Channel Myanmar

Alex Cross (2012)

ActionCrimeMysteryThriller

5.2
IMDB: 5.2/10 votes

130702

Report error

ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။

ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ဇာတ်ကား​ပီပီ​ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​က​ Box Office မှာထင်ထားသလောက် ဝင်ငွေမရခဲ့ပေမဲ့ ဝတ္ထု​ပရိသတ်​အချို့​ကတော့​ အကြိုက်တွေ့ခဲ့ပါတယ်။ ဇာတ်လမ်း​မှာ plot twist တစ်ခုလည်းပါဝင်ပြီး Action Thriller နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်ပါတယ်။

 

File size…(2.3 GB)/(1.1 GB)/(650 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:41:00
Genre…Action, Thriller, Crime, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemheim 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)
Alex Cross (2012)


No downloads available

Genres



Related movies