Channel Myanmar

Content at random


TV Series

Merlin – Season (4)
Merlin – Season (4) လျို့ဝှက်ဆန်းကြယ်တဲ့ မှော်ပညာအစွမ်းတွေနဲ့ စိတ်ဝင်စားစရာကောင်းလို့ Season တစ်ခုထက်တစ်ခုထက် ပိုပြီးတော့ Rating မြင့်လာတဲ့ Merlin season 4 လာပါပြီ။ အရင်နောက်ဆုံးပိုင်းမှာ မာလင်ရဲ့ အကူအညီနဲ့ မင်းသားလေးအာသာ ကမ်းမလော့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကမ်းမလော့ရဲ့သစ္စာဖောက် မော်ဂိုလည်း သေခါနီးဆဲဆဲဖြစ်နေပြီး စွမ်းအားတွေ တိုးတိုးလာနေတဲ့ သူ့ညီမ မော်ဂါနာနဲ့အတူတူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အခု ဒီ Season မှာတော့မော်ဂိုဟာ သူရဲ့ တည်းတည်းလေးသာကျန်တော့တဲ့ အသက်ကို စတေးပြီး မော်ဂါနာအတွက်ဝိဥာဉ်လောကနဲ့ လူ့လောကကို စည်းခြားထားတဲ့ အရံအတားကို ကျိုးပေါက်အောင် နောက်ဆုံးလက်ဆောင်အနေနဲ့ လုပ်ပေးလိုက်ပါပြီ။ ဒီအရံအတားကြီး ပျက်ဆီးသွားတော့ သေမင်းတမန်လို့ခေါ်တဲ့ နတ်ဆိုးဝိညာဉ်တွေ လူ့လောကထဲကို ၀င်ရောက်လာပြီး သောင်းကျန်းလာနေပြီ။ သူတို့နဲ့ ထိတွေ့လိုက်တဲ့ ဘယ်သူမဆို အသက်မရှင်နိုင်တော့ဘဲ သေဆုံးကြရတယ်... သူတို့ကို ဘာလက်နက်နဲ့မှ တိုက်ခိုက်လို့မရသလို သေအောင်သတ်လို့လည်း မရပါဘူး။ သူတို့ကို မီးနဲ့ပဲ ခြောက်လှန့်မောင်းထုတ်ရုံလောက်ပဲ ...

Merlin – Season (4)

Merlin Season (3) 7.9
Merlin Season (3)   မာလင် Season 3 ကိုစတင်လိုက်ပါပြီ.... ကမ်းမလော့နိုင်ငံတော်ကြီးကိုကာကွယ်ဖို့အတွက် မာလင်နဲ့ မင်းသားအာသာရဲ့စွန့်စားမှုများစွာကို Season 2မှာမြင်ခဲ့ရပါပြီ… ဒါပေမယ့် တကယ့်တိုက်ပွဲကအခုမှစတာလို့ပြောရမလိုပါပဲ… ဒီတစ်ခါရင်ဆိုင်ရမယ့်ရန်သူတော်ကြီးဟာ မထင်မှတ်ချင်စရာ… လေဒီမော်ဂါနာ ဖြစ်နေလို့ပါပဲ…    လေဒီမော်ဂါနဲ့သူ့အစ်မ မော်ဂိုတို့နှစ်ယောက်ပူးပေါင်းပြီး ကမ်းမလော့ကိုဘယ်လိုတွေဖျက်ဆီးကြမလဲ… အကြံတောင်းစရာနဂါးကြီးကလည်းလွတ်မြောက်သွားပြီဖြစ်တဲ့အတွက် မာလင်ကရောဘယ်လိုများရင်ဆိုင်မလဲဆိုတာကို Season 3မှာဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်...Translator.......May Thazin Myint Encoder......Moe Myint Lwin Merlin Season 3 Complete Zip File  VIP  /  Yoteshin 
7.9
TMDb: 7.9/10 votes
tv

Merlin Season (3)

2008-2012
Criminal Minds (Korean Drama) 349
Criminal Minds (Korean Drama) ယခုမှစလာနေတဲ့ Moonlover မင်းသားလေးရဲ့ စုံထောက်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗုံးရှင်းလင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကင်ဟွန်းဂျွန်ဟာ Profiling လိုခေါ်တဲ့ အမှုကိုလေ့လာသုံးသပ်ကောက်ကြောင်းပုံဖော်ပေးတဲ့ပညာကို ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မယုံကြည်တော့တဲ့ ရဲဝန်ထမ်းတစ်ဦးပါ။ တစ်နေ့မှာတော့ လူပျောက်မှုတစ်ခုကို အမှုလိုက်ရင်း ဒီအမှုဟာ ကွင်းဆက်လူသတ်မှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့…. NCI- National Crime Investigation လို့ခေါ်တဲ့ အထူးတပ်ဖွဲ့နဲ့ပူးပေါင်းပါဝင်ဖို့ ဖြစ်လာပါတယ်။ NCI ဆိုတာ အထူးတပ်ဖွဲ့ဆိုတော့ သူရဲ့ အဖွဲ့ဝင်တွေရဲ့ ပညာကျွမ်းကျင်မှုကလည်း ထူးခြားလှပါတယ်။ အထူးအမှုတွေကို စုံစမ်းဖော်ထုတ်တဲ့အဖွဲ့ဆိုတော့ ပြစ်မှုကျွမ်းကျင်သူရဲ့ စိတ်ပိုင်းဆိုင်ရာ Criminal mind ကို သိဖို့အထူးအရေးကြီးပါတယ် ။ ဒီလူတွေဟာ စိတ္တဇလူသတ်သမားတွေဆိုတော့ အရင်အလောင်းတွေ စစ်ဆေးရတဲ့မူတည်ပြီး သူတို့ဘယ်လိုဆက်လုပ်သွားနိုင်တယ်ဆိုတာ မှန်းဆဖော်ထုတ် ကောက်ကြောင်းဖေါ်တဲ့ Profiling ပညာကို အဓိက ထားရတာပါပဲ။ ဒီအဖွဲ့မှာ ပြစ်မှုကျူးလွန်သူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာကြည့်ပြီး ကောက်ကြောင်းပုံဖော်တဲ့ Behavior Profiling Sepecialist  ဟဆန်းဝူး၊ စိတ်ပိုင်းဆိုင်ရာ Psychology ကို အဓိက ...
349
TMDb: 349/10 votes
tv

Criminal Minds (Korean Drama)

2017
The Legend Of Zhu (2015)
The Legend Of Zhu (2015) MyanmarAsiaTv နဲ့ပေါင်းပြီး တရုတ်သိုင်းကား တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် .... အပိုင်း ၅၅ ပိုင်း ပါဝင်ပြီး တကယ်ကို ကောင်းတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပါလို့ ပထမဆုံးအာမခံပါရစေ ... မင်းသား မင်းသမီးတွေကလဲ နာမည်ကြီးဆိုရင်လဲ မှားနိုင်မည်မထင်ပါဘူး ... ဇာတ်လမ်းအကျဉ်းကတော့ - နတ်ဆိုးလောကမှာ သခင်လေးရဲ့ အချစ်ခြင်းကိုခွဲခဲ့ တဲ့သူက သန့်စင်တယ်ဆိုတဲ့ဇူးဇန်းဂိုဏ်းချုပ်ဖြစ်နေတဲ့သူပေါ့ .... နတ်ဆိုးသခင်က လောကမှာ မှော်စွမ်းအင်ကိုလက်ခံနိုင်မယ့်ကောင်လေးတစ်ယောက်ကို ဇူးဇန်းကိုပို့ခဲ့တယ် .... မှော်စွမ်းအင်ကိုနိုးဆော်ပေးဖို့ ကောင်လေးရဲ့ဇနီးရုပ်နဲ့တူနေတဲ့ကောင်မလေး တစ်ယောက်ကိုထပ်လွှတ်ပေးခဲ့တယ် ... အဲ့လို အရှုပ်အထွေးတွေနဲ့ အချစ်အမုန်းကလဲစားချေတာကို ကြည့်ရှုရမှာဖြစ်ပြီး ... မှော်လောကရဲ့ သခင်အဖြစ် မင်းသားချော (Chinese Scarlet Heart ရဲ့ခေါင်းဆောင်မင်းသား) Nicky Wu သရုပ်ဆောင်ထားပြီး ... မှော်စွမ်းအင်ကိုလက်ခံမယ်သူနေရာမှာတော့ William Chan က သရုပ်ဆောင်ကာ .... မှော်ဓာတ်ကိုနိုးဆော်ပေးမယ့် သူနေရာမှာ (The Journey ...

The Legend Of Zhu (2015)

Fight My Way (2017)
Fight My Way (2017)  ဒီဇာတ်ကားလေးကတော့ အခုမှ ပူပူနွေးနွေး ကိုရီးယားမှာ ပြသနေတဲ့ Drama ဇာတ်လမ်းလေးပါသူငယ်ချင်းလေးယောက်အကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့….. ၂၀၀၆ ခုနှစ် နယ်မြို့လေးတစ်မြို့မှာ အထက်တန်းကျောင်းသူကျောင်းသားလေးယောက်။ လူငယ်ပီပီ ရိုးသားတယ် ပွင့်လင်းတယ် စိက်ကူးယဉ်အိပ်မက်ကိုယ်စီနဲ့ပေါ့။“ဂိုဒုန်မန်” (Hwarangကားထဲက ခွေးငှက် Park Soe Joon) -------- သူကတော့ တိုက်ကွမ်ဒိုကစားသမားလေး။သူရဲ့ခြေကန်ချက်တွေနဲ့ ကျောင်းသားအားကစားပွဲတော်တွေမှာ ထူးချွန်ပြီး ကျောင်းသူတွေကြားထဲ ရေပန်းစားသူလေး။သူ့ရဲ့စိတ်ကူးအိပ်မက်တွေကတော့ ထိုင်း Onebak မင်းသားလို အကောင်းဆုံးတိုက်ခိုက်ရေးအားကစားသမားဖြစ်ချင်သူလေး“ချွဲအယ်ရာ”( အားလုံးရဲ့အချစ်တော် DOTS ထဲက မြောင်ဂျူး Kim Jin Won )-------စာမတော်ပေမယ့်လည်း တစ်နေ့ကျရင်တီဗွီမှာ အစီအစဉ်ကြေငြာသူတစ်ယောက်ဖြစ်ချင်သူ။ပွင့်လင်းတယ် စိတ်ဆတ်တယ် အကြံအဖန်တွေလည်းလုပ်တတ်တယ်“ဘက်ဆဲလ်ဟီး” (Touching Youဆိုတဲ့ကားထဲကမင်းသမီး Song Ha Yoon) …….. သူရဲ့စိတ်ကူးယဉ်အိပ်မက်လေးကတော့ရှိးရှင်းတယ် အိမ်ထောင်ရှင်မကောင်းတစ်ယောက်သာဖြစ်ချင်သူလေး“ဂျိုမန်” (Reply 1988 ထဲမှာ ပေါတောတော အကိုကြီးAhn Jae Hoon.) ……….သူကတော့ ...

Fight My Way (2017)

Claymore 8.1
Claymore   Claymore ဟာ Manga မှာကော Animation မှာပါအောင်မြင်မှု့ရရှိခဲ့တဲ့ Action ဇာတ်လမ်းတွဲဖြစ်ပြီး IMDB Rating 8.1 အထိရရှိထားပါတယ်... ဇာတ်လမ်းတွဲပုံစံကတော့ လူသားစားမကောင်းဆိုးဝါးသတ္တ၀ါများ မကောင်းဆိုးဝါးများကျက်စားရာ ဒေသများမှ ရွာများကိုအခကြေးငွေယူပြီး မကောင်းဆိုးဝါးများကိုသုတ်သင်ပေးတဲ့ ဓါးသမားအဖွဲ့အကြောင်းပဲဖြစ်ပါတယ်... ဓါးသမားများဆိုပေမယ့် အဖွဲ့ဝင်အားလုံးမာမိန်းကလေးများ ဖြစ်နေသည်ကတော့ ထူးဆန်းဖွယ်ရာတစ်ခုပဲဖြစ်ပါတယ်.... ဒီဓားသမားမိန်းမချောလေးတွေဟာ သာမာန်လူသားတွေထက် အဆပေါင်းများစွာခွန်အားကြီးကြပါတယ်... သူတို့ရဲ့ဟာ လူသားစားမကောင်းဆိုးဝါးကောင်တွေကိုဖယ်ရှားပေးဖို့  အခကြေးငွေယူပြီးသတ်ပေးရတဲ့ ဓားသမားတွေပဲဖြစ်ပါတယ်... လူသားတိုင်း သူတို့လာတာနဲ့အလိုလိုကြောက်ကြရပါတယ်.... ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကလဲ လူတပိုင်းမကောင်းဆိုးဝါးတစ်ပိုင်းဖြစ်နေလို့ပါပဲ... ဒါကြောင့်သူတို့ဟာ သူတို့ရဲ့မကောင်းဆိုးဝါးအစွမ်းတွေကိုအဆုံးထိရောက်အောင်မထုတ်မိကြဖို့ အမြဲဂရုစိုက်ရပါတယ်....တကယ်လို့သူတို့မကောင်းဆိုးဝါးအစွမ်းကိုအဆုံးထိရောက်အောင် သုံးမိသွားတဲ့အခါ မကောင်းဆိုးဝါးလုံးလုံးဖြစ်သွားပြီး အဖွဲ့ဝင်အချင်းချင်းသုတ်သင်တာကိုခံရပါတယ်.... နောက်ပြီးသူတို့တွေဟာ လူသားတွေကိုလည်းသတ်ခွင့်မရှိပါဘူး... မတော်တဆသူတို့သတ်မိသွားရင်လည်း အဖွဲ့ဝင်အချင်းချင်းသုတ်သင်တာကိုခံရပါတယ်... ဘ၀ရဲ့ဇာတ်ကြောင်းများစွာကိုထည့်သွင်းပြီးတင်ဆက်ထားတဲ့ ဒီစီးရီးဟာ အပိုင်းတစ်ပိုင်းလောက်ကြည့်လိုက်မိရုံနဲ့ နောက်အပိုင်းတွေကို ဆက်တိုက်ကြည့်ချင်စိတ်ရှိလာအောင်ရိုက်ကူးထားတဲ့ အကောင်းဆုံး Animation အမျိုးစားထဲမှာပါပါတယ်...ဒါကြောင့် Channel Myanmar Animation Fan တွေအတွက်ကြည့်ဖို့တကယ်သင့်တဲ့ Animation Series တစ်ခုဖြစ်တယ်လို့ ညွှန်းလိုက်ပါရစေ...   Translators....CM Animation Team Encoders.....Thit San Khant & Moe Myint Lwin Episode (1) Episode (2) Episode (3) Episode (4) Episode (5) Episode (6) Episode (7) Episode (8) Episode (9) Episode (10) Episode (11) Episode (12) Episode ...
8.1
TMDb: 8.1/10 votes
tv

Claymore

Prison Break Season5 (2017) အားလုံး စောင့်မျှော်နေကြတဲ့ Prison Break Season 5ကိုတင်ဆက်ပေးလိုက်ပါပြီ IMDb မှာ 9.1အထိရရှိထားပြီးဒီနှစ်အတွက်ဒီ Seasonမှာ အပိုုင်း ၉ပိုင်းသာ ပါရှိပြီး Mini Seriesအဖြစ် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်ဒီ Seasonပြီးရင် ဆက်ရိုက်မယ်မရိုက်ဖူးဆိုတာကိုတော့ဒီ Season အဆုံးထိကြည့်ပြီးမှပဲ သိရှိနိုင်မှာပါကဲ ပထမ Season 4 ခု ကိုတော့ တော်တော်များများကကြည့်ဖူးကြပြီးသားဖြစ်တာမို့ ပြန်မပြောပြတော့ပါဘူးနော်အခု Season 5 ပထမ အပိုင်းမှာတော့ အားလုံးက သေပြီလို့သတ်မှတ်ထားကြတဲ့ မိုက်ကယ် ဟာ မသေသေးကြောင်းကိုတီဘက်ကြီးက သတင်းစကားသယ်လာပါတော့တယ်မိုက်ကယ် ဟာ ယီမင် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတာဖြစ်ပြီးဆာယာ နဲ့ သာမကပဲ တဖွဲ့လုံးနဲ့ ပါ အဆက်အသွယ် ပြတ်နေတာပါကဲ ပရိတ်သတ်ကြီးရေ ဘာတွေ ဆက်ဖြစ်မယ်ကိုတော့ ဆက်ကြည့်လိုက်ပါတော့ ဗျဘာသာပြန်ပေးထားတာကတော့ကိုနိုင်လင်းအောင်ပါ :) Complete Zip File  Yoteshin  /  VIP

Prison Break Season5 (2017)

“Fighter of the Destiny” (2017)
“Fighter of the Destiny” (2017) တရုတ်ပြည်မကြီးမှာ လူသားမျိုးနွယ်တွေရယ် တောရိုင်းမျိုးနွယ်တွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ အတူတူနေထိုင်နေကြရာကနေ မိစ္ဆာမျိုးနွယ်စုတွေက အားလုံးကိုအုပ်စိုးဖို့ စစ်ပွဲတွေဆင်နွဲလာတဲ့အတွက် လူသားမျိုးနွယ်နဲ့တောရိုင်းမျိုးနွယ်စုတွေ ပေါင်းပြီးခုခံကာကွယ်ခဲ့ကြရတယ် ။ ထိုက်ဇန်ဘုရင်မင်းမြတ်ကြီးရဲ့ ထက်မြက်မှုကြောင့် စစ်ပွဲကနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမယ့် မိစ္ဆာမျိုးနွယ်တွေကို အောင်အောင်မြင် မြင်တွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမယ့် ထိုက်ဇန်ဘုရင်ကြီး ရုတ်တရက် နတ်ရွာစံသွားချိန်မှာ မိစ္ဆာမျိုးနွယ်တွေက ပြန်ပြီးကျူးကျော်စစ်ဆင်နွဲလာကြပါတယ်။ လူသားမျိုးနွယ်နဲ့ တောရိုင်းမျိုးနွယ်တွေကိုမိစ္ဆာတွေက ရန်က ကာကွယ်ပေးနိုင်တဲ့ ကြယ်တာရာတံတိုင်းကြီးတစ်ခုရှိပါတယ် ။ဒီတံတိုင်းကြီး ရှိနေရင်မိစ္ဆာမျိုးနွယ်တွေ အန္တရာယ်မပေးနိုင်ပါဘူး။ ခံစစ်တံတိုင်းကြီးအားနည်းလာတဲ့အတွက် စွမ်းအားပြန်လည်တက်လာအောင် ထိုက်ဇန်ဘုရင်ရဲ့သွေးသားကို စတေးရမှာဖြစ်တဲ့အတွက် မိဖုရားကြီးဟာ သားတော်လေးကို စတေးပြီး မိစ္ဆာတွေရန်က လူသားမျိုးနွယ်တွေကို ကယ်တင်ပေးခဲ့ရတယ်။ သားတော်လေးဟာ ကြယ်တာရာတံတိုင်းကြားမှာပဲ ပျောက်ဆုံးသွားပါတော့တယ်။   ချန်ချန်ရှန်းကတော့ ပျောက်ဆုံးသွားတဲ့သားတော်လေးပါ ။ သူ့ကို တောင်ပေါ်က သူတော်စင်ကြီးတစ်ပါးက မွေးစားထားပြီး ပြုစုထားပါတယ်။ အပြင်လူတွေနဲ့ ပတ်သတ်မှု မရှိဘဲတောင်ပေါ်မှာပဲ  စာပေလေ့လောရင်း ဆေးဖက်ဝင်အပင်တွေ ရှာဖွေရင်း ကြီးပြင်းလာခဲ့ပါတယ် ။ ကြယ်တာရာတံတိုင်းကြားမှာ စတေးခံခဲ့ရသူမို့ သူရဲ့သွေးထဲမှာ ...


The Day After We Break Up (2016)
The Day After We Break Up (2016) အခုလက်​ရှိ နာမည်​ကြီးဇတ်​ကားတစ်​ကားဖြစ်​တဲ့ Master of the mask ထဲက သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ Infinite အဖွဲ့ က မင်းသား​ချော​လေး L နဲ့ မင်းသမီး​ချော​လေး Yoon soo he တို့ အဓိက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ The day after we broke up ဆိုတဲ့ အပိုင်း ၈ ပိုင်း ပါဝင်​တဲ့ ​​ဇတ်​ကား​ကောင်းေ​လးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဒီဇာတ်​ကာ​လေးဟာ ဂျပန်​ရုပ်​သံလိုင်းနဲ့ ကိုရီးယားရုပ်​သံလိုင်းတို့ ပူး​ပေါင်းရိုက်​ကူးခဲ့တဲ့ ဇတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပြီး ဂျပန်​နိုင်​ငံမှာ ၂၀၁၆ တုန်းကပြသခဲ့ပါတယ်​ စိတ်​ကူးယဉ်​ ဆန်​ဆန်​နဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အချစ်​ဇတ်​လမ်း​ကောင်း​လေးတစ်​ကား​လေးဖြစ်​ပါတယ် ​ ဘယ်​အရာကိုမဆို စိတ်​မြန်​လက်​မြန်​နဲ့ တစ်​ဇွတ်​ထိုးလုပ်​တတ်​ပြီး ဂီတလမ်း​ပေါ်မှာ ​အောင်​မြင်​စွာရပ်​တည်​နိုင်​ဖို့ ကြိုးစား​နေတဲ့ Tan (L) တစ်​​ယောက်​ တစ်​ရက်​မှာ​တော့ နာမည်​ကြီးရုပ်​သံလိုင်းတစ်​ခုက​နေ ကမ်းလှမ်းခံရပြီး သူ့ရဲ့ လက်​ရှိလုပ်​​နေတဲ့ဂီတအဖွဲ့ကို စွန့်​လွှတ်​ဖို့ဖြစ်​လာတဲ့အခါ စိတ်​ထွက်​​ပေါက်​ရှာတဲ့အ​နေနဲ့ ...

The Day After We Break Up (2016)

Elfen Lied
Elfen Lied  ကြည့်ခဲ့သမျှဂျပန်ကာတွန်းတွေထဲမှာ ဒီကားဟာDarkအဖြစ်ဆုံးနဲ့ တပိုင်းကြည့်ပြီးတခါ ဆို့နင့်နင့်ကြီးခံစားအရဆုံး ကာတွန်းဖြစ်ပါတယ်။ဝတ်လစ်စလစ်အခန်းတွေများလို့သာ 18+သတ်မှတ်လိုက်ရပေမယ့်  ကြည့်ပြီးရင်ထဲတမျိုးကြီး ဖြစ်ပြီးကျန်ခဲ့တဲ့ကားလေးပါ အတိတ်ရဲ့တချို့အကြောင်းအရာတွေကို သတိမရတော့တဲ့ကောင်လေးတစ်ယောက် အဲ့ကောင်လေးကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေတဲ့ကောင်မလေးတယောက် မျိုးရိုးဗီဇပြောင်းလဲသွားတဲ့ကောင်မလေးတွေကို ဖမ်းချုပ်ပြီးစမ်းသပ်နေတဲ့ဓာတ်ခွဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့အရမ်းသွေးအေးပြီး ရက်စက်တဲ့ကောင်မလေးတစ်ယောက် သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရင်မောဖွယ်ရာခြယ်မှုန်းထားတဲ့ကားတွန်းဇာတ်လမ်းတွဲလေးပါ IMD rating 8.2အထိတောင် ရထားတယ်ဆိုတော့ အထူးကောင်းကြောင်းပြောဖို့မလိုလောက်ဘူးထင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုတော့အရသာပျက်မှာစိုးလို့ မပြောတော့ပါဘူး ကိုယ်တိုင်ပဲကြည့်ပြီးခံစားကြည့်လိုက်ပါလို့ပဲတိုက်တွန်းပါတယ် အာမခံရဲတာကတော့ အပိုင်း၁ကိုစကြည့်မိတာနဲ့ အဆုံးထိဘာဆက်ဖြစ်မလဲသိချင်စိတ်က သင့်ကိုဆွဲခေါ်သွားပါလိမ့်မယ် ( Dr.Nyan ဘာသာပြန်ပေးထားပါတယ်)  Complete Zip   Vip  /  Yoteshin 

Elfen Lied

Merlin Season 1
Merlin Season 1 2008 ခုနှစ်ကပြသခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ Myth တစ်ခုဖြစ်တဲ့ အာသာနဲ့မာလင်ဇာတ်လမ်းကို ပြန်လည်ဆန်းသစ်လို့ရိုက်ကူးတင်ဆက်ထားတဲ့မာလင်ဇာတ်လမ်းတွဲဟာ IMDb Rate 7.9  အထိရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်season 1 ကနေ 5 အထိရှိပြီး Channel Myanmar ကနေ အစအဆုံးတင်ဆက်ပေးသွားပါမယ်လို့သတင်းကောင်းပါးရင်းနဲ့ အညွှန်းလေးကိုဆက်ခံစားလိုက်ရအောင် မှော်ပညာတွေထွန်းတောက်တဲ့အချိန်တုန်းက ကမ်းမလော့လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကံကြမ္မာဟာလူငယ်လေးတစ်ဦးရဲ့အပေါ်မှာကျရောက်လို့နေပါတယ်..သူ့နာမည်ကတော့ " မာလင် "ပါမာလင်ဟာ ၀မ်းတွင်းမှော်အတတ်နဲ့မွေးဖွားလာသူတစ်ဦးပါ.ဟောတမ်းတွေအရဆိုရင်အကြီးမြတ်ဆုံးသောမှော်ပညာရှင်ဖြစ်လာမယ့်သူပေါ့..မာလင်ဟာသူ့အမေရဲ့စေလွှတ်မှုနဲ့ကမ်းမလော့ပြည်ကိုလာရောက်ပြီး ဘုရင့်သစ္စာခံသမားတော် ဖြစ်တဲ့ဂါးယက်စ်နဲ့မိတ်ဆက်တွေ့ဆုံခဲ့ပါတယ်အဲ့အချိန်က ကမ်းမလော့မှာ အူသာပန်ဒရာဂွန် ဘုရင်အုပ်စိုးနေပြီး မှော်ပညာရှင်တွေကိုသတ်ဖြတ်ပြီးမှော်ပညာကိုနိမ်နင်းနေတာပါ..ဒီလိုတိုင်းပြည်မျိုးမှာမာလင်တစ်ယောက်လျို့ဝှက်စွာနေထိုင်းရင်းမှော်ပညာတွေကိုသင်ယူရင်းကနေ သူကံတရားပါလာတဲ့အတိုင်းအာသာပန်ဒရာဂွန်ကိုကာကွယ်ရင်းတိုင်းပြည်အရေးတွေကိုသူတတ်ကျွမ်းတဲ့မှော်ပညာနဲ့ဘယ်လိုများကာကွယ်ခဲ့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်....  Translated By : Zon Myat Noe Swe Encoded And Review By : ~ LK ~   Merlin Season 1 Complete Zip File    VIP  /  Yoteshin 

Merlin Season 1

2008-2012
GoodBye Mr.Black (2016)
GoodBye Mr.Black (2016) ကဲ အခုတစ်ခါတော့ မြ၀တီ ရုပ်သံလိုင်းမှာ ပြသနေဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကို တက်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းတွဲလေးကတော့ မြ၀တီရုပ်သံကိုကြည့်နေကြသူတွေဆို ဒီ ကြိုးမဲ့စွန် ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရင်းနှီးကြမှာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ရေတပ်ဗိုလ်ဖြစ်သူ ချာဂျီဝန်း ဟာ မထင်မှတ်ထားတဲ့ အမှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရပြီးသူဟာ မသေပဲ မစ္စတာဘလက် အဖြစ်တဖန် ပြန်လည်မွေးဖွားလာခဲ့ပြီး စွမ်း ဆိုတဲ့ မိန်းမချောလေးနဲ့ လက်ထပ်ပြီးသူ့ဘ၀အမှန်ကို ဖုံးကွယ်ထားခဲ့ပါတယ် အဲ့ဒီ စွမ်းဆိုတဲ့ မိန်းမချောလေးကကော ဘယ်လို နောက်ကြောင်းအတိတ်ဘ၀ကြောင့် သူများအသုံးချတာကိုခံနေရတာလဲ ချာဂျီဝန်း ကကော ဘယ်လိုတွေ လက်စားချေဖို့ကြံလေမလဲ သူ့ကိုကောဘယ်သူတွေက မကောင်းကြံစည်ထောက်ချောက် ဆင်ခဲ့ကြတာလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှူလိုက်ကြပါတော့နော် စုစုပေါင်းအပိုင်း ၂၀ ရှိပါတယ်ဗျ :D Download Link ==========================Complete Zip File  VIP  /  Yoteshin[1-10]  /  Yoteshin[11-20]

GoodBye Mr.Black (2016)

Lucky Romance (2016)
Lucky Romance (2016) ကိုရီးယားဇာတ်လမ်းတွဲကြိုက်သူများအတွက် CM မှ ၂၀၁၆ ခုနှစ်ထွက် Lucky romance ဆိုတဲ့ Romance & Comedy ဇာတ်လမ်းကောင်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးမှာ အဓိကပါဝင်သရုပ်ဆောင်များကတော့ -ငယ်ငယ်လေးကတည်းက IQ အရမ်းမြင့်ပြီး   အသက် ၅ နှစ်အရွယ် လောက်ကတည်းက   အထက်တန်းသင်္ချာပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်တာကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက ပါရဂူတန်းတက်ခွင့်ရတဲ့ ဂျယ်ဆူးဟို။ သူက ဥာဏ်ရည်အရမ်းမြင့်လို့  ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်လာပြီး ဂိမ်းတွေကို နိုင်ငံတကာထိထိုးဖောက်နိုင်အောင် တီထွင်နိုင်ပြီး ဂိမ်း ဖန်တီးတီထွင်တဲ့ ဂျေဂျေလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေပြီး ဗေဒင်ယတြာတွေ ကံတွေကို မယုံဘဲ အရာရာကို ဦးနှောက်နဲ့သာ စဉ်းစားဆုံးဖြတ်တတ်တဲ့ စီအီးအို -ဂျယ်ဆူးဟို..အဖြစ်  Reply 1988 ဇာတ်ကားနဲ့ 52 Baeksang Art Award မှာ Best New actor, TVN ရဲ့ Rising star ...

Lucky Romance (2016)

Supernatural Season 12
Supernatural Season 12  စီစန် ၁၂ စပါပြီ။ စီစန် ၁၁ မှာ God နဲ့ အမာရာတို့ ငြိမ်းချမ်းရေးရသွားပါပြီ။ အမာရာက မသွားခင်မှာ ဒီးန်ရဲ့ အမေကို ပြန်ရှင်ပေးခဲ့ပါတယ်။ ဆမ်ကိုတော့ အင်္ဂလိပ် အက္ခရာလူသားတွေ ဖမ်းသွားပြီး ကတ်စ်တီယယ်ကတော့ အဝေးကို မောင်းလွှတ်ခံလိုက်ရပါတယ်။ ဒီအပိုင်းမှာတော့ ဆမ်ကို လိုက်ကယ်မယ့် ဒီးန်တို့ သားအမိနဲ့ ကတ်စ်တီယယ်..... ခန္တာခွံမရှိလို့ လူတစ်ယောက်ကနေ တစ်ယောက်ကူးနေရတဲ့ လူစီဖာ....ငရဲကို ပြန်စိုးမိုးနိုင်ဖို့ လူစီဖာကို လိုက်သတ်နေတဲ့ ခရောင်လီတို့နဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ.......  Episode 1 (300Mb)   Episode 2 (200Mb) Episode 3(200Mb) Episode 4 (200Mb) Episode 5(200Mb) Episode 6(200Mb) Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12 Episode 13 Episode 14 Episode 15 Episode 16 Episode 17 Episode 18 (Openload) Episode ...

Supernatural Season 12

Love Me If You Dare (2015)
Love Me If You Dare (2015) စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ဇာတ်လမ်းစီးရီးလေးတစ်ခုကိုစတင်မိတ်ဆက်ပေးလိုက်ပါတယ်… အားလုံးလည်းကြိုက်ကြမယ့်အပြင် စီးရီးကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်.. ကိုယ့်ကမ္ဘာငယ်ထဲမှာကိုယ်သီးသန့်နေထိုင်တတ်တဲ့ ပေါ်ကျင်းယွင်ဆိုတဲ့ လူငယ်လူတော် စိတ်ရောဂါကု ပါရဂူကြီးတစ်ယောက် ကျန်းယိုယိုဆိုတဲ့ ကောင်မလေးကို အချိန်ပိုင်း စာတမ်းဘာသာပြန်ဖို့ ဌားလိုက်မိရာကစပီး ဆက်နွယ်လာတဲ့ ကွင်းဆက်လူသတ်မှုတွေကို ဖြေရှင်းရင်းနဲ့ ရေခဲတုံးကြီးပေါ်ကျင်းယွင် ကျန်းယိုယိုကြောင့် အရည်ပျော်လာတယ် ဒီအချိန်မှာ တစ်ခါက သူဖမ်းပေးလိုက်တဲ့ အမေရိကန်က စိတ္တဇလူသတ်သမားက ထောင်ထဲက လွတ်လာခဲ့ရင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်… (Neve Luna ရဲ့ပွဲဦးထွက် ဘာသာပြန်ထားတဲ့စီးရီးအသစ်ဖြစ်ပါတယ်…)Episode (1)Episode (2)Episode (3)Episode (4)   Episode (5)   Episode (6)   Episode (7)   Episode (8)   Episode (9)   Episode (10)   Episode (11)   Episode (12)   Episode (13)   Episode (14)   Episode (15)   Episode (16)   Episode (17)Episode (18)Episode (19)   Episode (20)   Episode (21)   Episode (22)   Episode (23)   Episode (24)  

Love Me If You Dare (2015)

Legend Of The Blue Sea ( 2016 )
Legend Of The Blue Sea ( 2016 ) မနေ့ကမှထွက်တဲ့ Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကို၇ီးယားနိုင်ငံ၇ဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်ပါဝင်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသသွားမှာဖြစ်ပြီး ဇန်န၀ါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီးနောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကိုသြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီးနောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်  ဇာတ်လမ်းအညွှန်း ၁၅၈၆ ခုနှစ် ...

Legend Of The Blue Sea ( 2016 )

Genres

Archives