Channel Myanmar

Into the Wild (2007)

Into the Wild    

R 148 min AdventureBiographyDrama

8.1
IMDB: 8.1/10 511,038 votes

, , , ,

, , , , , , , , ,

Nominated for 2 Oscars. Another 23 wins & 99 nominations.

USA

1077879

Report error

 

၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ

လှူပ်လှူပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။

အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊

ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊

အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ

တောထဲကို ၀င်ရောက်သွားခဲ့တယ်။

တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း

သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့

သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။

♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ

♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ

♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲ

အဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ

ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။

အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအ၀င်

သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊

မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က

Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။

အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ

နိုင်ငံတကာထိ ပေါက်မြောက် အောင်မြင်ခဲ့ပါတယ်။

အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့သလို

အမေရိကန်ရှိ တက္ကသိုလ်ကျောင်းအားလုံးနီးပါးရဲ့ Book Club တွေထဲ

ထည့်သွင်းဆွေးနွေးရတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

ပြိုင်ဆိုင်မှူ ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းတဲ့ မြို့ပြလူနေမှူစနစ်အောက်မှာ

ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် ထွက်ပေါက်

ကျမ်းစာအုပ်တစ်အုပ်အလား အောင်မြင်ခဲ့ပါတယ်။

မင်းသားကြီး ရှောင်ပင်းကနေ ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့ရာမှာလည်း

အောင်ပွဲဆင့်ခဲ့ပြန်ပါတယ်။

စာအုပ်အဖြစ်သာမက ရုပ်ရှင်အဖြစ်ပါ

လူငယ်များအကြား အထူးရေးပန်းစားခဲ့ပြန်ပါတယ်။

 

ဒီရုပ်ရှင်ကားကို Chanyein Soe က ဘာသာပြန်ထားပြီး ရုပ်ရှင်အညွှန်းအား

NDSP Books မှ ကူးယူဖော်ပြပါသည်။

 

 

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ….

Into the Wild စာအုပ်ကို

ဆရာရာပြည့်က ရသမြောက်ဘာသာပြန်ဆိုပြီးချိန်မှာပဲ

မမျော်လင့်လဲ ကွယ်လွန်ခဲ့ပါတယ်။

အခုတော့ ကန္တာရခရီးသည်စာအုပ်ဟာ

ဆရာရာပြည့်ရဲ့ နောက်ဆုံး ဘာသာပြန်လက်ရာ ဖြစ်ခဲ့ပါတော့တယ်။

ဆရာရာပြည့်ရဲ့ နောက်ဆုံးဘာသာပြန်လက်ရာကို

ငါတို့စာပေရဲ့ ၂၀၁၈ ခုနှစ်ထုတ် နောက်ဆုံးစာအုပ်အဖြစ်

ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မှတ်မှတ်ရရ ဖြန့်ချိပေးပါတော့မယ်။

ရုပ်ရှင်လဲ ကြည့်ရင်း စာအုပ်လဲ ပြန်ဖတ်ချင်ခဲ့ရင်

NDSP Books ကနေ မှာဖတ်နိုင်ပါတယ် စာအုပ်ပုံလေးပါ

တွဲတင်ပေးလိုက်ပါတယ်။

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)
Into the Wild (2007)


No downloads available

Genres



Related movies