Channel Myanmar

Universal Soldier: The Return (1999)

ActionSci-Fi

4.2
IMDB: 4.2/10 votes

64614

Report error

ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။

၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။

ဇာတ်လမ်း​အကျဉ်းကတော့​

ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ဟာ အစိုးရ​နဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol​ စီမံကိန်း​မှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal​ Soldiers တွေဟာ အရင်ကထက် အဆင့်​မြင့်​လာပြီး ပိုမို​သန်မာမြန်ဆန်လာပြီး သူတို့​ရဲ့​လှုပ်​ရှားမှု​တွေကို ဒေါက်တာ​ Cotner​ တည်ဆောက်​ထားတဲ့ SETH​ လို့ခေါ်​တဲ့ ဉာဏ်​ရည်​မြင့်​ကွန်ပျူတာ​က ထိန်းချုပ်​စောင့်ကြည့်နေပါတယ်။ တနေ့​မှာအစိုးရ​က UniSol​ စီမံကိန်း​ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်​လိုက်​ချိန်​မှာတော့ SETH က သူ့ရဲ့​တည်​ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုး​ရ​ကိုဆန့်ကျင်​ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူ​လာပါတော့တယ်။ စွမ်း​ရည်​မြင့် Universal​ Soldiers တွေကို​ထိန်းချုပ်​အမိန့်ပေးနိုင်တဲ့ SETH​ ရဲ့အကြံကို Luc နဲ့ အမေရိကန်​စစ်တပ်တို့ ဘယ်လို​တားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

90s ခုနှစ်​တွေက အများ​အပြား​ထွက်​လေ့​ရှိတဲ့ Action​/Sci-fi အမျိုးအစား​ဖြစ်တာကြောင့် ဇာတ်​အိမ်​မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်း​ရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier​ တွေကလည်း 1992 ကထက်​ အများကြီး​ကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်​ရှင်​ကားဖြစ်တာကြောင့် ဇာတ်လမ်း​က ပုံမှန်​အတိုင်း​မြင်​နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်​ဇာတ်လမ်း​ပရိသတ်​တွေ​အတွက်တော့ အချိန်​ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။

File size…(1.8 GB)/(961 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:22:00
Genre…Action, Science Fiction 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemhein 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Universal Soldier: The Return (1999)
Universal Soldier: The Return (1999)
Universal Soldier: The Return (1999)
Universal Soldier: The Return (1999)
Universal Soldier: The Return (1999)


No downloads available

Genres



Related movies