လူသားပေါက်စီလို့ဆိုလိုက်တာနဲ့
ဟိုတုန်းကကားတွေတော်တော်များများကို
ပြန်အမှတ်ရမိမှာပါ ဒီကားကတော့
မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့
Eight Immortal စားသောက်ဆိုင်က
ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ
၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့
စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း
အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့
သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက
မာကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ
ဆိုင်ရှင် ချန်လမ်ကကောင်းကောင်းသိတယ်
ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ
အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့
ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ
တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး
ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့
မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့
ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့်
လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ်
ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့
တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင်
ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး
R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက်
ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့
ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့်
အသတ်အဖြတ်တွေ 21+ scene တွေ
အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့
ကျွန်တော်ကတော့ ဒီလိုကားမျိုး
reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ်
ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့
ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့
ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ်
တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့
ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ
ကြည့်ပြီးလောက်ပြီထင်ပါတယ်
Translated By : Hein Thet Naing
Encoded By : XCode