Channel Myanmar

Content at random


TV Series

Attack on Titan (S01+S02+OVA+ S03 Part1+S04 Part 3) 7.6
Attack on Titan (S01+S02+OVA+ S03 Part1+S04 Part 3) IMDb 8.8/10 ရရှိထားတဲ့ ကမ္ဘာတဝှမ်းမှာလူကြိုက်များနေတဲ့ Anime seriesကောင်းလေးတခုကိုမိတ်ဆတ်ပေးပါရစေလွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီး လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာ တံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင် Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ်ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့ Titanကြီးတကောင် ပေါ်လာချိန်မှာတော့.... AOT Season 1 - Complete Zip! AOT Season 2 - Complete Zip! AOT Season 3 Part1 - Complete Zip! AOT Season 3 Part 2 - Complete Zip! AOT Season 4 Part 1 - Complete Zip! AOT Season 4 Part 2 - Complete Zip! Season 4 Part 3 720p Episode 1 - Yoteshin / Userdrive / Megaup / ...
7.6
TMDb: 7.6/10 335 votes
tv

Attack on Titan (S01+S02+OVA+ S03 Part1+S04 Part 3)

2013
Venus in the Sky (2023)
Venus in the Sky (2023) Venus in the Sky / ကောင်းကင်ယံ ရဲ့ သောကြာကြယ် (2023)အလုပ်ကထွက်ပြီး မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ ဗီးနပ်စ်ဟာ သူ့အစ်ကိုရဲ့ ကုန်စုံဆိုင်လေးမှာ ပစ္စည်းပို့အလုပ်ကိုကူညီပေးရင်း အေးအေးဆေးဆေး အနားယူနေခဲ့ပါတယ်။တစ်နေ့မှာတော့ သူအစ်ကိုရဲ့ဆိုင်ကို ရောက်ရှိလာတဲ့ ဖောက်သည်အသစ်လေးဟာ ဗီးနပ်စ်ရဲ့ ချစ်သူဟောင်း ဆရာဝန်လေးစကိုင်းဖြစ်နေတဲ့အခါ…….လွန်ခဲ့တဲ့သုံးနှစ်ကလမ်းခွဲခဲ့ကြတဲ့ ဗီးနပ်စ်နဲ့ စကိုင်းတို့ ပြန်ဆုံတွေ့မှုအပေါ် ခံစားချက်တွေကို မထိန်းချုပ်နိုင်ကြတော့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Kaung, Khaing, Kim, Moh တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Khaing, Kim, Moh Encoder ..... Aaron720pEpisode 01 - Userdrive ...

Venus in the Sky (2023)

2023
Shoresy (2022) Season1+2 Complete 7.9
Shoresy (2022) Season1+2 Complete ကနေဒါနိုင်ငံလို့ပြောတာနဲ့ ကျွန်တော်တို့ပထမဆုံးပြေးမြင်တာကတော့ ဟော်ကီပါပဲ။ ဟုတ်ပါတယ်။ ဒီကနေဒါဇာတ်လမ်းတွဲကတော့ IMDB 8.5 နဲ့ Rotten Tomatoes 100% ရထားတဲ့ ဟော်ကီနဲ့ပတ်သက်တဲ့ Sitcom ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDB 8.6 ရထားတဲ့ နောက်ထပ်နာမည်ကြီး Sitcom ဇာတ်လမ်းတွဲဖြစ်တဲ့ Letterkenny ရဲ့ spinoff လည်းဖြစ်ပါတယ်။နာမည်ကြီးကနေဒါသရုပ်ဆောင် Jared Kesso ကိုယ်တိုင်ရေးပြီး Shoresy နေရာမှာ ကိုယ်တိုင်သရုပ်ဆောင်ထားလည်းဖြစ်ပါတယ်။ Shoresy ဟာကျေးလက်ဒေသကနေ ဟော်ကီအသင်းတစ်ခုမှာ ဝင်ကစားဖို့ ဆတ်ဒ်ဘူရီမြို့ကို ပြောင်းလာပါတယ်။သူဝင်ကစားတဲ့အသင်းက Bulldogs ဖြစ်ပြီး သူဝင်မကစားခင်မှာ ဆတ်ဒ်ဘူရီမြို့ရဲ့ ထိပ်တန်းဟော်ကီအသင်းတစ်ခုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူဝင်လာတဲ့အချိန်ကစပြီး ပွဲ 20 ဆက်တိုက်ရှုံးပြီး နည်းပြဖြစ်သူက ထွက်သွားရုံတင်မကဘဲ မန်နေဂျာဖြစ်သူကပါ အသင်းကိုဖျက်သိမ်းတော့မယ့်အထိ အခြေအနေဆိုးလာပါတယ်။ရှုံးရမှာကို သေလောက်အောင်မုန်းတဲ့ Shoresy ဟာ သူ့ရဲ့နည်းပြအတွေ့အကြုံနဲ့ စွန့်စားမှုများတဲ့ အစီအစဉ်တစ်ခုကို မန်နေဂျာကိုပြောပြပြီး အသင်းကိုမဖျက်သိမ်းဖို့နဲ့ ပြိုင်ပွဲကိုနိုင်အောင်လုပ်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ လေးသင်းလိဂ်မှာ အဆင့်လေးဖြစ်နေတဲ့ Bulldogs က ဆတ်ဒ်ဘူရီမြို့ရဲ့ ...
7.9
TMDb: 7.9/10 29 votes
tv

Shoresy (2022) Season1+2 Complete

2022
Invincible (2021) – Season (01) 8.9
Invincible (2021) – Season (01) Invincible (2021) - Season (01)=======================IMDb Rating - 8.8/10အရင်နှစ်တွေက Super Heroဖန်တွေကြား အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့ Amazon Primeက အသစ်ထုတ်ထားတဲ့ Super Hero Animation Series အသစ်ပါပဲ။ Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့ IMDbရော Rotten Tomatoesမှာပါ The Boysထက် Ratingသာနေသေးတယ်။ Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi ၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz Jk Simmonsတို့လို နာမည်ကြီးတွေကို သုံးထားပေးတယ်။ Amazon primeဟာ ပရိတ်သတ်ကို အတော်စေတနာကောင်းတယ် ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ Quality Productတစ်ခုပါပဲ။ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့ ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့ ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့ အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။ စူပါပါဝါတွေက The Boysထဲက အများစုရဲ့ ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့ ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင် အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။ အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင် မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ...
8.9
TMDb: 8.9/10 718 votes
tv

Invincible (2021) – Season (01)

2021
Annika (2021) 7.135
Annika (2021)   2021 ခုနှစ်ထွက် စကော့တလန်အကောင်းဆုံးစီးရီးတွေထဲကတစ်ခုဖြစ်တဲ့ crime drama စီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ BBC Radio4 ရဲ့ Annika Standhed ဆိုတဲ့ drama ပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Alibi နဲ့ All3Media မှာလွှင့်ဖို့ Black Camel Pictures ကနေထုတ်လုပ်ရိုက်ကူးထားတာပါ။ 2021 ခုနှစ် ဩဂုတ်လမှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။လက်ရှိ Series နှစ်ခုထုတ်လွှင့်ထားပြီး serie တစ်ခုမှာ episode ၆ ခုဖြစ်ပါတယ်။ Episode တစ်ခုစီတိုင်းမှာ အဓိကဇာတ်ကောင်များမပြောင်းလဲဘဲ သီးခြားဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ Nikola Walker၊ Jamie Sives၊ Katie Leung၊ Kate Dickie၊ Ukweli Roach နဲ့ Silvie Furneaux တို့ကဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။Series ရဲ့ဇာတ်အိမ်ကိုတော့ နော်ဝေနွယ်ဖွား စကော့တလန်ရေကြောင်းသေမှုသေခင်းဌာနက အမှုလိုက်အင်စပက်တာ အန်နစ်ကာစထရန်းဒက်တ် ရဲ့အမှုလိုက်ပုံတွေ၊ သမီးဖြစ်သူမော်ဂန်နဲ့ အပြန်အလှန်ဆက်ဆံရေးတွေအပေါ်အခြေခံပြီး ...
7.135
TMDb: 7.135/10 37 votes
tv

Annika (2021)

2021
Dangerous Romance (2023)
Dangerous Romance (2023) Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...

Dangerous Romance (2023)

2023
Daily Dose of Sunshine(2023)[Complete]
Daily Dose of Sunshine(2023)[Complete] Daily Dose of Sunshine(2023)***************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး All of Us Are Dead” ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Lee Jae Kyu ရဲ့လက်ရာအသစ်ဖြစ်ပြီး“All of Us Are Dead” နဲ့မတူကွဲပြားပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် healing ဒရာမာလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း Park Bo Young, Yeon Woon Jin, Jang Dong Yoon နဲ့ Lee Jung Eun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို စုစုပေါင်းအပိုင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။အရင်က ကိုယ်တွင်းအင်္ဂါကုဌာနမှာပဲလုပ်ခဲ့ဖူးတဲ့ သူနာပြုဆရာမလေး Jung Da Eun ..တစ်နေ့မှာတော့ မြောင်ရှင်းတက္ကသိုလ်ဆေးရုံက စိတ်ရောဂါကုဌာနဆီ ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ပထမဆုံးအတွေ့အကြုံလည်းဖြစ်သလို သာမန်ဝေဒနာရှင်တွေလိုမျိုး ကိုယ်ခံစားနေရတဲ့ဝေဒနာကိုသေချာမပြောပြနိုင်ကြတဲ့လူနာတွေနဲ့ကြုံတွေ့လာရတဲ့အခါ ဘယ်လိုအလွဲတွေ ...

Daily Dose of Sunshine(2023)[Complete]

2023
John Carpenter’s Suburban Screams (2023) 6
John Carpenter’s Suburban Screams (2023)  ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်‌တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလို သရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီး အဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာ က လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ အာမခံထားပါတယ်ဗျာ။ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ...
6
TMDb: 6/10 3 votes
tv

John Carpenter’s Suburban Screams (2023)

2023
Our Flag Means Death (2023) Season 02 Complete 7.8
Our Flag Means Death (2023) Season 02 Complete Our Flag Means Death (2023) Season 02 Complete ~ IMDb - 7.8/10, Rotten Tomatoes - 93% ~ လူကြီးလူကောင်း ပင်လယ်ဓားပြကြီး ပြန်လာပါပြီ။ ဘဲနဲ့ ကွဲပြီး ဘိုင်ကျနေတဲ့ စတိဒ်ဘွန်းနက်တစ်ယောက် ပင်လယ်ဓားပြနိုင်ငံက စပိန်သူ ဂျက်ကီရဲ့ ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း ချစ်သူကို ရှာဖို့ သင်္ဘောဝယ်မယ့် အိပ်မက်ကို တည်ဆောက်နေပါတယ်။ သူချစ်ရသူ နာမည်ကျော် ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ခေါ် အက်ဒ်ဝက် တိခ်ျကလည်း ဘဲနဲ့ ကွဲတော့ စိတ်ထိခိုက်ပြီး တွေ့သမျှသင်္ဘော ဓားပြလိုက်တိုက်နေပါတယ်။ ဓားပြတိုက်တာများလွန်းလို့ တိုက်လို့ရတဲ့ ပစ္စည်းတွေကိုတောင် ပစ်ချပြီး ထပ်တိုက်ဖို့ ကြံပါသေးတယ်။ အမြဲတမ်းအလုပ်ပဲလုပ်နေရတော့ အဖွဲ့သားတွေလည်း ပင်ပန်းပြီး ကပ္ပတိန်ကို ငြိုငြင်လာကြပါတယ်။ ဒါပေမဲ့လည်း ဘာမှမပြောရဲပါဘူး။ ဆရာ့ဆရာကြီးမုတ်ဆိတ်နက်ကိုးဗျ။ သူတို့အချစ်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို တွေ့ကြရမှာပါ။ နောက်ထပ် ဇာတ်ကောင်အသစ်ပါလာတာကတော့ တရုတ်ပင်လယ်ဓားပြ ဧကရီ ...
7.8
TMDb: 7.8/10 151 votes
tv

Our Flag Means Death (2023) Season 02 Complete

2023
Castlevania: Nocturne (2023) 7.5
Castlevania: Nocturne (2023) Castlevania : Nocturne (2023) ........................................ IMDb Rating - 7.5/10 Rotten Tomatoes 100%များ​​သောအားဖြင့်ဇာတ်လမ်းတစ်ခု​ပေါက်လို့ ​နောက်ဆက်တွဲ​​တွေ ဆက်ထုတ်ရင် ဂွမ်းတာများ​ပေမဲ့ ဒီစီးရီးက​တော့ ပထမစီးရီးကို​ကောင်း​ကောင်းကြီးယှဥ်နိုင်တဲ့အ​နေ အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာ​တော့ ပထမစီးရီးကအဖြစ်အပျက်ပြီး နှစ်​ပေါင်းသုံးရာအကြာ ပြင်သစ်​နိုင်ငံရဲ့​တော်လှန်​ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ ​ မြန်မာ​တွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူ​တွေငတ်ပြတ်​နေလို့ ​ပေါင်မုန့်​တောင် စာစရာ မရှိဘူးဆိုပြီး ဘုရင်ကို​တောင်းဆိုချိန်မှာ ​ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီး​ဘုရင်မက ပြောခဲ့ရာက​နေ လူထုအုံကြွမှုပိုဆိုးသွားပြီး ​နောက်ဆုံး ပြည်သူ​တွေဟာ နန်း​တော်ထဲ အထိဝင်စီးကာ ​ဘုရင်ကို​ရော၊ ဘုရင်မကိုပါ ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ ပြင်သစ်​တော်လှန်​ရေးအ​ကြောင်းကိုအကြမ်းဖျင်း​လေ​ပေါပြရရင်​တော့ ပြင်သစ် တော် လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် ...
7.5
TMDb: 7.5/10 9200 votes
tv

Castlevania: Nocturne (2023)

2023
[18+] Gen V (2023) Complete 8.5
[18+] Gen V (2023) Complete Gen V (2023) S01 Complete  (The Boys ထုံးစံအတိုင်း ခေါင်းဖြတ်၊ ပေါက်ကွဲ၊ လိင်အင်္ဂါ ဘာညာ ပြစရာရှိတာတွေအကုန် ပယ်ပယ်နယ်နယ် ပြတာမို့လို့ မိသားစုနဲ့အတူ မကြည့်သင့်ကြောင်းပါ)  ~ IMDb - 7.9 /10, Rotten Tomatoes - 97% ~ စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ The Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ The Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ...
8.5
TMDb: 8.5/10 7 votes
tv

[18+] Gen V (2023) Complete

2023
Lom Phat Phan Dao (2023) 10
Lom Phat Phan Dao (2023) Lom Phat Phan Dao / ကြယ်စင်ခတ်တဲ့လေပြည်ညှင်း 2023ဒေါင် အဖြစ် Aum Patchrapa ဆုန်ဝတ် အဖြစ်Tik Jesdaporn ဝါယု အဖြစ် Kem Hussaweeဇာတ်လမ်းအကျဉ်းသက်လတ်ပိုင်းအရွယ် ဒေါင်ဆိုတဲ့မိန်းကလေးက အလုပ်လုပ်ရင်းပဲ ဘဝကိုဖြတ်သန်းနေတဲ့သူလေးပါအချစ်ဦးနဲ့လွဲခဲ့ကတည်းက ဘယ်ယောကျာ်းလေးကိုမှ စိတ်ဖွင့်မပေးခဲ့သော သူမတစ်နေ့ကျ လူငယ်လေးဝါယု သူမဘဝထဲဝင်ရောက်လာပါတော့တယ်ဝါယုက လူငယ်ပီပီ လွတ်လပ်စွာနဲ့ပဲ အနာဂတ်အစီစဉ်မရှိ ဖြတ်သန်းရင်း ဘဝကို ကုန်ဆုံးနေသူပါဝါယုနဲ့ဒေါင်က မေတ္တာမျှပြီး ပျော်ရွှင်နေကြပေမယ့် အချစ်ဦးဆုန်ဝတ်ပြန်ရောက်လာချိန်မှာတော့အနာဂတ်မတည်မြဲတဲ့ဝါယုနဲ့ တည်ဆောက်ထားတဲ့ဆက်ဆံရေးကိုပြန်လည်သုံးသပ်မိရင်းဒေါင်ဟာ သူမအချစ်ဦးကို ပြန်ရင်ခုန်သွားမလားမောင်လေးရဲ့မမပဲ တသက်လုံးဖြစ်သွားမလားဆိုတာကတော့အချစ်ဇာတ်သက်သက်ဖြစ်တဲ့ ရိုမန့်ဇာတ်ကားလေး “ကြယ်စင်ခတ်တဲ့လေပြည်ညှင်း”ကို ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါTranslated by Nang Mwe Kham & Fake Love & Lei Wutyi TunGenre..... Romance, Drama Quality…. 1080p | 720p File size… 1.2GB | 400MB Format… mp4 Duration…. ...
10
TMDb: 10/10 10 votes
tv

Lom Phat Phan Dao (2023)

2023
Adult Trainee (2021) [Complete] 7.6
Adult Trainee (2021) [Complete] Adult Trainee (2021) ******************** အပိုင်း (၁ မှ ၇) စ / ဆုံး Twinkling Watermelon ထဲက ဟာအွန်းဂယောနဲ့(G)I-DLE ထဲက Miyeonတို့ ပါဝင်ထားတဲ့ web drama လေးပါ။တစ်ကိုယ်ရည်အာသာဖြေမှုကို စွဲလမ်းနေတဲ့ Jae Minရှေးရိုးစွဲ မိန်းကလေးဖြစ်တာကြောင့် ချစ်သူရဲ့ စွန့်ပစ်ခြင်းခံလိုက်ရပြီးတကယ်အချစ်စစ်နဲ့ တွေ့လာတဲ့အခါ ရှေးရိုးစွဲဝါဒီကို ပြုပြင်ဖို့ ကြိုးစားတဲ့ Yu Raရည်းစားတစ်ခါမှ မထားဖူးတဲ့ အဝလွန်နေတဲ့ ကောင်မလေး Na Eunဆယ်ကျော်သက်လေးတွေရဲ့ နေ့စဉ် ကျောင်းသားဘဝ၊ အချစ်ရေး၊ ကြုံတွေ့လာရမယ့် စိတ်ပူပန်မှု‌တွေနဲ့ဟော်မုန်းဓာတ်ကြောင့် ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ စူးစမ်းချင်လာတတ်ကြတဲ့အထန်ကောင်လေးတွေအကြောင်းကို part 3 ပိုင်းခွဲပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ဟာသနှော ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းကိုတော့ AHtet မှ ရေးသားပေးထားပါတယ်။) Episodes: 7 Aired: Nov 12, 2021 - Nov 26, ...
7.6
TMDb: 7.6/10 18 votes
tv

Adult Trainee (2021) [Complete]

2021
Still Up (2023) 7.2
Still Up (2023)  ဒီလမှာမှ ပူပူနွေးနွေးထွက်ရှိထားပြီး Apple TV+ ရဲ့ IMDB 6.2/10, Rt 78 % ရရှိထားတဲ့ Comedy series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Craig Roberts (Submarine) နဲ့ မင်းသမီး Antonia Thomas (The Good Doctor ထဲက Dr. Claire Browne)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါပြီး စုစုပေါင်း အပိုင်း ၈ ပိုင်း ထွက်ရှိမှာဖြစ်ပါတယ်။အိမ်ထဲက အိမ်ပြင်လည်းမထွက်၊ ညညဆို အိပ်မပျော်တတ်၊ သန်းခေါင်မှ သရဲဝင်ပူးသလိုလို ဖုတ်ပဲဝင်သလိုလိုနဲ့ အိုးတွေခွက်တွေလှန်ပြီး အစားတွေထစား၊ ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ messenger ထဲဝင်ပြီး "ဟေး"တို့ "ဟိုင်း" တို့ကနေ မတက်တဲ့ အခြေအနေမျိုးနဲ့သူတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ ဒီကားထဲက ဒန်နီ့ကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ကိုယ်ချင်းစာတတ်မှာပါ။ဒန်နီက အပြင်ထွက်ရမှာကြောက်တဲ့ ...
7.2
TMDb: 7.2/10 12 votes
tv

Still Up (2023)

2023
Scent of Time ( 2023 )
Scent of Time ( 2023 ) ရှေးခေတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ။ ဒီကားလေးကတော့အချစ်ဇာတ်လမ်းအပြင် မိန်းကလေးတစ်ယောက်အမှားတွေကိုပြင်ဆင်ပြီး ကြီးပြင်းရင့်ကျက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဟွာချန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့ကိုမချစ်တဲ့ကျုံးယဲ့လန်ဆိုတဲ့ သူအတွက်အမှားတွေအများကြီးလုပ်ခဲ့ဖူးတယ်။ နောက်ဆုံးမှာသူ့ရဲ့မိသားစုအိုးအိမ်ပါပျက်စီးရတဲ့ထိဖြစ်ခဲ့တယ်။ကံကြမ္မာအလှည့်အပြောင်းဖြစ်လာတဲ့အချိန်မှာ ဟွာချန်ကရုတ်တရက်နိုးလာတော့ သူကကျုံးယဲ့လန်နဲ့လက်ထပ်တဲ့မင်္ဂလာဦးညကိုပြန်ရောက်သွားခဲ့တယ်။ ကံကြမ္မာတစ်ပတ်ပြန်လည်လာတဲ့အခါ ဟွာချန်ကအရင်ကအတိုင်းအမှားတွေ နောက်တစ်ခါပြန်မဖြစ်အောင် ပြန်လည်ပြင်ဆင်ရင်ကြိုးစားနေထိုင်လာခဲ့တယ်။ သူ့ဘေးမှာရှိတယ်မိသားစုနဲ့မိတ်ဆွေတွေကိုပိုပြီးအလေးထားလာခဲ့တယ်။လမ်းမှားကိုရောက်ခဲ့တဲ့မိသားစုဟာလဲ တဖြည်းဖြည်းနဲ့လမ်းမှန်ပြန်ရောက်လာခဲ့တယ်။ အဲဒီလိုလမ်းမှန်ရောက်ဖို့ကြိုးစားနေတဲ့အချိန်အတောအတွင်းမှာ ပဟေဠိတွေဟာ တဖြည်းဖြည်းနဲ့အဖြေပေါ်လာခဲ့ပြီး သူ့ကိုအရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေခဲ့တဲ့ ကျုံးရှီးဝူကိုသတိထားမိလာခဲ့ပြီး သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ စတင်လာပါတော့တယ်။========================Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVid / StreamWishEp 1 ( 1080p ) - Yoteshin / ...

Scent of Time ( 2023 )

2023
Campus Beats (2023) 2
Campus Beats (2023) Campus Beats 2023 (သို့) စည်းချက်ကြားကရင်ခုန်သံIMDb-8.6/10နာမည်အတိုင်း စည်းချက်တွေကကွက်တွေကို တစ်ဝကြီး ရှုစားရမဲ့စီးရီးဗျာMAD ဆိုတဲ့ လူကုံထံအသိုင်းအဝိုင်းတွေတက်တဲ့ ကျောင်းတစ်ခုရှိတယ် အဲဒီကျောင်းကိုပဲထောက်ပံ့ကြေးနဲ့လာတက်တဲ့သူတွေလည်းရှိတယ်ရွှေဇွန်းကိုက်သူဌေးသားသမီးတွေက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့သူတွေကို ဝိုင်းနှိမ်ကြဘလိန်းကြပေါ့ သူတို့ဘလိန်းကြပုံက ထုကြရိုက်ကြမဟုတ် အကတွေပြိုင် တဲလန့်တွေယှဉ်ကြတာ အဲဒီမှာ နီတရာဆိုတဲ့ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ကောင်မလေးကို ရီဟာနာတို့အဖွဲ့ကပြဿနာရှာကြရာကစပြီး ရီဟာနာဘက် နီတရာဘက်ဆိုပြီး ကွဲကြပြိုင်ကြဖြစ်ရော ၊ နီတရာရဲ့ ထူးခြားတဲ့ပုံလေးကိုကြွေသွားတာ ပျိုတိုင်းကြိုက်လူချောလေး အီရှန်နီတရာဆိုတာက ထောက်ပံ့ကြေးနဲ့ ဝင်လာတဲ့ သာမန်ဆင်းရဲသူလေးမဟုတ် MAD ကျောင်းအတွင်းဖြစ်သွားတဲ့ အမှုတစ်ခုကိုစုံစမ်းဖို့ရုပ်ဖျက်ပြီး ဝင်လာတဲ့သူ....သူစုံစမ်းနေတဲ့အမှုက ဘာများလဲ သူနဲ့အီရှန်တို့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်လာမလဲ အချောလေးတစ်သိုက် အကအခုန်လေးတွေနဲ့အတူ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Alex ~ ToMo ~ BpL ~ Zwe ~ Yunni ~ Dee တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
2
TMDb: 2/10 1 votes
tv

Campus Beats (2023)

2023
Loving You ( 2023 )
Loving You ( 2023 ) ဒီဇာတ်ကားလေးကတော့ EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Huang ZiTao နဲ့ မင်းသမီး Wang He Run တို့ main role ကနေပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးက -တိကုဆရာဝန်မလေး ထျန်ထျန်ဟာ နိုင်ငံခြားမှာပညာသင်ရင်း တကယ့်ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပါ ။ ဒါပေမဲ့ မိသားစုထဲမှာ မမျှော်လင့်ထားဘဲ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဲ့ပြသနာကတော့ ဖခင်ဖြစ်သူရဲ့အပြင်းအထန် ဖျားနာမှု့ဖြစ်ပြီး ထျန်ထျန်တစ်ယောက် မလွှဲမရှောင်သာ သူ့ဖခင်ရဲ့ သွေးနဲ့ချွေးနဲ့ရင်းပြီးတည်ထောင်ခဲ့တဲ့ "ထျန်လင်" တိကုဆေးရုံကို လက်‌လွှဲပြောင်းယူဖို့ဖြစ်လာခဲ့ပါတယ် ။တစ်ဖက်မှာကလည်း တရုတ်ပြည်ရဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ လွီချွမ်းရဲ့ ဥက္ကဌလောင်းဖြစ်တဲ့ ရှန်မိဟာ ကုမ္ပဏီကကိစ္စတစ်ခုကြောင့် စီးပွားရေးမပြေလည်တဲ့ တိမွေးကုဆေးရုံတစ်ရုံကိုလိုက်ရှာနေခဲ့တဲ့အချိန်ဖြစ်နေပြန်ပါတယ် ။ အဲ့လိုနဲ့ ထျန်ထျန်တာဝန်ယူထားတဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ တိမွေးကုဆေးရုံကိုရှာတွေ့သွားရာက....ထျန်ထျန်တစ်ယောက် ရှန်မိရဲ့ ရင်းနှီးမြှပ်နှံမှု့လုပ်ချင်တဲ့‌ေတာင်းဆိုမှု့ အပေါ် လက်ခံလိုက်မလား ? သူတို့နှစ်ယောက် ဘယ်လိုမျိုးစီးပွားရေးအတူလုပ်ဖြစ်သွားမလဲ ? ဘယ်လိုမျိုးသံယောဇဉ်တွေတွယ်မိပြီး ချစ်မိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရသမျိုးစုံနဲ့ကြည့်ရှု့ခံစားပေးကြပါဦး===========================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres ...

Loving You ( 2023 )

2023
Club Friday Season 15 : Love and War (2023) 5
Club Friday Season 15 : Love and War (2023) မေတ္တာ နဲ့ ဝေဒနာ (2023)ခစ်နဲ့ မေတို့လင်မယားမှာ ကျောက်ဆိုတဲ့ချစ်စရာသမီးလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားဖြစ်သူက ငွေရှာ မိန်းမဖြစ်သူက အိမ်ထောင်ရှင်မတာဝန်ယူနေကြတဲ့ မိသားစုလေးတစ်ခုဖြစ်ပါတယ် အပေါ်ယံကြည့်ရင် ပြည့်စုံနေတဲ့မိသားစုဖြစ်နေပေမဲ့ ခစ်တစ်ယောက် ငွေ​ကြေးထောက်ပံ့ရဖို့ စီးပွားရေးဒဏ်ပိလာချိန်မှာတော့ မေက သူပါ ငွေရှာဖို့ တာဝန်ခွဲယူပေးမယ်လို့ ညှိနှိုင်းလာခဲ့ပါတယ်မေ့ရဲ့ညှိနှိုင်းမှုကိုလက်မခံဘဲ ခစ်က မေ့တာဝန်က ကလေး၊သူနဲ့အိမ်ကိုစောင့်ရှောက်ဖို့တာဝန်သာရှိကြောင်းပြောလာချိန်မှာတော့ မေက ကွာရှင်းခွင့်တောင်းပါတော့တယ် သူ့ရဲ့စိတ်ဆန္ဒအတိုင်း ဘာမှမလုပ်ရသလို ကွာရှင်းခွင့်ပါမရတဲ့ မေက စိတ်ကျရောဂါပိုဆိုးလာပြီး သေကြောင်းကြံစည်ခဲ့ပါတော့တယ် ခင်ပွန်းဖြစ်သူနဲ့သမီးဖြစ်သူကိုထားခဲ့ဖို့ ကြိုးစားနေတဲ့ ဇနီးဖြစ်သူကြောင့် ခစ်တစ်ယောက် တစ်ခါမှမလုပ်ဖူးတဲ့ သမီးနဲ့အိမ်ကို ဂရုစိုက်တာတွေလုပ်ရပါတော့တယ်အဆင်မပြေမှုတွေကြား သမီးဖြစ်သူနဲ့ကတောက်ကဆတွေဖြစ်ပြီး သမီးလေးပျောက်သွားခဲ့တဲ့အခါ သေကြောင်းကြံစည်ခဲ့တဲ့ဇနီးဖြစ်သူကလည်း ဆေးရုံကဆင်းပြေးပြီး ဘယ်ရောက်နေခဲ့မှန်းမသိနေတဲ့အခါ အိမ်မှုကိစ္စတွေနဲ့ အလုပ်ကြား ဗျာများနေရတဲ့ခစ်တစ်ယောက် ဇနီးဖြစ်သူကပါ ပြန်ရောက်လာပြီး သမီးဖြစ်သူကိုပြန်လိုချင်လာချိန်မှာတော့ ခစ်နဲ့မေတို့ကြား စစ်ပွဲက ဘာတွေဖြစ်လာမလဲ မေကရော ဇနီးကောင်း မိခင်ကောင်းအဖြစ်ကနေ ဘာအကြောင်းကြောင့်ပြောင်းလဲသွားခဲ့ရတာလဲ ချစ်စရာမိသားစုလေးကရော အရင်လိုပြန်ဖြစ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(အညွှန်းရေးသားသူမှာ Kyi Nue Zin ဖြစ်ပါတယ်)Translated by Nang Mwe Kham & Kyi Nue ZinGenre..... ...
5
TMDb: 5/10 12 votes
tv

Club Friday Season 15 : Love and War (2023)

2023
Goosebumps (2023) 6.3
Goosebumps (2023) Goosebumps (2023) =============== IMDb Rating - 6.3/10 Adventure, Comedy, Fantasyဟောလိုးဝင်းကာလ နီးလာပြီဆိုတော့ Disney နဲ့ Hulu တို့ရဲ့ ဇာတ်လမ်း တွဲ ဇာတ်လမ်းကောင်းတစ်ခုကလည်း ထွက်ရှိလို့လာပါပြီ။ Stranger Things, Lock & Keys တို့ကို ကြိုက်တဲ့ Horror fan တွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းဖြစ်ပြီး Rating ကောင်းတွေ လည်းရရှိထားပါတယ်။ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက် နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင် ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို လှုပ်နှိုးသလိုဖြစ်သွားပါတယ်။အိုင်ဇယ်ယာတို့ ...
6.3
TMDb: 6.3/10 1515 votes
tv

Goosebumps (2023)

2023
Creature (2023) 7.031
Creature (2023) တူရကီ ဖရန်ကင်စတိုင်း Creature 2023 Season 1 စဆုံးလူကြီးမင်းတို့မှာ နှလုံးဘယ်နှစ်ခု ပါသလဲဗျ။ လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွေးလည်ပတ်စေဖို့ နှလုံးဆိုတာ တစ်ခုပဲလိုပါတယ်လေ။ ဒါပေမဲ့ တစ်ယောက်သောသူမှာတော့ နှလုံးနှစ်ခုပါတယ်။ အဆုတ်လေးခုနဲ့။ သူတကာထက်ထူးပြီး ထွားကျိုင်းသန်မာလှသလို ကိုယ်အင်္ဂါတွေလည်း နှစ်ဆပါလာတဲ့သူ။ဘုရားသခင် ဖန်ဆင်းလိုက်တဲ့ သတ္တဝါတိုင်းမှာ ဝိညာဉ်ကိုယ်စီ ပါခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ဝိညာဉ်စွန့်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ ကိုယ်အပုပ်ကောင်ကြီးကို တစ်စစီခွဲစိတ် အလောင်းသုံးလေးခုကနေ အင်္ဂါအစိတ်အပိုင်းတွေစု၊ တစ်စုတဝေးတည်း ပြန်လည်တပ်ဆင်ပြီး လျှပ်စစ်အကြီးစား ရှော့ခ်ရိုက်လိုက်တဲ့အခါ ဘယ်သူဖြစ်လာပါသလဲ။ လူကြီးမင်းတို့ သိပါတယ်။ ဖရန်ကင်စတိုင်းပေါ့။ သူ့မှာ ဘယ်ကဝိညာဉ်ပါလာမလဲတော့ လူကြီးမင်းလည်းမသိနိုင်သလို ကျွန်တော်လည်း မသိပါဘူးလေ။ဒါကတော့ တူရကီဗားရှင်းနဲ့ရိုက်ထားတဲ့ ဖရန်ကင်စတိုင်း ဇာတ်လမ်းတွဲပေါ့။ စိတ္တဇ ဆရာဝန်ကြီးရယ်၊ သူ့ကိုမှ တပည့်ခံမိတဲ့ အူတူတူ တပည့်လေးတစ်ယောက်ရယ်။ သူတို့ရဲ့ဆေးပညာကို အထင်သေးလှောင်ပြောင်ကြတဲ့ ဆေးလောက အသိုင်းအဝန်းရယ်။ဒါပေမဲ့ ...
7.031
TMDb: 7.031/10 16 votes
tv

Creature (2023)

2023

Genres

Archives