Channel Myanmar

The Bricks (2022)

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။

ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။

ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား… မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ… စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား… စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.75GB, 725MB
Quality – 1080p, 720p
Format – mp4
Duration – 1H 33Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Paing Hein Kyaw
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies