Channel Myanmar

The Scarlet Letter (2004)

DramaMysteryThriller

IMDB: /10 votes

147510

Report error

(18+) The Scarlet Letter (2004)

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့်
ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင်
“အချစ်​ကြောင့် ပျက်သုဉ်းရသူများ”လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။
၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး
တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊
IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊
အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့
18+လို့ ​ပြောလို့ရပါတယ်။
မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။

သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့
တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို
ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ
ပါဝင်ထားပါ​သေးတယ်၊
ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​
အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး
စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊
​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့
ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊
စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး
ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊
ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။

မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊
ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက်
အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား
၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို
တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ….

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre…..Drama, Mystery, Thriller
Quality….1080p | 720p| 480p
File size…2.1GB | 901MB | 281MB
Format…mp4
Duration….1h 55min
Subtitle….Myanmar Subtitle (Hardsub)
Translator …..JimX
Encoder …..Blank


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

The Scarlet Letter (2004)
The Scarlet Letter (2004)


No downloads available

Genres



Related movies