Channel Myanmar

Queen of Katwe(2016)

IMDb…7.4,,,,,,Rotten…..93%

ဖီအုိနာဆုိတဲေ့ကာင္မေလးဟာ ရေပုံးလေးဆွဲပြီးလမ်းလျောက်လာတယ်…လမ်းခုလတ်မှာ

ကျောင်းချိန်ဆိုတော့ အဖြူအစိမ်းကျောင်းသူကျောင်းသူတွေကျောင်းတက်ဖို့သွားနေတာကိုတွေ့လေရဲ့…

ဒီကောင်မလေးရဲ့မျက်နှာမှာ ကျောင်းတက်နေတဲ့သူတွေကို အားကျပြီး ကျောင်းတက်ဖို့ မတတ်နိုင်တဲ့သူမရဲ့ ဘ၀ကို

အားငယ်စိတ်ပျက်ဝမ်းနည်းနေပုံပဲ…

ဒီလိုနဲ့တစ်နေ့တော့ သူတို့ရပ်ကွက်ထဲမှာ Chess ကစားနည်းကို နည်းပြပေးနေတဲ့ ဆရာတစ်ယောက်ရဲ့အဖွဲထဲကို

မမျှော်လင့်ဘဲတွေ့ရှိသွားတယ်…ဒီဆရာဟာ ကျောင်းမတက်နိုင်တဲ့ကလေးတွေကို သူ့အားလပ်ချိန်မှာ အခမဲ့သင်ပေးနေတာပါ…

ဖီအိုနာလည်း ဘ၀တူတွေနဲ့ ချက်စ်ကစားဖို့သင်ယူရင်း အချင်းချင်း ချက်စ်ပြိုင်ပွဲလေးတွေလုပ်ကြတယ်…

တစ်နေ့တော့ ဖီအိုနာဟာ သူ့ထက်စီနီယာကျနေတဲ့ကစားသမားကောင်လေးနဲ့ချက်စ်ထိုးပါလေရော….

ဒီကောင်လေးကို ဖီအိုနာဟာ အနိုင်ယူလိုက်တယ်…ချက်စ်နည်းပြဆရာဟာ ဆရာဟာ

တအံတသြနဲ့ ဖီအိုနာကိုမေးတယ်..

“ဖီအိုနာ နင်ရွှေ့လိုက်တဲ့အကွက်တွေက ဆရာ့စာအုပ်တွေဖတ်ပြီး ရွှေ့လိုက်တာလား”တဲ့

ဖီအိုနာကပြန်ဖြေတယ်..

“ဆရာကလည်း သမီးမှ စာမဖတ်တတ်တာတဲ့”

အဲ့ဒီနောက်မှာတော့……

ဒီဇာတ်ကားဟာ Uganda နိုင်ငံ Chess သမိုင်းမှာ သမိုင်းတွင်ခဲ့တဲ့ အမျိုးသမီး Chess ကစားသမား

Phiona Mutesi အကြောင်းကို ပြန်လည်ရိုက်ကူးထားပါ…

သူမရဲ့ ဘဝဖြစ်စဉ်ကို အနီးစပ်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်…

Phiona Mutesi ဟာ Uganda နိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်တွေထဲက တစ်ခုဖြစ်တဲ့ Katwe ရပ်ကွက်မှာ နေထိုင်ခဲ့တာပါ…

ဒီကားက ပြသချိန် ၂နာရီကျော်ကြာမြင့်ပြီး အစမှ အဆုံးထိ ခင်ဗျားကိုဆွဲခေါ်သွားလိမ့်မယ်…

သွားလေးတစ်ခုသာမြင်ရတဲ့ ဒီလူမဲလေးတွေရဲ့အပြုံးတွေကြောင့် လူသားဆန်တဲ့ခင်ဗျားဟာ

တစ်ခါတရံ ပျော်ရွှင်ဝမ်းမြောက်ရသလို…တစ်ခါတစ်ရံတော့ ၀မ်းနည်းသနားမိလိမ့်မယ်..

တစ်ခါတစ်ရံတော့ သူ့တို့တွေရဲ့ အချင်းချင်းဖေးမမှုတွေ….ခက်ခဲ့တဲ့ ဘ၀ပေးအခြေအနေတစ်ခုကနေ

ရုန်းထွက်ဖို့ကြိုးစားနေတဲ့သူတို့တွေကိုကြည့်ပြီး လုပ်လိုက်စမ်းကွ..ဒါပဲလေလို့

အားပေးမိလိမ့်မယ်….

ကိုင်းခံစားကြည့်လိုက်ပါဦး…သူတို့ရဲ့အကြောင်းတွေကိုလည်း ဇာတ်လမ်းအဆုံးမှာ ပြန်လည်ရှင်းပြထားတာမို့ ထွေထွေ

ထူးထူးမပြောတော့ပါဘူး..ဒီကားက Chess မထိုးတတ်တဲ့သူတွေလည်းကြည့်လို့အဆင်ပြေပါတယ်..

 

File Size : (1GB) and (403MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:04:00
Genre :  BiographyDramaSport
Subtitle : Myanmar Subtitle (Hard Sub)
Translated by Paing
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Queen of Katwe(2016)
Queen of Katwe(2016)
Queen of Katwe(2016)
Queen of Katwe(2016)
Queen of Katwe(2016)


No downloads available

Genres



Related movies