Channel Myanmar

Content at random


Movies

SEE ALL
Belle and Sebastien: The New Generation (2022) 6.2
Belle and Sebastien: The New Generation (2022) Belle and Sébastien: The New Generation (2022)ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ...
movie

Belle and Sebastien: The New Generation (2022)

2022
Above The Fire ( 2023 ) 6
Above The Fire ( 2023 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို နှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာ သူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်း လုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ...? ရည်းစားဖြစ်သူ ရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ -ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ? မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : ...
movie

Above The Fire ( 2023 )

Vasantha Mullai (2023) 8.3
Vasantha Mullai (2023) Vasantha Mullai (2023)IMDb 8.3/10ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​ နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့ မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ်သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့.... File size…1.68GB / 705MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Yunni~ Khin Khin
movie

Vasantha Mullai (2023)

2023
The New Toy (2022) 6.0
The New Toy (2022) The New Toy (2022) ================ IMDb Rating - 6.0/10ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ...
movie

The New Toy (2022)

2022
Black Hunting Operation ( 2022 ) 6.1
Black Hunting Operation ( 2022 ) တရုတ်နိုင်ငံအတွင်းမှာ အမြတ်ကြီးစား လက်ဝါးကြီးအုပ်ချင်ကြတဲ့ ဒုစရိုက်ဂိုဏ်းသားတွေဟာ အပြစ်မဲ့ပြည်သူတွေကို ချုပ်ကိုင်ပြီး ငွေတိုးချေးခြင်း လောင်းကစားရုံတွေဖွင့်ခြင်း အစရှိတဲ့ ဥပဒေချိုးဖောက်တဲ့ အလုပ်တွေကို လုပ်ကိုင်လျှက်ရှိကြပါတယ် ။ငွေတိုးအဆမတန်ချေပြီး ပြန်မပေးနိုင်ပါက ပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်ယူနှိပ်စက်မှုတွေ ကြုံလာတဲ့အခါမှာတော့ ပြည်သူ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နှိမ်နင်းဖို့အထိ ဖြစ်လာခဲ့ပါတယ် ။ အဲ့အထဲမှာလဲ ရဲတပ်ဖွဲ့ခေါင်းဆောင် ချင်ဖုန်းကလဲ အပါအဝင်ပါ ။ပြည်သူတွေအတွက် လက်စားချေပေးဖို့အရေး နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ခေါင်းဆောင်ချင်ဖုန်းကိုယ်တိုင် ဒုစရိုက်ဂိုဏ်းအတွင်း ဝင်ရောက်ကာ ချဥ်းကပ်ခဲ့ပါတော့တယ် ။❏ ဒီတော့ ခေါင်းဆောင်ချင်ဖုန်း နဲ့ သူ့ရဲ့ ရဲဘော်တွေ ဒီဒုစရိုက်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့နိုင်ပါ့မလား ?❏ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ကြိုးကိုင်သူ ခေါင်းဆောင်ကို ဖမ်းဆီးကာ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : ...
movie

Black Hunting Operation ( 2022 )

The Price of Family (2022) 5.8
The Price of Family (2022) The Price of Family (2022) =================== IMDb Rating - 5.8/10ဇာတ်လမ်းလေးကတော့ အမ်မီလီယိုနဲ့ အဲလက်စန်ဒရာတို့ မောင်နှမ အဖေနဲ့ အမေကို ထားခဲ့ပြီး အိမ်ခွဲနေကြတာကနေ စပါတယ်။ သိပ်မ ကြာခင်မှာပဲ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေကြတဲ့ မောင်နှမ မိဘတွေကို အချိန်ပေးဖို့ ခက်လာပါတယ် မွေးနေ့လို နေ့မျိုးမှာတောင် မိသားစု မဆုံနိုင်ကြတော့ပါဘူး။ ခရစ္စမတ်လို မိသားစုတွေ ဆုံကြတဲ့ပွဲမျိုးမှာ တောင် အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်‌တော့ပါဘူးဒီလိုနဲ့ မိဘတွေဖြစ်တဲ့ အန်နာနဲ့ ကာလို သားသမီးတွေကို ပညာပြဖို့ အကြံထုတ်ပါတော့တယ်။ သူတို့မှာ ပိုက်ဆံ‌ရှိရင်တော့ လာကပ်ကြ မှာပဲဆိုပြီး ယူရို ၆သန်း အမွေရထားတယ်ဆိုပြီး ပြောလိုက်ပါတော့ တယ်။အဲတော့ အရင်က မအားကြတဲ့ မောင်နှမ အကြောင်းအမျိုးမျိုး ရှာပြီး မိဘတွေဆီ ကပ်လာကြပါပြီ။ တစ်ဖက်မှာလည်း အန်နာနဲ့ ကာ လိုဟာ သန်းကြွယ်သူဌေးဂုဏ်ပုဒ်နဲ့အညီ သုံးပြဖြုန်းပြ ရပါတယ်။ အစီအစဉ်ကတော့ ခရစ္စမတ်မတိုင်ခင်ထိပါပဲ ခရစ္စမတ်ပြီးရင် သား သမီးတွေကို အမှန်အတိုင်း ပြောပြပါတော့မယ်။ဒါအပြင့် အလိမ်အညာဆိုတာ ကြာကြာဖုံးထားလို့ ...
movie

The Price of Family (2022)

2022
All the Places (2023) 5.6
All the Places (2023) All the Places (2023) ===============ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ် ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ နိုင်တာမဟုတ်လား။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ် ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂) ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့ အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင် မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.48 GB) / (657 MB) ...
movie

All the Places (2023)

2023
(21+)Reijo niku-dorei (1985) 6.8
(21+)Reijo niku-dorei (1985) မပွင့်လင်းတာက မိန်းကလေးတွေရဲ့ပြယုဒ်တစ်ခုလား မိန်းကလေးတွေအတွက် အချစ်ဆိုတာ ထွက်ပေါက်တစ်ခုလား သူ့တို့အတွက် အချစ်ဆိုတာရောရှိလား ခံရောခံစားဖူးလား ဒီဇာတ်ကားလေးကိုကြည့်ကြည့်ပါ ပြည့်စုံပေမဲ့ မပြည့်စုံတဲ့ လှပချောမောတဲ့ သူဌေးသမီးလေးသူအဖေရဲ့ဆန္ဒတစ်ခုကြောင့် ကောင်လေးတစ်ယောက်နဲ့ စေ့စပ်ထားလိုက်တယ် ပြီးတော့ သူဝါသနာပါတဲ့ ပန်ချီဆွဲတဲ့အလုပ်ထဲနှစ်ထားပြီး နာမည်ကြီးတဲ့တစ်နေ့မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားလိုက်တယ် သူ့မှာလည်းသူ့ခံစားချက်နဲ့သူလေ သူကမွေးစားသမီး သူဌေးမှာက သမီးရင်းတစ်ယောက်ရှိနေတာ သူ့ကိုယ်သူ သိမ်ငယ်နေတယ်လေ သူက အိမ်ကြီးတစ်လုံးထဲမှာတစ်ယောက်တည်းနေပြီး အစေခံ တစ်ယောက်လည်းရှိပါတယ်တစ်နေ့ ညီမဖြစ်သူက အစေခံကောင်လေးကို တီးတိုးကပ်ပြီးအကူညီတောင်းပါတယ် ဇာတ်လမ်းလေးက အချစ်ရဲ့သဘောသဘာဝ တွေကို ဖေါ်ကြူးထားပြီး လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမငြင်းနိုင်ဘူးဆိုတာကို ခဏခဏပြထားတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.4GB / 631MB Quality…1080p  / 720p Format…mp4 Duration….1h 7m Subtitle….Myanamr Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(21+)Reijo niku-dorei (1985)

1985
A Sunday Affair (2023) 4.6
A Sunday Affair (2023) A Sunday Affair (2023) ================= Romance, DramaNetflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေ မဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက် နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။ အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင် စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။ သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက် ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲ ရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.7 GB) / (755 MB) / (447 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance, Drama Translator.......Thiha ...
movie

A Sunday Affair (2023)

2023
La Femme Nikita (1990) 7.3
La Femme Nikita (1990) La Femme Nikita (1990)~ IMDb - 7.3/10, RT - 89%, Meta - 56% ~ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ...
movie

La Femme Nikita (1990)

1990
Summer Palace (2006) 7.1
Summer Palace (2006) Summer Palace (2006)~ IMDb - 7.1/10, Rotten Tomatoes - 72% ~Directed By "Lou Ye"Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ ...
movie

Summer Palace (2006)

2006
Made In Bengaluru(2022) 9.3
Made In Bengaluru(2022) Made In Bengaluru 2023IMDb 9.3/10 အထိရရှိထားပြီး ပရိတ်သတ်တွေနဲ့မစိမ်းလှတဲ့ နာမည်ကြီးမင်းသား မင်းသမီးတွေပါ၀င်ထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘန်ဂလူရူမြို့ဟာ အိန္ဒိယတောင်ပိုင်းရဲ့မြို့တော်၊ လူသန်းပေါင်းများစွာရဲ့ အိပ်မက်တွေအကောင်အထည်ဖော်တဲ့ အချက်အချာကျတဲ့နေရာလေးပေါ့။ ဒါ့အပြင်လူငယ်တွေ လုပ်ငန်းသစ်စဖို့ အားထားရတဲ့မြို့လေးတစ်မြို့ဆိုပါတော့။ အဲ့ဒီမှာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် ဆူဟာ့စ်ဆိုတဲ့ လူငယ်လေးအပါအ၀င်ပါ။ ဆူဟာ့စ်ဟာ သူတီထွင်ထားတဲ့ အပ်ဒ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာရာကနေ ဇာတ်လမ်းစထားပါတယ်။သို့ပေမယ့်မြို့လေးဟာထင်သလောက်မရိုးသားနေပါဘူး တစ်ချို့လည်းတကယ်‌ကူညီ‌ပေးချင်သလို သူတစ်ပါး‌ဦးနှောက်ကိုဖောက်စားချင်ကြတဲ့တွေလည်း မနည်းမနောပါပဲ။ ဒီတော့ ဆူဟာ့စ်တစ်ယောက် လုပ်ငန်းစဖို့စီးပွားရေးလောကထဲ၀င်လာတဲ့အချိန်မှာ အဲ့လောကဟာလည်းမာယာများနေတဲ့အခါ ရည်မှန်းချက်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အချစ်၊ အလွမ်း ဟာသလေးနှောပြီး လူစုံစရိုက်စုံလှတဲ့ ဘန်ဂလူရူမြို့ကြီးထဲမှာ သူတို့တွေဘယ်လို အမျိုးစုံ ကြိုးခုန်ကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.7GB  /1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~ Cherry~ Yunni~Nyein Aye
movie

Made In Bengaluru(2022)

2022
The Werewolf Game: Inferno (2018) 6.1
The Werewolf Game: Inferno (2018) The Werewolf game : InfernoAlong the god's willတို့ Alice in borderlandတို့လိုမျိုး အသက်ကိုလောင်းကြေးထပ်ပြီး ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တဲ့ survival ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ်ကြည့်လို့ရမဲ့ movieအတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ထူးခြားတာက တခြားmovieတွေလို သတ်မဲ့လူ ကိရိယာတွေ အဆင်သင့်ရှိနေတာမဟုတ်ဘဲ ဂိမ်းကစားသူတွေကိုယ်တိုင် သူတို့အထဲက သမန်းဝံပုလွေကို လိုက်လံ သတ်ဖြတ်ရမှာပါ။ Party gameတစ်ခုဖြစ်တဲ့ The werewolf gameကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။မြန်မာမှာ ခေတ်စားခဲ့တဲ့ Among usလိုမျိုးပဲ အဖွဲ့ထဲက impostor(သမန်းဝံပုလွေ၂ကောင်)ဖြစ်နိုင်တဲ့သူကို မဲပေးပြီး ကိုယ်တိုင်သတ်ရမှာပါ။ဇာတ်လမ်းအစမှာတော့ အထက်တန်းကျောင်းသား ကျောင်းသူတွေဟာ ဘာမှမသိလိုက်ဘဲ ထူးဆန်းတဲ့အဆောက်အဦတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒါဟာ တောနက်ထဲမှာ ထီးတည်းတည်ရှိနေတဲ့နေရာကျယ်ကြီးဖြစ်ပြီးတော့ လွတ်ဖို့လမ်းလည်း ရှာလို့မလွယ်ပါဘူး။ လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ သမန်းဝံပုလွေဂိမ်းကို ကစားရမှာဖြစ်ပါတယ်။လူတွေအားလုံးထဲမှာမှ သမန်းဝံပုလွေ(jinrou) ၂ကောင်ရှိပြီးတော့ ကျန်တဲ့သူတွေက ရွာသားတွေဖြစ်ပါတယ်။ ညတိုင်း ၈နာရီမှာ အစည်းအဝေးထိုင်ပြီး ...
movie

The Werewolf Game: Inferno (2018)

The Night Beyond the Tricornered Window (2021) 5.0
The Night Beyond the Tricornered Window (2021) The night beyond the tricornered windowစာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး "မိကဒို"မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ "ဟိရခဝါ"လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက "ဟိအူရ"လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb ...
movie

The Night Beyond the Tricornered Window (2021)

Hero(2022) 7.0
Hero(2022) Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun  ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး‌နော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်‌ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie

Hero(2022)

[18+] Black Cat (1991) 5.8
[18+] Black Cat (1991) Black Cat (1991)ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating ...
movie

[18+] Black Cat (1991)

1991
[18+]Girl$(2010) 6.0
[18+]Girl$(2010) [18+]Girl$(2010)*****************တရုတ်ကားဖြစ်သော်လည်း အတော်လန်းတဲ့အိပ်ရာခန်းတွေနဲ့ ကားနာမည်အတိုင်း မိန်းကလေးပုံစံအမျိုးမျိုးစိတ်အဖုံဖုံနဲ့မို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြော်င်း...တစ်ချို့က ကိုယ်ချစ်တဲ့သူနဲ့မှ အပျိုစင်ဘဝကိုကုန်ဆုံးချင်တာမျိုးရှိသလိုတစ်ချို့ကလည်း ငယ်စဉ်မှာ လက်တည့်စမ်းချင်တာမျိုးရှိတယ်..တစ်ချို့က ငွေရှာနည်းကဲ့သို့အသုံးချတတ်သလိုတစ်ချို့ကလည်း ငွေပေးပြီးတော့ကို ယောက်ျားတွေနဲ့သူတို့စိတ်ဖြေဖို့ အိပ်တတ်တာမျိုးရှိကြတယ်..ဒီလို အခြေအနေပေါင်းစုံကို လေ့လာအကဲခတ်ခွင့်ရမှာမို့.... File Size :(2.0GB) and (800 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by  DS
movie

[18+]Girl$(2010)

A Man Called Otto (2023) 7.6
A Man Called Otto (2023) A Man Called Otto (2023)မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. ...
movie

A Man Called Otto (2023)

2023
[18+] Exotica (1994) 7
[18+] Exotica (1994) Exotica (1994)~ IMDb - 7/10, Rotten Tomatoes - 95% ~Exotica ဟာ ၁၉၉၀ ခုနှစ်များဆီက မရေရာမသေချာ အိပ်မက်ဆန်ဆန် ပုံစံမျိုးပြသပြီး Psychological Thriller ဇာတ်ကားတွေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖော်ချွတ်ကလပ်တစ်ခုဖြစ်တဲ့ Exotica မှာဆုံကြတဲ့ လမ်းပျောက်နေတဲ့ ဒဏ်ရာရနေတဲ့ ဝိညာဉ်တစ်စုရဲ့ ဇာတ်လမ်းလေးပါ။ ဝမ်းနည်းစရာပြည့်နေတဲ့ အတိတ်နဲ့ လူတစ်ယောက်၊ သူနဲ့ ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေတဲ့ အကမယ်လေး၊ အကမယ်လေးကို စွဲလန်းနေတဲ့ ဒီဂျေနဲ့ ရှားပါးငှက်ဥတွေကို မှောင်ခိုကူးနေတဲ့ သူတစ်ယောက်... သူတို့ရဲ့ ဆက်နွယ်မှုတွေ နာကျင်မှုတွေ ခံစားချက်တွေကို ကူးလူးခံစားမိစေမှာပါ။ သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ခုလို ဖန်တီးတင်ပြထားပါတယ်။ အရမ်းကို နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ခံစားချက်တွေကို ရောထွေး ယှက်နွယ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ရုပ်ရှင်ဆု ၁၆ ...
movie

[18+] Exotica (1994)

1994
Baragaki: Unbroken Samurai (2021) 6.3
Baragaki: Unbroken Samurai (2021) Baragaki: Unbroken Samurai (2021)~ IMDb - 6.3/10, MyDramaList - 7.2/10 ~ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ...
movie

Baragaki: Unbroken Samurai (2021)

2021
No content available

Genres

Archives