Channel Myanmar

Content at random


TV Series

2 Good 2 Be True(2022)[Complete] 7.8
2 Good 2 Be True(2022)[Complete] 2 Good 2 Be True(2022) ဇာတ်လမ်းတွဲ*********************************အပိုင်း (၁ မှ ၁၃၀) ထိ စ/ဆုံးကဲ ဒီတစ်ခါတော့ ကိုရီးယားလည်းမဟုတ် ဂျပန်လည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ်တဲ့ဖိလစ်ပိုင်ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးမှာပါ... ဖိလစ်ပိုင်ကားလို့ပြောလိုက်တာနဲ့ လူတိုင်းက Kathrine နဲ့ Daniel တို့အတွဲကိုပြေးမြင်ကြဖို့များပါတယ်... ဖိလစ်ပိုင်တွေက တကယ့်အတွဲတွေကိုပဲ Chemistry ရှိရှိနဲ့ ရိုက်ကူးလေ့ရှိကြတာမလို့ KathNiel လို့ Nickname ရထားတဲ့ Real Life Couple ကို မြန်မာပရိသတ်တွေကစိမ်းနေမှာမဟုတ်ပါဘူး..."She's Dating the Gangster", "Crazy Beautiful You","Can't Help Falling in Love", "The Hows of Us"....အစရှိတဲ့ ဇာတ်ကားတွေက နှစ်ယောက်လုံးရဲ့ Chemistry မိ/မမိ ကို မြင်သာထင်သာရှိစေပါတယ်... သူတို့ရိုက်သမျှကားတိုင်းဟာ ဇာတ်လမ်းပြီးတိုင်းရင်ထဲစွဲသွားစေတာရှိသလို ရိုရင်လည်း အားလုံးက ငေးမောအားကျနေရလောက်အောင်ပါပဲ.. အရမ်းကိုလည်း သဘာဝကျပြီး နှစ်ယောက်လုံးက ကျရာဇာတ်ရုပ်မှာ ပိုင်နိုင်တာမလို့... အခု "2 ...
7.8
TMDb: 7.8/10 39 votes
tv

2 Good 2 Be True(2022)[Complete]

2022
Bad Prosecutor (2022) 10
Bad Prosecutor (2022)  EXO ရဲ့ ACE တစ်ဦးဖြစ်တဲ့ Doh KyungSoo နဲ့ Lee SeHee တို့ရဲ့ အကြမ်းအရမ်း Law ကားလေးလာပါပြီ ။Jin Jung (Doh KyungSoo)ဆိုတဲ့ တရားမျှတမှုရဲ့ ဘက်တော်သား အမှုစစ်ဟာ အားနည်းပြီးအနိုင်ကျင့်ခံရသူတွေအတွက်ကြင်နာမှု ၊ လူမဆန်တဲ့သူတွေအတွက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းနဲ့အပြစ်ပေးတတ်သူဖြစ်ပါတယ် ။Shin Ah Ra (Lee SeHee) ကတော့ ခေါင်းအေးအေးထားပြီး တရားဥပဒေဘောင်ထဲက လုပ်ကိုင်တတ်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ် ။မတူညီတဲ့အကျင့်စရိုက်တွေနဲ့ သူတို့နှစ်ဦးဟာ တူညီတဲ့ရန်သူအတွက်အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ?KBS ကထုတ်လွှင့်ရိုက်ကူးသွားမှာဖြစ်ပြီး အပိုင်း 12ပိုင်းပါဝင်ပါမယ် ။Native Title: 진검승부v Episodes: 12 Aired: Oct 5, 2022 - Nov 10, 2022 Aired On: Wednesday, Thursday Original Network: KBS2, Netflix Duration: ...
10
TMDb: 10/10 2 votes
tv

Bad Prosecutor (2022)

2022
Love in Contract (2022)
Love in Contract (2022) Love in contract (2022)အားလုံးရဲ့အချစ်တော် အတွင်းရေးမှူးမလေးအဖြစ် လူသိများကြတဲ့ Unnie Park Min Young ရဲ့ ထူးထူးခြားခြား ကားသစ်လေး ထွက်ရှိလာပါပြီ။Unnie ကတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ character တွေကို သရုပ်ဆောင်နေကျအတိုင်းပဲ ဒီကားလေးမှာလည်း Single ဘဝကို ပြီးပြည့်စုံစွာ ဖြတ်သန်းချင်သူတွေအတွက် Partner အဖြစ် ဝန်ဆောင်မှုပေးတဲ့ ထူးခြားထက်မြက်တဲ့ character (Choi Sang Eun)အဖြစ် သရုပ်ဆောင်သွားမှာပါ။လောကကြီးမှာ ရှင်သန်ရင်းနဲ့ "ဇနီးသည်" တစ်ယောက် လိုအပ်တဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်တဲ့။ ပြောရရင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲတွေ၊ အိမ်ထောင်သည်သူငယ်ချင်းတွေ ‌တွေ့ဆုံပွဲလုပ်တဲ့အခါမျိုးတွေမှာပေါ့။ အဲဒါကိုသိတဲ့ Choi Sang Eun က Partner အဖြစ် service ပေးတဲ့အလုပ်ကို စလုပ်လိုက်ပြီးတော့ client တွေနဲ့ စာချုပ်ချုပ်ဆိုပါတယ်။ အဲဒီထဲကမှ တစ်ခုက Jung Ji Ho နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ...

Love in Contract (2022)

2022
Panhandle (2022) 6.8
Panhandle (2022) Panhandle (2022) ============= IMDb Rating - 6.8/10‌ဘဲလ်ပရက်စ်ကော့ ဆိုတဲ့ ဇီဇာကြောင်တဲ့ သူဌေးတစ်ယောက်နဲ့ ကမ်မီလော့ဒ်ဆိုတဲ့ အလုပ်လုပ်ရတာစိတ်မပါတဲ့ ယာဉ်ထိန်းရဲမေရယ်၊ သူတို့နှစ်ယောက် လူသတ်မှုတစ်ခုအကြောင်းစုံစမ်းတာကို ရိုက်ကူး ပုံဖော်ထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဘဲလ်က မိန်းမဖြစ်သူ ဗီဒါ တရားခံမပေါ်ဘဲ အသတ် ခံလိုက်ရပြီးကတည်း အိမ်တွင်းအောင်းနေတဲ့ ကိုဇီဇာကြောင်သူကြီးပေါ့။ အဲဒီနောက်ငါးနှစ်ကြာပြီးတဲ့ တစ်ရက်မှာ သူ့ခြံဝင်းထဲမှာ ဘယ်ကမှန်းမသိတဲ့ လူသေအလောင်းတစ်လောင်းပေါ်လာရော အဲဒါနဲ့ ရဲခေါ်လိုက်တော့ ဇာတ် လိုက်ရဲမေဖြစ်တဲ့၊ ကားပြေစာရေးတဲ့ယာဉ်ထိန်းရဲမေတစ်ယောက်ရောက် လာတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီအ‌လောင်းက သူ့မိန်းမအသတ်ခံရတဲ့ အမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သူတို့ရှာတွေ့သွားတယ်။ ဒါကိုသူတို့ ဘယ်လိုဆက်ပြီးဖော်ထုတ်မလဲ၊ သူ့မိန်းမကိုရော ဘယ်သူက သတ်သွားတာလဲ ဆိုတာကို ဟာသနှောနှောနဲ့ ဒရာမာဆန်ဆန် ကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။အပတ်စဥ်(၁)ပိုင်းနှုန်းနဲ့ထွက်ရှိတာဖြစ်ပြီး cm မှထွက်သမျှအပိုင်းအားလုံးကို အပတ်စဥ်တင်ဆက်ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama Translator..........Khant Sett Naing Encoder..............SWM720P (350 ...
6.8
TMDb: 6.8/10 1328 votes
tv

Panhandle (2022)

2022
DC’s Stargirl – Season(03) 7.2

DC’s Stargirl – Season(03)

2022
The Thing About Pam ( Season1) (2022)
The Thing About Pam ( Season1) (2022)  ပရိသတ်ကြီးရေ ဒီတစ်ခါတော့ သပွတ်အူကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တခါတလေ အချစ်ကြီးရင် အမျက်ကြီးတတ်တာတို့ သူငယ်ချင်းအရင်းကြီး နောက်ကျောက ဓားနဲ့ထိုးခံရတယ် ဆိုတာတို့က အရပ်ထဲမှာ ပေါပေါများများ သုံးနေကြတဲ့စကားတွေပါပဲ နောက်ကျောကို ဓားနဲ့ အချက်၅၀လောက် ထိုးသွားပြီဆိုရင်တော့ အဲဒီ သူငယ်ချင်းကိုလည်း စိတ်ပြန်ဆိုးလို့ရမှာမဟုတ်တော့ပါဘူး နောင်သံသရာတကွေ့မှာပဲ တွေ့ဖို့ စောင့်ပေရောပဲပေါ့ ဇာတ်လည်အကျဉ်း ပန်း ဆိုတဲ့ အောင်မြင်နေတဲ့အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်မှာ ကင်ဆာရောဂါ ခံစားနေရတဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ရှိနေတာပါ ပန်း က သူ့သူငယ်ချင်းကို အသေးစိတ်ကနေ ဂရုစိုက်ပေးပေမဲ့ သူ့ သူငယ်ချင်းယောကျာ်းကိုတော့ ကြည့်မရပါဘူး ပန်း ရဲ့ သူငယ်ချင်းကလည်း ကင်ဆာ ရောဂါကို ခံစားနေရတော့ သူ့သမီးလေးတွေကို သူ့အမေအိမ်မှာ ထားပြီး ပိတ်ရက်တွေမှ သွား သွားလည်နေတာပေါ့လေ အဲဒီလိုနဲ့ တစ်နေ့ ပန်း ရဲ့ သူငယ်ချင်းက ကင်ဆာဆေးသွင်းပြီး သူ့အမေအိမ်မှာ နေမလို့လုပ်တုန်း ပန်း ...

The Thing About Pam ( Season1) (2022)

Love in Time (2022)
Love in Time (2022) Ke Zhen Yu ကရှေ့နေတစ်ယောက်ဖြစ်ပြီးသူလိုက်သမျှ အမှုတိုင်းရှုးတယ်ဆိုတာမရှိတဲ့အတွက်ကြောင့်မာနထောင်လွှားနေတဲ့သူပါ တစ်နေ့မှာဂျူဒိုနည်းပြတစ်ယောက်ပါဝင်တဲ့လူသတ်မှုကိုတာဝန်ယူရာကနေ အလုပ်ဆုံးရှုးရုံသာမကသက်သေအတုလုပ်မှုနဲ့ စုံစမ်းရေးမှူး Mu si ming ဆီကနေတရားစွဲခံရပါတော့တယ် ချက်ချင်းဆိုသလိုအောက်ဆုံးကိုရောက်သွားတဲ့ Ke Zhen Yu တစ်ယောက်တိုက်ခန်းအဟောင်းလေးကိုပြောင်းရွှေ့သွားပြီးနောက်ပိုင်းထူးဆန်းမှုတွေစဖြစ်လာပါတော့တယ်အဲ့ဒါကတော့ ညတိုင်း ၁၀နါရီ၆မိနစ်ရောက်တဲ့ချိန်တိုင်းအမျိုးသမီးအိမ်ငှားတစ်ယောက်ယောက်ပေါ်ပေါ်လာပါပဲKe Zhen Yu တစ်ယောက် အစကတော့သရဲမြင်တယ်လိုထင်ပေမယ့် တကယ်တန်းကတော့တက်သစ်စသတင်းထောက်မလေး Cheng Jia Leဖြစ်နေပါတော့တယ် လွန်ခဲ့တဲ့လေးလကြာအချိန်မှာနေထိုင်တဲ့သတင်းထောက်မလေးနဲ့ ယခုလက်ရှိအချိန်မှာနေထိုင်တဲ့ရှေ့နေကောင်လေးတို မထင်မှတ်ဘဲတွေ့ဆုံကြတဲ့အခါရှေ့နေတစ်ယောက် သူရဲ့အတိတ်ကိုပြောင်းလဲဖိုအတွက်သတင်းထောက်မလေးကိုအသုံးချရာကနေသူတိိနှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မှာလဲရှေ့နေ Ke Zhen Yu ကိုအောက်ဆုံးထိ ရောက်သွားစေတဲ့လူသတ်မှုနောက်ကွယ်မှာရောဘယ်လိုအကြောင်းအရာတွေရှိနေမှာလဲစုစုပေါင်း၂၄ပိုင်းပါဝင်ပြီးနေ့စဥ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်(အညွှန်းရေးသားထားသူကတော့ Shwe Pyae Sone ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, Fantasy, Sci-fiDuration : 45 min per EpisodeSubtitle : ...

Love in Time (2022)

Abominable and the Invisible City (2022)
Abominable and the Invisible City (2022)  ဒီ ကာတွန်းစီးရီးလေးကတော့ Abominable 2019 ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဆယ်ပိုင်းပါဝင်ပြီး တစ်ပိုင်းကို နာရီဝက်စီလောက်ကြာတာမို့ အဝကြည့်လို့ရမယ့် ကာတွန်းလေးပါပဲ။ မူရင်းဇာတ်လမ်းအတိုင်းပဲ ယီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ကျင်းဆိုတဲ့ ဆရာဝန်လောင်းလေးတစ်ယောက်ရယ် ဖန်းဆိုတဲ့ ငပေါကောင်လေးတစ်ယောက်ရယ်နဲ့ သူငယ်ချင်းကောင်းတွေပါပဲ။ ယီမှာ မေဆိုတဲ့ အမေနဲ့ နိုင်နိုင်းအဘွားတစ်ယောက်ရှိပါတယ်။ သူတို့တွေဟာ ရုပ်ရှင်ထဲမှာတုန်းက သူတို့အိမ်အပေါ်ထပ်ကို လာပုန်းနေတဲ့ အဲဗရက်စ်ဆိုတဲ့ မှော်အစွမ်းရှိတဲ့ နှင်းလူလေးတစ်ကောင်ကို အိမ်ပြန်နိုင်အောင်ကူညီခဲ့ပါတယ်။ အခုစီးရီးမှာတော့ အဲဗရက်စ်ဟာ သူ့ရဲ့နှင်းတောင်ကနေ ယီတို့ဆီကိုပြန်လာပြီး ယီတိုနဲ့အတူ မှော်သတ္တဝါမျိုးစုံရဲ့ အခက်အခဲတွေကို လိုက်ပြီးကူညီဖြေရှင်းပေးကြတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရယ်ရသလို ချစ်ဖို့လည်းကောင်းတဲ့ ကာတွန်းစီးရီးလေးဖြစ်တာကြောင့် ကလေးလူကြီးမရွေးကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။File size…(240Mb) / (452Mb) Quality….Webrip 720 / 1080p Format…mp4 Duration….50 Min Genre...Action & Adventure,Animation, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.AndersonDownload ...

Abominable and the Invisible City (2022)

MasterChef 7.1
MasterChef CM Fan ထဲက အမျိုးသမီး တစ်ချို့က ကျနော့်ကိုလာပြောတယ် ကိုသစ် ဟင်းချက် တာတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ မရှိဘူးလားတဲ့ ကျနော် တော်တော် ခေါင်းခြောက်သွားတယ်... အာ့တာနဲ့ အစားအသောက် နဲ့ ပတ်သက်တဲ့ TV Show တွေ အများကြီး လိုက်ကြည့်ရတယ် Korean TV Show တွေ ကြည့်တယ် အမျိုးသမီးတွေက ကိုရီးယား ဒရာမာ အရူးတွေကိုး ဒါပေမယ့် Korean TV Show တွေက မင်းသား မင်းသမီးတွေကို အစားအသောက်တွေကျွေးမယ် အဲ့ပေါ်မှာဆုံးဖြတ်ခိုင်းတဲ့ပေါ့ပျက်ပျက် TV Show သာသာပဲ ဆိုတာသိပြီးနောက် နောက်ဆုံးမှာ ကျနော် သဘောအကျဆုံး TV Show တစ်ခုကို သွားတွေ့တယ် အဲ့ဒါကတော့ MasterChef ဆိုတဲ့ TV Show ပါ TV Show က Season 10 ခု ရှိပါတယ်... အဲ့ဒီထဲမှာမှ Season 10 ကနေ စတင်ပေးဖို့ပဲ စီစဉ်လိုက်ပါတယ်.... ယခု တင်ဆက်နေတဲ့ Season 10 ဟာ MasterChef ရဲ့ ...
7.1
TMDb: 7.1/10 50 votes
tv

MasterChef

2010
WATCHER (2019) 7.2
WATCHER (2019) WATCHER (2019)ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာHan Seok Kyu  နဲ့ Kim Hyun Joo တို့လို့ဝါရင့်သဘာရင့် သရုပ်ဆောင်တွေအဓိက ပါဝင်ထားသလို အခြားနာမည်ကြီး ဗီလိန်casts တွေလည်းပါဝင်ပါတယ်.. တခြားစုံထောက်စီးရီးနဲ့ ကွဲပြားနေတာကတော့ဌာနတွင်းအကျင့်ပျက်ခြစားပြီး အချင်းချင်းဂုတ်သွေးစုတ် အကျင့်ယုတ်နေတဲ့သူတွေကိုဖော်ထုတ်တဲ့အဖွဲ့အစည်းအကြောင်းကိုအဓိကထားရိုက်ပြထားတာပါ..ရဲဌာနတွင်းက ရာထူးကြီးတွေ အတွေ့အကြုံရင့်သူတွေဆိုတော့အကြောင်းအရာတော်တော်များများက စုံစမ်းဖို့မလွယ်ဘဲကွက်ပျောက်နေတတ်ပါတယ်.. ဒါ့အပြင် plot twist ပေါင်းများစွာပါဝင်တဲ့အတွက်အစ မှ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းတဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ အမှုတစ်ခုကြောင့်ထောင်ကျသွားတဲ့စီနီယာစုံထောက်ကြီးမှာ သားတစ်ယောက်ရှိပါတယ်..သူ့သားက ဒီအဖြစ်အပျက်တွေနောက်မှာ အလွဲပေါင်းများစွာရှိနေတယ်လို့ ယုံကြည်ပြီး ရဲဌာနတွင်း စုံထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီးဖော်ထုတ်တာပဲဖြစ်ပါတယ်..ဉာဏ်ကစားကြပြီး လူပေါ်လူဇော်တွေချည်းနေတဲ့ဒီလောကကြီးထဲမှာအမှုမှန်ပေါ်ပေါက်မလားဆိုတာကိုတော့...   Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, PoliticalTranslated by  Hnin Wai Oo, Miri, Tiff,  Windi  & Phyu Phyu TheinEncoded by  Phyo ...
7.2
TMDb: 7.2/10 8 votes
tv

WATCHER (2019)

2019
Blind (2022) 7.8
Blind (2022) Blind (2022) ===========CM Fan တွေအတွက် နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားရမယ့် Thriller ပုံစံကားသစ်လေး ထပ်မံတင်ဆက် ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ 2PM က Taec Yeon မင်းသားကြီး Ha Seok Jin နဲ့ Jung Eung Ji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ------------------------------ ရူဆောင်းဂျွန်းက အလုပ်မှာ စိတ်အားထက်သန်မှုအပြည်ရှိတဲ့ စုံထောက် တစ်ယောက်ပါ။ အမြဲတမ်း လူဆိုးဖမ်းဖို့ တာစူနေတဲ့လူတစ်ယောက်ဖြစ်ပြီး သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လူဆိုးဖမ်းဖို့ပဲ အမြဲကြိုးစားနေတာကြောင့် သူ့ရဲ့ဖမ်းဆီးမှုနှုန်းက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။သူ့အစ်ကိုရူဆောင်းဟွန်းကတော့ ဉာဏ်အရမ်းကောင်းပြီး အရည်အချင်း ပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဥပဒေစာမေးပွဲကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ထိပ်တန်း ဥပဒေကျောင်းကနေဘွဲ့ရခဲ့တယ်။ တရားမျှတမှု ရှိစေရေးအတွက် လုပ်ကိုင်နေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂျိုအွန်းဂီကတော့ လူမှုဝန်ထမ်းတစ်ယောက်ပါ။ ကြင်နာတတ်တဲ့နှလုံးသားနဲ့ မျှတမှုရှိတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါ။ အမြဲတမ်း အခြားလူတွေကို ဦးစားပေးတတ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို သေချာစောင့်ရှောက်ပေးဖို့လည်း အမြဲကြိုးနေသူပါ။ရူဆောင်းဂျွန်း၊ ရူဆောင်းဟွန်း နဲ့ ဂျိုအွန်းဂီတို့က ကွင်းဆက်လူသတ်မှုတစ်ခုမှာ ဂျူရီအဖွဲ့ဝင်တွေအဖြစ် ပါဝင်သွားခဲ့တယ်။ ဒီ ၃ယောက်က သေဆုံးမှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ကြမှာပါ။ အမှုမှန်ပေါ်လာဖို့အတွက် သူတို့တွေ ဘယ်လိုစုံစမ်းကြမလဲဆိုတာကို ...
7.8
TMDb: 7.8/10 2300 votes
tv

Blind (2022)

2022
Gaus Electronics (2022) 7.8
Gaus Electronics (2022) Gaus Electronics (2022) ==================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy Series လေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ - Kwak Dong Yeon Go Sung Hee Bae Hyun Sung Kang Min Ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဂါအူးစ်လျှပ်စစ်ကုမ္ပဏီရဲ့ ကုမ္ပဏီတွင်းကအလွဲလေးတွေ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းဘဝ အခက်အခဲလေးတွေကို ဟာသနှောရိုက်ကူးထားလို့ ပရိတ် သတ်တွေ အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------------------- အီဆန်းရှစ်က ဂါအူးစ်ကုမ္ပဏီရဲ့ မာကတ်တင်းဌာနက အငယ်တန်း ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အလွဲတွေလုပ်တတ်တဲ့သူ ဖြစ်တာကြောင့် သူ့ကို ခိုင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု လွဲချော်မှုတွေ ဖြစ်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဥက္ကဋ္ဌကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာ ပြန့်သွားခဲ့တယ်။ ဒီဗီဒီယိုကို မှားပြီးတင် လိုက်တာကတော့ အီဆန်းရှစ်ပါပဲ။ စီနီယာဖြစ်သူ ချာနာရယ်ကတော့ အီဆန်းရှစ်ကို အကြီးအကျယ်ဒေါသထွက်နေတော့တယ်။ ပြဿနာက တော်တော်ကြီးသွားပြီးတော့ နောက်ဆုံး မာကတ်တင်းအဖွဲ့ တစ်ဖွဲ့လုံး  ကြီးကြပ်ရေး ရုံးခန်းရောက်ပြီး စစ်ဆေးရေးအဖွဲ့ရဲ့ စစ်မေးမှုကိုပါ ခံယူခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရဲ့ အလွဲတွေကို ဖြေရှင်းနိုင်သွားမှာလား။ ဘယ်လိုအလွဲလေးတွေ ထပ်ဖြစ်ပြီးတော့ ဘယ်လိုပြဿနာတွေတက်ဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ...
7.8
TMDb: 7.8/10 2300 votes
tv

Gaus Electronics (2022)

2022
Bargain (a.k.a) Ransom (2022) [Complete] 8
Bargain (a.k.a) Ransom (2022) [Complete] Bargain (a.k.a) Ransom (2022) [အစ-အဆုံး] အပိုင်းသစ် - ၄ မှ ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)လူသားဆန်မှု .. တရားဥပဒေ .. အဲ့ဒါတွေ ဒီနေရာမှာမရှိဘူး!!!ဇာတ်လမ်းအညွှန်း ...နိုဟျောင်းဆူ တစ်ယောက် ဘတ်ဂျူယောင်း နဲ့တွေ့ဖို့ မိုတယ် တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းထားလိုက်တယ်။ တကယ်လည်းတွေ့ရော ဘတ်ဂျူယောင်းရဲ့ အလှအပတွေကို တအားကို စိတ်ကျေနပ်သွားပြီး ဝန်ဆောင်ခ အားလုံးကျေကျေနပ်နပ်ကြီး ပေးချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ကိစ္စတွေက သူထင်ထားသလို ပျော်ရွှင်စရာ အခိုက်အတန့်မဟုတ်ခဲ့ဘဲ လူတစ်စုက သူ့ကို ဝိုင်းထားလိုက်တဲ့အခါ နိုဟျောင်းဆူတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီလူတစ်စုက လူကုန်ကူးတဲ့ ဂိုဏ်းတစ်ခုကလူတွေဖြစ်နေပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းထုတ်ဖို့ လုပ်ကိုင်နေကြတာပါ။ ဒီလိုနဲ့ နိုဟျောင်းဆူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝယ်ယူကြဖို့ ရွေးချယ်နေကြချိန်မှာ ရုတ်တရက် မြေငလျင်လှုပ်ခတ်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲ? လောဘသားတွေအုပ်စိုးတဲ့ လူသားဆန်မှု ကိုယ်ချင်းစာမှု တရားဥပဒေတွေ ...
8
TMDb: 8/10 1 votes
tv

Bargain (a.k.a) Ransom (2022) [Complete]

2022
Notre-Dame (2022) 6.3
Notre-Dame (2022) Notre-Dame (2022)(တချို့ကိစ္စ အမှတ်တရတွေက လူတွေကိုအမြဲအမှတ်ရနေစေတာမဟုတ်ပါဘူး သူတို့ဘဝထဲကအချိန်ကာလတစ်ခုကို ရပ်တန့်သွားစေခဲ့တာပါ)၂၀၁၉ ခုနှစ်က ပဲရစ်မြို့ကပြည်သူတွေရဲ့အချိန်ကို တစ်ခဏတာရပ်တန့်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ် ပဲရစ်မြို့ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ် ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကြေညာထားတဲ့နေရာလည်းဖြစ်တဲ့ နိုတာဒမ်းခရစ်ယာန်ဘုရားကျောင်းမီးလောင်ကျွမ်းမှုလူသေဆုံးမှုမရှိခဲ့ပေမယ့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းထိခိုက်ပျက်စီးမှုများတဲ့အပြင် လူတွေရင်ထဲစွဲမြဲနေလောက်အောင် အထိတ်တလန့်ဖြစ်‌စေခဲ့တဲ့ ဒီဖြစ်ရပ်မှန်အကြောင်းကို မီးသတ်သမားရဲ့ရှုထောင့်ဘက်က ရိုက်ကူးထားတဲ့ Notre Dame ဆိုတဲ့ Netflix mini seriesလေးနဲ့ စီအမ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါရစေ။ဘဝမှာပထမဆုံးဆိုတဲ့အရာတွေဟာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်နေတတ်ပါတယ်။ ဥပမာ "အချစ်ဦး" ပေါ့။ မီးသတ်သမားတစ်ယောက်အတွက်လည်း သူပထမဆုံးငြိမ်းသတ်ရတဲ့မီးက သူ့ဘဝရဲ့မှတ်ကျောက်တစ်ခုပါ။ ဒါပေမဲ့ အဒမ်စကီကတော့ ပထမဆုံးမီးငြိမ်းသတ်ရချိန်မှာ ချစ်ရသူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ဘန်ကို ဆုံးရှုံးလိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့တာကြောင့် အလုပ်ပါနားလိုက်ရပါတယ်။ ဒီတူညီသောဖြစ်ရပ်မှာပဲ စိတ်ဒဏ်ရာရသွားခဲ့သူကတော့ မီးသတ်ဌာနရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဘန်ရဲ့အဖေဖြစ်သူပါ။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့လူနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေမယ့် နိုတာဒမ်းမီးလောင်ကျွမ်းမှုမှာရော အတိတ်ဖြစ်ရပ်‌ရဲ့ Flashbackတွေကြားကနေ သူတို့နှစ်ယောက်ကျရာတာဝန်ကို ဘယ်လိုထမ်းဆောင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။၂၀၁၉ ခုနှစ် နိုတာဒမ်းမီးလောင်မှုကို သေချာရိုက်ကူးပြထားတဲ့စီးရီးကောင်းတစ်ခုဖြစ်တာကြောင့် ဒီဖြစ်စဉ်ကိုသေချာသိချင်သူတွေရော မသိလိုက်သူတွေပါ ကြည့်ရှုသင့်တဲ့စီးရီးလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ စုစုပေါင်း ၆ ပိုင်း ပါရှိမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ က ...
6.3
TMDb: 6.3/10 13 votes
tv

Notre-Dame (2022)

2022
The Devils Hour(Season1) 2022
The Devils Hour(Season1) 2022 ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဒီဂျာဗူး အကြောင်းလေးကို ပုံစံမတူဘဲနဲ့ ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ လေးကို တင်ဆက်ပေးလိုက်ပါတယ် ကျွန်တော်တို့တွေဟာ ညဘက်အိပ်ရင် အိပ်မက်ကောင်းကောင်းလေး မက်တာတို့ အိပ်မောကျကျအိပ်ရတာတို့ကို ကြိုက်ကြတာပါ အဲဒီလိုမှမဟုတ်ဘဲ အိပ်မက် ကလည်းဆိုးသေး ပြီးတော့ နေတိုင်း ညည့်နက်သန်းခေါင်ကြီး အချိန်အတိအကျ နိုးနေရပြီဆိုရင်တော့ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ အဲဒါတင်မကသေးဘဲ အိမ်မှာ နှစ်ယောက်တည်းနေတဲ့အချိန်မှာမှ တခြားတစ်ယောက်က ညဘက် ကိုယ် အိပ်မက်ဆိုးမက်ပြီး လန့်နိုးမဲ့အချိန် အိမ်ထဲမှာပတ်သွားနေတယ် ဆိုရင်တော့ စိတ်ရောဂါပါ ရသွားနိုင်လောက်အောင်ပါပဲ ဒီကားထဲမှာတော့ လူစီဆိုတဲ့ အမျိုးသမီးက အိပ်မက်ဆိုးတွေ မက်ရင်း ညတိုင်း ၃နာရီ ၃၃မိနစ်မှာနိုး နိုးနေတတ်တဲ့ ဝေဒနာကိုခံစားနေရတာပါ အဲဒီလိုပဲ သူနဲ့ နှစ်ယောက်တည်းအတူတူနေတဲ့ သူ့သားလေးက လည်း တခါတခါ အဲဒီလိုအချိန်တွေမှာ အိပ်နေရာကနေ အိပ်ရင်းလမ်းလျှောက်တာ မဟုတ်ဘဲ အိမ်ထဲပတ်ပတ်သွားနေတတ်တဲ့ ...

The Devils Hour(Season1) 2022

Take 1 (2022) 4
Take 1 (2022) Take 1 (2022)အရင်ဆုံး Netflixကတင်ဆက်ပေးလိုက်တဲ့ Docuseries ဖြစ်တဲ့ Take1ဟာဆိုရင် ကြည့်ရှူသူတွေအတွက် ဗဟုသုတပေါင်းစုံ ရသမျိုးစုံကို သိမြင်ခံစားရမှာတော့ အာမခံပါတယ်။နယ်ပယ်ပေါင်းစုံမှာ ကိုယ်စားပြုရပ်တည်ခဲ့ကြတဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ အိပ်မက်ထဲကစင်မြင့်ကို Take1 ပရောဂျက်ကြီးက အကောင်အထည်ဖော်ပေးသွားမှာပါ။ကန့်သတ်ချက်အနေနဲ့ကတော့ Take1ဆိုတဲ့အတိုင်း တစ်ကြိမ်တစ်ခါအခွင့်အရေးကိုပဲ ပေးအပ်သွားမှာဖြစ်တဲ့အပြင်ကို Legendary Performance တစ်ခုအတွက် အနုပညာရှင်တွေအနေနဲ့ သီချင်းတစ်ပုဒ်ကိုပဲ ရွေးချယ်ခွင့်ရှိမှာပါ။ဘဝမှာအလှပဆုံးကျန်ရှိနေစေမယ့် ဖျော်ဖြေမှုတစ်ခုအတွက်ရွေးချယ်နိုင်မှာက သီချင်းတစ်ပုဒ်တည်းဆိုတော့ ရွေးချယ်လိုက်မယ့်သီချင်းက ဘယ်လောက်ထိအဖိုးတန်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။သီချင်းရွေးချယ်မှု၊စတိတ်စင်ပြင်ဆင်မှုအပါအဝင် ဖျော်ဖြေပွဲနဲ့ ပက်သက်တဲ့ကိစ္စရပ်တိုင်းအတွက် လုပ်ပိုင်ခွင့်က ပါဝင်သွားမယ့် အနုပညာရှင်တွေရဲ့ လက်ထဲမှာပါ။ နာမည်ကြီးအနုပညာရှင်တွေကိုယ်တိုင် စီစဉ်မယ့် ဖျော်ဖြေပွဲကအမိုက်စားတွေဖြစ်နေမှာတော့ အသေအချာပါပဲ။ စုစုပေါင်း အပိုင်း၇ပိုင်းပါဝင်သွားမှာဖြစ်ပြီးတော့ တစ်ပိုင်းစီမှာ အနုပညာရှင်၁ဦးစီနဲ့ပက်သက်ပြီး ရိုက်ကူးထားတာပါ။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p | 480p File size… 1GB | 500MB | 250MB Format… mp4 Duration…. 60min Episodes... 7 ...
4
TMDb: 4/10 3 votes
tv

Take 1 (2022)

2022
Everything Calls for Salvation (2022) 7.5
Everything Calls for Salvation (2022) Everything Calls for Salvation (2022) ========================== IMDb Rating - 7.5/10ဒန်နီရယ်ဆိုတဲ့လူငယ်လေးဟာ ဘော်ဒါတစ်သိုက်နဲ့ နိုက်ကလပ်မှာ အပီကဲ၊ အိပ်ပျော်အောင် ဆေးလေးဘာလေးချပြီးသကာလ အိမ်လည်း ပြန်ရောက်ရော မူးမူးနဲ့အိပ်ပျော်သွားတယ်ပဲဆိုကြပါစို့။ မနက်ရောက်တော့ သူ့စောင်ပေါ်မီးတင်ရှို့ခံရလို့နိုးလာရာကနေ သူဆေးရုံကုတင်ပေါ်ရောက် နေမှန်းသိလိုက်ရတယ်။ ရိုးရိုးဆေးရုံမဟုတ်ပဲ စိတ်ကျန်းမာရေးဆေးရုံ ဖြစ်နေတာပါပဲ။အဲ့ကဆရာဝန်က သူဒီမှာတစ်ပတ်တိတိ ကုသမှုခံယူရမယ်လို့ပြောလိုက်တော့ သကောင့်သားက မျက်ကလူးဆန်ပြာနဲ့ထငြင်းပါလေရော။ လောကဓံဆိုတာကြီးက ပျော်တဲ့သူကိုငိုအောင်၊ ငိုတဲ့သူကိုပျော်အောင် ကျီစားတယ်ဗျ။ လူတွေအားလုံးမှာ သူ့အကြောင်းနဲ့သူချည်းပါပဲ။ ကံကောင်းခြင်းတွေစုနေရာကနေ ကံဆိုးခြင်းတွေ ဗြုန်းခနဲပေါ်လာတတ်တာပဲမလား။ ဒန်နီရယ်တွေ့ရမယ့်သူတွေကလည်းအဲ့လိုပဲပေါ့။ သူဘာလို့အဲ့ဆေးရုံကိုအပို့ခံရတာလဲ။ သူမမှတ်မိတဲ့အရာတွေကဘာတွေလဲ။ အဲ့ဆေးရုံမှာနေရင်း သူဘာတွေသင်ယူလာရမလဲ။ အဲ့ဆေးရုံကတခြားလူနာတွေနဲ့အတူတူ တစ်ပတ်တိတိ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူကတော့ Ngwe Zin, C'mon, May Thet Khine Soe, June, Bianca Zhang တို့ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............45Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama Translator..........Ngwe Zin, ...
7.5
TMDb: 7.5/10 1527 votes
tv

Everything Calls for Salvation (2022)

2022
Family Law CA (2021) – Season (01) 7.1
Family Law CA (2021) – Season (01) Family Law CA (2021) - Season (01) ========================= IMDb Rating - 7.1/10သင်ဟာ စီးရီးကောင်းလေးတွေကို မနားတမ်းရှာဖွေကြည့်ရှု အားပေးတတ်သူ (သို့) CM ကနောက်ပိုင်းတင်တဲ့ စီးရီးလေး တွေထဲကမှ ဘယ်စီးရီးကို ကြည့်ရမလဲရွေးနေသူ (သို့) မှုခင်း ဇာတ်လမ်းကောင်းလေးတွေကို စိတ်ဝင်စားနေသူဆိုရင်တော့ သင်ကြည့်ရှုသင့်တဲ့ စီးရီးလေးက Family Law CA ဆိုတဲ့ စီးရီး လေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။Legal Drama အမျိုးအစားဖြစ်ပြီး IMDb 7.1 ကိုပျှမ်းမျှအနေနဲ့ ရရှိထားတာကြောင့် တစ်ပိုင်းချင်းတွက်ရင် IMDb 8 ထိတောင် ရထားတဲ့အပိုင်းလေးတွေပါတဲ့၊ ဥပဒေပညာပေးမိသားစုဒရာမာ စီးရီးကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းတည်းက သင့်ကို ဇာတ်လမ်းတစ်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ စီးရီးကောင်းလေးတစ်ခု ဖြစ်တာကြောင့် ဒါလေးကို ညွှန်းရပါလိမ့်မယ်။မှုခင်းဥပဒေပညာပေးမိသားစုဒရာမာဖြစ်တာကြောင့် အဘီဂေးဆိုတဲ့ အမျိုးသမီးလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတာကို တွေ့ရပါ တယ်။ အဘီဂေးဟာ တရားခွင်မှာ အမှားတစ်ခုလုပ်မိရာကနေစတင်ပြီး သူငယ်ငယ်တည်းက သူ့ကိုပစ်ထားခဲ့တဲ့ သူ့အဖေအကြီးတန်းရှေ့နေကြီးရဲ့ ဥပဒေကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဖြစ်လာပါတော့တယ်။တစ်ခုခုဆို တစ်စက်မှ အထိမခံတဲ့ စွာတေးလန်အဘီဂေးတစ်ယောက် သူ့အဖေရဲ့ကုမ္ပဏီကြီးမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ၊ ယောက်ျားတိုင်းကို မုန်းနေတဲ့ သူ့ရဲ့စိတ်ဓာတ်ကြောင့် ...
7.1
TMDb: 7.1/10 1200 votes
tv

Family Law CA (2021) – Season (01)

2021
Roommates of Poongduck 304 S01 (2022) [Complete]
Roommates of Poongduck 304 S01 (2022) [Complete] Roommates of Poongduck 304 S01 (2022) [အစ-အဆုံး]အပိုင်းသစ် - ၇ နှင့် ၈ (ဇာတ်သိမ်းပိုင်း)(1080p ကြည့်လို့ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Kissable Lips တုန်းကအတွဲညီခဲ့ကြတဲ့ main lead နှစ်ယောက်ရဲ့ BL ကားသစ်လေးပဲဖြစ်ပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်ပြီး ကြာသပတေးနေ့တိုင်း CM ကနေ တင်ဆက်ပေးသွားပါမယ်။ဇာတ်လမ်းအကျဉ်း ...ဂျီဟိုဂျွန်း က ဂွန်းနမ်လုပ်ငန်းစုရဲ့တတိယမျိုးဆက်သူဌေးသားလေးဖြစ်ပေမယ့် အဖေဖြစ်သူရဲ့ရာဇသံကြောင့် အိမ်ကနေထွက်ပြီး မိသားစုကုမ္ပဏီမှာအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ဆောဂျယ်ယွန်း ကတော့ ဂွန်းနမ်လုပ်ငန်းစုကအလုပ်သင်တစ်ယောက်ဖြစ်ပြီး ဖွန်းဒေါ့ဗီလာရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ ဗီလာမှာ အခန်းပိုတစ်ခန်းရှိနေလို့ ငှားခရအောင် အခန်းဖော်တစ်ယောက်ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောက်လာတဲ့အခန်းဖော်က ဂျီဟိုဂျွန်း ဖြစ်နေပြီး စတွေ့ကတည်းက စကားပြောပြတ်ပြီးကြွားလုံးတွေထုတ်နေတဲ့သူ့ကို အိမ်ပိုင်ရှင်ဆောဂျယ်ယွန်းတစ်ယောက် အမြင်မကြည်ခဲ့ပါဘူး။သူတို့ရဲ့ရေစက်က ဖွန်းဒေါ့ဗီလာမှာတင်ပြီးမသွားဘဲ အလုပ်ခွင်ထိပါပါလာပါတယ်။ အဲဒါကတော့ ဟိုဂျွန်းက အလုပ်သင်ဆောဂျယ်ယွန်းရဲ့ အသစ်ရောက်လာတဲ့ အဖွဲ့မှူးဖြစ်နေတာပါပဲ။ အိမ်ရှင်နဲ့အိမ်ငှား၊ အဖွဲ့မှူးနဲ့လက်အောက်ငယ်သား...ဒီလိုကံကြမ္မာရဲ့လှည့်ကွက်ထဲမှာတွေ့ဆုံလာကြတဲ့ ဂျီဟိုဂျွန်းနဲ့ဆောဂျယ်ယွန်းတို့ ရှေ့ဆက်ပြီး ဘယ်လိုဖြစ်ကြဦးမလဲဆိုတာသိရဖို့ ...

Roommates of Poongduck 304 S01 (2022) [Complete]

2022

Genres

Archives