Genres : DramaDuring : 1h 43minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

The Attorney ( 2021 )

Baywatch (2017) 5.8
Baywatch (2017) နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie

Baywatch (2017)

2017
4K HEVC

Genres

Archives