Channel Myanmar

Content at random


Movies

SEE ALL
Slyth: The Hunt Saga (2024)
Slyth: The Hunt Saga (2024) Sltyth : The Hunt Saga (2024)Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ... အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့ လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Char Ou ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Slyth: The Hunt Saga (2024)

2024
Locked in My House (2024) 5.2
Locked in My House (2024) Locked in My House (2024) =======================စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်း မျိုးပါ။ ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင် ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေး ပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထား တဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ် ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့ တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ‌ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့် ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှု ကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအ မျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကို စိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာ‌ဖွေပြီး အပြစ် ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်...။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ...
movie

Locked in My House (2024)

2024
Glass Curtain [Cam Perde ] (2023) 6.0
Glass Curtain [Cam Perde ] (2023) Glass Curtain [Cam Perde ] (2023) ========================== IMDb Rating - 6.0/10Cam Perde သို့မဟုတ် Glass Curtain သို့မဟုတ် မှန်ကန့်လန့်ကာ..... ဒီရုပ်ရှင်ဟာလက်တွေ့လောကမှာ ဖြစ်ပျက်တတ်တဲ့ အိမ်ထောင်ရေး ကိစ္စမျိုးကို အခြေခံပြီးရိုက်ကူးထားတာပါ။ IMDb rating 6 ရရှိထား တဲ့ တူရကီနိုင်ငံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နက်ဆရင်ဟာ ကလေးတစ်ယောက်နဲ့ ကွာရှင်းထားတဲ့အမျိုးသမီးတစ်ယောက်ပါ။ လက်ရှိမှာတော့ ဆီလင်း ဆိုတဲ့ ယောကျ်ားလေးနဲ့ ချစ်သူတွေဖြစ်နေခဲ့တာပါ။ သူ့အရင် ယောကျ်ား အိုမာကတော့ နက်ဆရင့်အပေါ် လိုက်လံနှောင့်ယှက်တာမျိုး လုပ်တတ် ပြီး ဒေါသထွက်လွယ်သူမို့ နက်ဆရင့်အနားကို မလာဖို့ တားမြစ်မိန့် အ ထုတ်ခံထားရပါတယ်။ ဒါပေမယ့် အိုမာကတော့ ထောင်ကျလည်း ခဏ ပြီးရင် ပြန်လိုက် နှောင့်ယှက်တတ်တာမို့ နက်ဆရင်အတွက် ဒုက္ခအိုးပါ ပဲ။ နက်ဆရင် တစ်ယောက် အချစ်ရေး၊ စီးပွားရေးနဲ့ အိုမာရဲ့ နှောင့်ယှက် မှုတွေကြားရုန်းကန်ရပုံတွေကို မွန်းကြပ်ဖွယ် ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ...
movie

Glass Curtain [Cam Perde ] (2023)

Arnold & Sly: Rivals, Friends, Icons (2024) 7.3
Arnold & Sly: Rivals, Friends, Icons (2024) Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie

Arnold & Sly: Rivals, Friends, Icons (2024)

2024
13 Bombs (2023) 6.7
13 Bombs (2023) 13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie

13 Bombs (2023)

2023
Analog (2023) 6.8
Analog (2023)  Japanese Drama/Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဘယ်လိုအနေအထား ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် မင်းကို ထာဝရ အချစ်စစ်နဲ့ချစ်နေမှာပါဆိုတာကို ရိုက်ပြထားတဲ့ ဂျပန်အချစ်ကားလေးတစ်ကားပါ....ဇာတ်အိမ်လေးကတော့..... မီဇူရှီးမား ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဆိုင်အပြင်အဆင်တွေ၊ ဟော်တယ်အပြင်အဆင်တွေကို ဒီဇိုင်းဆွဲတဲ့ Interior Designer တစ်ယောက်ပေါ့....တစ်နေ့မှာ သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားပြီး အမြဲထိုင်လေ့ရှိတဲ့ Piano ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ မမျှော်လင့်ထားဘဲနဲ့ မီယူကီ ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး.... သူဘဝရဲ့ ရှေ့ရေးဟာ ဘယ်လိုဆက်ပြီးဖြစ်လာမလဲ...... မီယူကီ နဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ.... ဒီထူးဆန်းတဲ့ မိန်းကလေးကရော ဘယ်လိုမိန်းကလေးမျိုးလဲ.... Happy Ending ရောဖြစ်နိုင်မလား ဆိုတာကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.3 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Analog (2023)

Subhedar (2023) 7
Subhedar (2023) Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်) IMDb - 8.1/10ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့် သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီး မိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့ လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီး တိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာ သိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ .... ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကို ဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ........ဆိုတာတွေကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.71GB / 1.2GB Quality…WEB DL 1080p / ...
movie

Subhedar (2023)

2023
My Child Has My Doctor’s Face (2024) 5.7
My Child Has My Doctor’s Face (2024) My Child Has My Doctor’s Face (2024) ============================ဂျက်ဆီကာနဲ့ ဒင်လန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုပဲ ချစ်ကြတဲ့လင်မယားတွေပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သုံးနှစ်ကျော်လောက် ကြိုးစားတာတောင် သားသမီးရတနာမထွန်း ကားဘဲ ဖြစ်နေရတာကြောင့် ဂျက်ဆီကာတစ်ယောက် ဒင်လန့်ကို ဖန်ပြွန်သန္ဓေသားနည်းကို စမ်းသပ်ကြည့်ဖို့ပြောလာခဲ့ပါတော့တယ်။ဒင်လန်အနေနဲ့လည်း ဇနီးဖြစ်သူစိတ်ကျေနပ်စေဖို့အတွက် လက်ခံ သဘောတူခဲ့ပါတယ်။ နှစ်တွေအတန်ကြာလာပြီးတဲ့အခါမှာတော့ ဂျက်ဆီကာတို့မိသားစုလည်း ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ရလာတဲ့ သားဖြစ်သူဟင်နရီလေးကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေရတာပေါ့။ တစ်နေ့မှာတော့ ဟင်နရီရဲ့သွေးအုပ်စုအမျိုးအစားနဲ့ ဒင်လန်ရဲ့သွေး အမျိုးအစားက မိဘနှင့်သားသမီးတော်စပ်ဖို့ မဖြစ်နိုင်ကြောင်းကို ဂျက်ဆီကာတစ်ယောက် အမှတ်မထင်ထိလိုက်ရပါတော့တယ်။ ဒီလို နဲ့ပဲ ဂျက်ဆီကာလည်း ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဖြစ်ရပ် မျိုးဖြစ်လာရလဲဆိုတာ စတင်ရှာဖွေပါတော့တယ်။ သူနဲ့အတူ CM ပရိသတ်တွေလည်း လိုက်လံအဖြေရှာကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(560 MB) Quality............WEB-DL 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Fiona Gillen Encoder..........SWM 
movie

My Child Has My Doctor’s Face (2024)

2024
Abigail (2024) 7.0
Abigail (2024) Abigail (2024) =========== IMDb Rating - 7.0/10အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli- Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီး ကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး Kathryn Newton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သား ဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ် ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန် ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံး ထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ...
movie

Abigail (2024)

2024
4K HEVC
Poka (2023) 6
Poka (2023) Poka 2023 ဘာဘီ IMDb 6.3ဒုစရိုက်လောကက ဂိုဏ်းတွေကို ယောကျာ်းတွေပဲဦးစီးပြီးအောင်မြင်တာတွေပဲတွေ့ရတတ်ပေမဲ့ မိန်းမဦးစီးတဲ့ဂိုဏ်းဆိုတာမရှိသလောက်ပါပဲဒီမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိန်းမကအုပ်ချုပ်တဲ့ဂိုဏ်းတစ်ခုပေါ့ အစကတော့ဒီလောက်အာဏာမရှိခဲ့ပေမဲ့ သူကိုင်တွယ်လိုက်တဲ့ပို့ကုန်မှန်သမျှက ယောကျာ်းသားတွေပို့ရင်တောင် ၂ခါလောက်ပျောက်တတ်ပေမဲ့ သူပို့ရင်တော့တိတိကျကျရောက်တယ် အဆင်ပြေတယ်ဆိုတဲ့မှတ်ချက်တွေကြောင့် လူအထင်ကြီးလေးစားခံရပြီး အောင်မြင်လာခဲ့တယ်ဒါကြောင့်မို့ ဒီအဖွဲ့ကိုဦးစီးဖို့ ဆရာဖြစ်သူကသူ့ကိုတာဝန်ပေးလိုက်ချိန်မှာတော့ အဖွဲ့သားတွေကသဘောတူတဲ့လူကတူ မတူတဲ့လူကမတူနဲ့ အဖွဲ့တွေကွဲသွားရင်းက ရန်စတွေဖြစ်ခဲ့ကြတယ် ဒီကြားထဲ နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာပါ မထင်ထားတဲ့ပြဿနာတွေကြုံလာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကြည့်ရှုလိုက်ပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 554MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Poka (2023)

2023
Alibaba Ani Chalishitale Chor (2024) 6.6
Alibaba Ani Chalishitale Chor (2024) Alibaba Ani Chalishitale Chor 2024 (သံသယ)ယောက်ျားလေးနဲ့ မိန်းကလေးက တကယ်ပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နိုင်ရဲ့လား ဒီနေ့ခေတ်မှာ တကယ်ထိလွယ်ရှလွယ်ပြီး ပွဲဖြစ်နိုင်တဲ့မေးခွန်းမျိုးပါ။ဒီဇာတ်ကားထဲမှာ​တော့ ခင်မင်မှုနဲ့ ဖောက်ပြန်မှုက အရမ်းပါးတဲ့ မျဥ်းကလေးတစ်ခုလို့ ဆိုထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စုံတွဲသုံးတွဲနဲ့ ယောက်ျားလေးတစ်ယောက် ပါတီလုပ်ရကနေ အစပြုပါတယ်။ ပါတီမှာပျော်ပါးကြရင်း မီးရုတ်တရက်ပျက်သွားတဲ့အခါ အနမ်းပေးတဲ့အသံနဲ့ ပါးရိုက်ခံရတဲအသံကို တစ်ပြိုင်နက်ကြားလိုက်ကြရတယ်။ မီးပြန်ရလာတော့လည်း လက်သည်မပေါ်ဘဲ အီလည်လည်နဲ့ပါတီပြီးသွားတော့တယ်။ပါတီရဲ့ အဖြစ်အပျက်ကိုမကျေနပ်နိုင်သူက ဝက်ဘ်ဆိုက်ထောင်ပြီး မိမိသံသယရှိသူကို အမည်မဖော်ဘဲ ရေးလို့ရတယ် ဆိုလာတဲ့အခါ........ပါဝင်သူတွေက မကျေနပ်နိုင်ဘဲ စုံစမ်းဖို့ ကြိုးစားကြတဲ့အခါ လင်နဲ့မယားကြား အချစ်ဆုံးသူငယ်ချင်းတွေကြား အထင်အမြင်လွဲမှုတွေ အရင်ကဖုံးကွယ်ထားခဲ့တဲ့ သံသယတွေ ပိုပြီးရှုပ်ထွေးလာတော့တယ်။ ဒီလိုအရာတွေကြားမှာ ကာယကံရှင်တွေကို ရှာတွေ့နိုင်ပါ့မလား အချင်းချင်း အရင်လိုပြန်ဖြစ်ကြပါ့ဦးမလားဆိုတာ ဒီကားလေးမှာ စီးမျောကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…1.67GB / 657MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Alibaba Ani Chalishitale Chor (2024)

2024
Galileo : Kindan no Majutsu (2022) 6
Galileo : Kindan no Majutsu (2022) Galileo Kindan No Majutsu 2022 (IMDb 6.0/10)Japanese Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက Silent Parade (2022) ဆိုတဲ့ ဇာတ်ကားမတိုင်ခင် လေးနှစ်အလိုကို အခြေတည်ပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ဂျပန်တွေရဲ့ထုံးစံအတိုင်း သူတို့နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းကို အသားပေးဖော်ပြပြီးတော့ မှုခင်းတားဆီးရေးစုံထောက် Character နဲ့ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစားလေးပါပဲဇာတ်အိမ်လေးကတော့ တိုတေ တက္ကသိုလ်က သုတေသန သိပ္ပပညာရှင် ယူကာဝါ ဆန်ဆဲ ဟာ သူ့ဆီကို သတင်းထောက်တစ်ယောက်ကယူလာတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကနေစပြီး နောက်ဆက်တွဲမှုခင်းတွေကိုဖော်ထုတ်ပါတယ်...... ရဲစုံထောက်ဖြစ်တဲ့ ကူဆန်နာဂီ တို့ရဲ့ဌာနကလည်း အမှုက နည်းပညာပိုင်းဖြစ်နေတော့ ယူကာဝါ ဆန်ဆဲ ရဲ့အကူအညီကုလည်းယူရင်း ယူကာဝါ ရဲ့မှုခင်းအပေါ် သူ့ရဲ့ စုံထောက်ဉာဏ်ကွန့်မြူးတာတွေကိုပါ ပေါင်းစပ်ပြီးတော့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Mystery, Crime Quality…. 1080p | 720p File size… 1.6GB | 772MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Galileo : Kindan no Majutsu (2022)

2022
Siddharth Roy (2024) 8.8
Siddharth Roy (2024) Siddharth Roy (2024) "အချစ်ရူး" IMDb - 8.9/10ရုပ်ရှင်တစ်ကားရိုက်ပြီး အကြာကြီးပျောက်သွားခဲ့တဲ့ တလေဂူးလ်မင်းသား ဒီပါ့ခ်ဆာရို့ဂျ်ရဲ့ ဒရာမာစစ်စစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆစ်ဒါးသ်ဆိုတာ ကောလိပ်ကျောင်းသားတစ်ယောက်။ စာသင်ခန်းတွေကို ဝင်ချင်တဲ့အချိန်ဝင် ထွက်ချိန်တဲ့အချိန် ထွက်သွားတတ်တဲ့ကျောင်းသား။ ကျောင်းသုံးကိရိယာဘာတစ်ခုမှ မပါဘဲ စာသင်ခန်းထဲဝင်လာပြီး သူငယ်ချင်းဆီက စက္ကူဖြဲ ဘောပင်ငှား လက်ချာလိုက်ရေးပြီး သင်သမျှ နားလည်တတ်ကျွမ်းသွားတတ်တဲ့ အိုင်းစတိုင်းထက်တောင် ဉာဏ်ရည်မြင့်မားတယ်လို့ ကောလိပ်မှာ ထင်ရှားတဲ့သူ။ ဝမ်းနည်းမှု၊ အကြောက်တရား၊ ဒေါသနဲ့ ချစ်ခြင်းမေတ္တာကင်းပြီး ယုတ္တိဗေဒနဲ့ပဲ ရှင်သန်နေတဲ့သူလို့ ကျောင်းသူကျောင်းသားတွေ သိထားကြတဲ့သူပေါ့။အင်ဒူဆိုတာ ကောလိပ်နောက်ဆုံးနှစ်မှ ဆစ်ဒါးသ်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်။ အခိုက်အတန့်သေးသေးလေးတွေကနေတောင် ပျော်ရွှင်မှုကို ရှာဖွေစုဆောင်းတတ်တဲ့ လှပပျိုမြစ်တဲ့ကောင်မလေး။ ကျောင်းပြောင်းလာတဲ့နေ့မှာပဲ ဆစ်ဒါးသ်နဲ့တွေ့ပြီး ပဟေဠိဆန်တဲ့လူတစ်ယောက်အနေနဲ့ အင်ဒူ့စိတ်ထဲမှာနေရာယူခဲ့တယ်။ သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုမှာ ဆုံတွေ့ကြချိန်မှာတော့...။ခံစားမှုကင်းတဲ့ ဆစ်ဒါးသ်တစ်ယောက် အင်ဒူနဲ့ပတ်သက်မိချိန်မှာတော့ အချစ်ဇာတ်လမ်းဖြစ်မလား အလွမ်းဇာတ်လမ်းဖြစ်မလားဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.19GB / 1.36GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard ...
movie

Siddharth Roy (2024)

2024
Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
Visul (2023) 7.2
Visul (2023) Visul (2023)၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း ...
movie

Visul (2023)

2023
Triple Troubles (2015) 5.3
Triple Troubles (2015) Triple Trouble (2015)အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးပဲကြည့်ပြီး အပန်းဖြေချင်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ဟာသကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဗီဆိုတဲ့ ကောင်မလေးက အရမ်းရှက်တတ်ပြီး အလုပ်လုပ်ရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ အလုပ်သင်သတင်းထောက်မလေးပါ။ ဗီ့ကို ဗီ့သူဌေးက စိတ်ဆိုးပြီး ပုစွန်ငပိကျွန်းဆီ သတင်းဆောင်းပါးရေးဖို့ သွားခိုင်းတဲ့အခါ ခေတ်ဆန်ပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ မေဆိုတဲ့ ကောင်မလေးရယ်၊ ယောက်ျားနဲ့ ယောက္ခမစကား မြေဝယ်မကျနားထောင်ပြီး အိမ်အလုပ်ကို အိမ်ဖော်လိုလုပ်နေရတဲ့ ယွန်းဆိုတဲ့ အိမ်ရှင်မလေးရယ်နဲ့ တွေ့ဆုံခဲ့ပြီး သုံးယောက်သားအဖွဲ့ကျသွားပါတော့တယ်။ဒီသုံးယောက်ပေါင်းလောင်းကျော်တို့ အဖွဲ့ကျပြီး တစ်ညလုံး ဆန်အရက်တွေ မူးအောင်သောက်မိတဲ့နောက် နောက်နေ့မနက်မှာ လူသူမဲ့တဲ့နေရာမှာ ရုပ်ဆိုးပန်းဆိုးတွေဖြစ်ပြီး နိုးလာကြတော့တာပါပဲ။ ဒီထက်ပိုဆိုးတာက မေ့ဖုန်းကို အမည်မသိဖုန်းတစ်လုံးဝင်လာပြီး သူ့ဆီကနေ အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားကြောင်း၊ ဒီနေ့မှ ပြန်မပေးရင် ကမ္ဘာအဆုံးထိ လိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်သံကြီး ကြားလိုက်ရတဲ့အခါ...ဗီ မေ ယွန်းတို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သူတို့ဘေးမှာ အတူတူမေ့လဲနေခဲ့တဲ့ တွမ်ဆိုတဲ့ လူချောလေး‌ရယ်ပေါင်းပြီး အဖိုးတန်ပစ္စည်းကို ဘယ်လိုလိုက်ရှာကြမလဲ? အဖိုးတန်ပစ္စည်းဆိုတာကရော ဘာကြီးလဲ? လူချောလေး တွမ်ကရော ဘာလို့ သူတို့နဲ့အတူရှိနေတာလဲ? ပုစွန်ငပိကျွန်းမှာ ဘယ်လို ထူးဆန်းအံ့ဩဖွယ်ရာတွေရှိနေမလဲ? ...
movie

Triple Troubles (2015)

2015
The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie

The Whistleblower (2014)

[21+] Secretly Continue Inserting-Kokoro Asano (SONE-127-Decensored)
[21+] Secretly Continue Inserting-Kokoro Asano (SONE-127-Decensored) Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူဖြစ်ပါတယ်။ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။SONE-127-Decensored  ဒီဇာတ်လမ်းမှာတော့ ကြင်နာတတ်တဲ့အစ်မကြီးတစ်ယောက်အဖြစ်သူမကိုမြင်တွေ့ရမှာဖြစ်ပြီး Decensored Version နဲ့မလို့ Kokoro Asano ကို စွဲလန်းသွားဖို့လုံလောက်ပါတယ်။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.8 GB) & (1.2 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:00:24 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Eren Encoded by ...
movie

[21+] Secretly Continue Inserting-Kokoro Asano (SONE-127-Decensored)

The Mummy Murders (2024)
The Mummy Murders (2024) The Mummy Murders 2023Horror ကားတွေ fail နေတဲ့ဒီလိုအချိန်မှာ ဒီကားလေးက မဆိုးဘူးလို့ပြောရမယ် ဒီကားက သရဲတွေ တစ္ဆေတွေ နဲ့ ကြောက်အောင်ခြောက်လှန့်မယ်လို့ထင်ရင် မှားသွားလိမ့်မယ် လူကို စိတ္တဇဆန်ဆန် ပယ်ပယ်နယ်နယ်ကိုသတ်ပြပြီး ခြောက်လန့်မှာပါ ကလေးတွေနဲ့ အတူတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော် Domestic Hell လိုမျိုးဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Colin Bressler ရိုက်ကူးထားတာမို့ ဇာတ်အိမ်မကောင်းမှာတော့ မပူရပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ သတင်းထောက်အမျိုးသမီးနေတဲ့ ဆန်တိုနီယိုဆိုတဲ့မြို့လေးမှာ လူတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အချိန်မှာ အသုဘမှာအလောင်းပြင်ပေးရတဲ့ ဂျိုးဆိုတဲ့ ကွင်းဆက်လူသတ်သမား နဲ့ အဲလက်စ်တို့ ဆိုင်တစ်ဆိုင်မှာ တွေ့ဆုံကြရာကနေ ဂျိုးက သူငယ်ငယ်ကတည်းက အလောင်းပြင်တဲ့အလုပ်ကို သဘောကျပြီးတော့ အလောင်းပြင်ရတဲ့အလုပ်ကို အနုပညာတစ်ခုလို ခံစားတဲ့အကြောင်း အလောင်းပြင်စရာမရှိရင် လူသတ်ပြီး အလောင်းပြင်တဲ့အကြောင်း အခုအဲ့လိုလုပ်ရတာပျင်းလာလို့ တကယ့်အနုပညာလက်ရာမြောက်တစ်ခုလုပ်ချင်တယ်လို့ပြောလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 910MB | 359MB Format… mp4 Duration…. 1h ...
movie

The Mummy Murders (2024)

2024
Sumpahan Malam Raya (2023) 7.2
Sumpahan Malam Raya (2023) Sumpahan Malam Raya 2023 IMDb 7.1/10 (Comedy/Horror/Mystery)ရှဝဲလ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ကောင်မလေး တာနီယာတို့ ဂန်းစတားတွေရန်ကိုကြောက်လို့ပြေးရမယ့်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့ သေတမ်းစာရောက်လာပြီး ဘန်ဂလိုတစ်လုံး အမွေရတော့ Motel ဖွင့်စားတာပေါ့ ရှဝဲလ် တစ်ယောက်ငယ်ရည်းစားနဲ့လဲ ပြန်ဆုံ လက်ရှိရည်းစားကိုလဲချစ်နဲ့ ဒုက္ခတွေများနေတဲ့အချိန်မှာ သူ့ Motel ကိုလာတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတယ် နောက်ထပ်လဲထူးခြားဆန်းပြားတဲ့ကိစ္စတွေကိုထပ်ကြုံလိုက်ရတဲ့အခါမှာတော့... ဇာတ်လမ်းအစကနေအဆုံးထိ ပါးစပ်မပိတ်အောင်ရယ်ရမှာတော့ သေချာပါတယ် Horror/Comedy တွဲထားတာဆိုပေမဲ့ ခပ်ပေါပေါကားတော့မဟုတ်ပါဘူးနော် မင်းသမီးချောလေးတွေလဲ ရှယ်သုံးပေးထားတာဆိုတော့ ကြည့်ရတာ တန်တယ် Rating ကိုလဲရှိုးလိုက် 7.1 ထိရထားတာ ပေါ့ပေါ့ပါးပါးလေး နဲ့ တကယ်ကောင်းတဲ့ကားလေးပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 945MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thet Oo Encoder ..... ...
movie

Sumpahan Malam Raya (2023)

2023
Marital Justice (2024)
Marital Justice (2024) အိမ်ထောင်ရေး စီရင်ခန်း (၂၀၂၄)ဘိုက ပါရမိတ်နဲ့လက်ထပ်လာတာ ၁၅နှစ်ရှိခဲ့ပြီး သားလေးနွတ်လည်း ရှိတာကြောင့် သူတို့အိမ်ထောင်ရေးက မပြောင်းလဲဘဲ ချစ်မြဲအတိုင်းချစ်ကြတယ်လို့ ထင်နေခဲ့တာပါကမ္ဘာနှစ်ခုနဲ့မိတ်ကတော့ ဇနီးဖြစ်သူဘိုဆီ ပိတ်ရက်တိုင်းပြန်လာပြီး ကျန်ရက်မှာ သူ့အထက်လူကြီးရဲ့သမီး လင်နဲ့တွဲနေခဲ့ပါတယ်မိတ်က ဘိုကိုကွာရှင်းဖို့ပြောချင်ပေမယ့် ပြောမထွက်ဘဲနေခဲ့ရာ လင်နဲ့လက်ထပ်ရက်ရောက်လာခဲ့တော့တယ် မိတ်နဲ့လင် မင်္ဂလာပွဲနေ့မှာပဲ ဘိုက သူငယ်ချင်းဆီက သတင်းရပြီး လိုက်သွားကြည့်ရာမှာတော့ သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းနဲ့အတူ မိတ် မယားငယ်ရှိတယ်ဆိုတာကြောင့် ဘိုတစ်ယောက် ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်ဒါကြောင့် သူမက လက်ထပ်စာချုပ်နဲ့အတူ တရားမျှတမှုယူဖို့ ရုံးတက် တိုင်ချက်ဖွင့်ခဲ့ရာမှာ ဘိုက တရားနိုင်သွားမလား လင်နဲ့မိတ်က ဆက်လက်ပေါင်းမှာလား ကွာရှင်းလိုက်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Fake Love, Nang Mwe Kham တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 1h ...

Marital Justice (2024)

2024
Love at First Night (2024)
Love at First Night (2024) ကိုယ်တို့ ချစ်နိုင်ကြချိန်ထိ (၂၀၂၄)မင်(န်) အဖြစ် Mark prin အားဘို / ဝီးယူ အဖြစ် Yaya Urassayaဇာတ်လမ်းအကျဉ်းမင်(န်) ကတော့ ဖခင်ဖြစ်သူ သူဌေးဖူဒင်နဲ့ အမြဲ နားလည်မှု အယူအဆတွေ ကွဲလွဲနေတတ်တဲ့ တစ်ဦးတည်းသော သူဌေးသား ဘူမိဗေဒပညာရှင်လေးတစ်ယောက်ပါ တစ်နေ့ ဖခင်ဖြစ်သူနဲ့ စကားများလို ကမ်းခြေဘက်ကို စိတ်အပန်းပြေထွက်လာရင်း ရေနစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိရာက “ဝီးယူ” ဆိုတဲ့ ကောင်မလေးနဲ့ သိကျွမ်းလာခဲ့တယ် မင်(န်) နဲ့ ဝီးယူတိုက ကိုယ်ရေးကိုယ်တာတွေ မမေးကြေး ကတိစကားနဲ့ နှစ်ယောက်တူတူ လည်ခဲ့ရင်း မင်(န်) တစ်ယောက် ရူးရူးမူးမူး ချစ်မိသွားခဲ့ပြီး ချိုမြိန်တဲ့တစ်ညတာကို တူတူဖြတ်သန်းခဲ့ပါတော့တယ်ဒီလိုနဲ့ ဝီးယူတစ်ယောက် အိပ်မက်တစ်ခုလို ပျောက်သွားခဲ့ပြီး မင်(န်) ဟာ ကိုယ့်အိမ်ကို ပြန်ရောက်လာချိန်မှာတော့ မထင်ထားလောက်အောင် အံ့ဩစရာတစ်ခုက ဖြစ်လာခဲ့ပါတော့တယ် အဲ့ဒါကတော့ သူအရမ်းချစ်ရပြီး အိပ်ခဲ့တဲ့ ကောင်မလေး ဝီးယူက ဖခင်ဖြစ်သူရဲ့ ဇနီးလောင်း အားဘိုအဖြစ် အိမ်ကို ရောက်လာခဲ့တာပါပဲ မင်(န်) တစ်ယောက် ...

Love at First Night (2024)

2024
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၁၀) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
Elsbeth (2024) 9.2
Elsbeth (2024) Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲ‌တွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို "The Good Wife"နဲ့ "The Good ...
9.2
TMDb: 9.2/10 3 votes
tv

Elsbeth (2024)

2024
Young Babylon
Young Babylon ဒီဇာတ်ကားလေးကတော့ Youthful vibe အပြည့်နဲ့ ro-com ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -သူမွေးဖွားလာတဲ့ အလုပ်သမားလူတန်းစာဘဝကလွဲပြီး ကျန်တာဘာကိုမှမသိတဲ့ လုရှောင်လုတစ်ယောက် ဘဝကိုသူအမြဲတမ်းတွေးထားသလိုပုံစံအတိုင်းပဲစတင်ခဲ့ပါတယ် ။1990ပြည့်နှစ် သူ့ဆယ်ကျော်သက်အရွယ်မှာတင် မြိုကစက်ရုံလေးမှာအလုပ်ဝင်ခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖိုနဲ့အတူ ဖိအားတွေကိုပါစတင်ခံစားခဲ့ရပါတယ် ။ဒီလိုနဲ့ တိုးတတ်လာတဲ့တရုတ်ပြည်ရဲ့စီးပွားရေးနဲ့အတူ လုပ်ငန်းခွင်ထဲမှာ သင်ခန်းစာယူရင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်ထက်ပိုပြီးကျယ်ပြန့်တဲ့နေရာ စီးပွားရေးလုပ်ကွက်တွေကိုပါမြင်လာတဲ့အခါမှာတော့ လုရှောင်လုတစ်ယောက်သူ့ကိုပျော်ရွှင်စေမဲ့လမ်းကိုပဲလျှောက်ဖိုဆုံးဖြတ်လိုက်ပါတော့တယ် ။ဇာတ်ကားလေးက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဘဝတိုက်ပွဲဝင်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်လို လုရှောင်လုရဲ့ဘဝဇာတ်ခုံကိုအတူတူခံစားကြည့်လိုက်ရအောင်ပါရှင် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Steamwish/ Meganz Ep 1 ...

Young Babylon

2024
What If
What If Liu Xue Yi,Zhong Chuxi နဲ့ Lin Yu Shen တိုဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စျေးကွက်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့ Xia Guoဘ၀ကြီးကအချစ်မရှိရင်အရသာမရှိတဲ့ရေလိုပဲဆိုသလို တစ်ဖက်မှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်သလို အချစ်ကိုလည်းမစွန့်လွှတ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ချစ်သူဖြစ်တဲ့ Yu Jian ကိုပါ သူနဲ့အတူရှန်ဟိုင်းကိုလိုက်ဖိုအတင်းခေါ်ပါတော့တယ်ဒီဇိုင်းပညာမှာထူးချွန်ပြီးတော့ တခြားနေရာမှာအလွယ်တကူအလုပ်လုပ်လိုရပေမဲ့ အေးရာအေးကြောင်း ချစ်ရတဲ့သူတွေနဲ့ဇာတိမြေမှာပဲအခြေချချင်တဲ့ Yu Jian တစ်ယောက် ချစ်သူလေးကြောင့် ရှန်ဟိုင်းမှာအလုပ်သွားလုပ်ဖို စဉ်းစားရပါတော့တယ်အကျင့်စရိုက်မတူတဲ့ချစ်သူနှစ်ဦး လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ဆက်ပြီးလက်တွဲမြဲဦးမှာလား Xia Guo ကရော ဇာတိမှာ ချစ်သူလေးနဲ့အတူ သာယာတဲ့ဘ၀လေးမှာဖြတ်သန်းဖိုရွေးချယ်မှာလား ဒါမှမဟုတ် အောင်မြင်နိုင်ဖိုအခွင့်အရေးကိုဖမ်းဆုပ်ရင်း မြိုကြီးမှာနေဖြစ ေမှာလားဆိုတာ ဒီဇာတ်လမ်းတွဲမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 20 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

What If

2024
Naka De Salon (2024)
Naka De Salon (2024) နဂါးဆလွန်း (၂၀၂၄)၂၅နှစ်အရွယ်ယုတ်ဂ်ဟာ ငယ်စဉ်က ထူးဆန်းတဲ့ဖြစ်စဉ်တခုကြောင့် အစွမ်းရှိသူတစ်ဦးပါ သူမကိုမွေးမွေးချင်း မိခင်ကဆုံးပါးသွားပြီး နောက်၁၅နှစ်မှာ ဖခင်ဖြစ်သူကို ထပ်ဆုံးရှုံးခဲ့ရပါတယ် သူမက တခြားသူကို ထိမိတာနဲ့ ကံကြမ္မာနဲ့ဖြစ်စဉ်အကုန် မြင်ရသူပေါ့ ဒီအစွမ်းတွေကြောင့်နဲ့ပဲ နာမည်ကြီးဆလွန်းတခုမှာ အလုပ်ရခဲ့ပါတယ် ဗေဒင်တွက်မှန်တဲ့ယုတ်ဂ်ကတော့ ဆလွန်းမှာ ဖောက်သည်အများဆုံးရတဲ့အလုပ်သင်လေးပေါ့“နဂါးဆလွန်း”ဆိုတဲ့ဇာတ်ကားထဲမှာ ယုတ်ဂ်ရဲ့အစွမ်းတွေအကြောင်းကို ကြည့်ရှုကြရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Fantasy Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisdoe 01 - ...

Naka De Salon (2024)

2024
Lady Revenger Returns From the Fire
Lady Revenger Returns From the Fire လော်အိမ်ရဲ့သမီးအကြီးဆုံးဖြစ်တဲ့ လော်အိုက်လျန်ဟာ မမျှော်လင့်ထားတဲ့အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူသေဆုံးခဲ့ရပြီး၊ သူမကို လူသတ်တရားခံအဖြစ်လည်းစွပ်စွဲခံခဲ့ရပါတယ်။ ညတွင်းချင်းမှာ အိမ်တော်တစ်ခုလုံးပြိုလဲသွားခဲ့ပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူမဟာ ဖခင်ဖြစ်သူကိုသတ်တဲ့တရားခံကို ဖော်ထုတ်ဖို့ကြိုးစားရင်း အသက်အန္တရာယ်ထိ ထိခိုက်ခဲ့ပြန်ပါတယ်။လော်အိုက်လျန်တစ်ယောက် သေဆုံးသွားပြီလို့အများကထင်ခဲ့ကြပေမယ့်သူမဟာသေရွာကပြန်ပြီး ပို့ဆောင်ရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ရှန်အိမ်ရဲ့သမီးကြီးရှန်တန်းချင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်ခံခဲ့ရတဲ့သူမဟာ ပျော့ညံ့ပြီးယုံလွယ်တဲ့မိန်းမငယ်လေးအဖြစ်ကနေ သန်မာရက်စက်တဲ့အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့သူမရဲ့ကလဲ့စားခရီးစဥ်မှာပါဝင်လာသူကတော့ မြို့စောင့်စစ်သူကြီး ရွှီချန်ဖုန်းပါ။ပျောက်ဆုံးနေတဲ့ဘဏ္ဍာတွေကိုရှာနေတဲ့စစ်သူကြီးရွှီနဲ့အတူ သူမရဲ့ကလဲ့စားချေမယ့်လမ်းမှာအနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကြားမှာသံယောဇဥ်ကြိုးလေးတွေရစ်နှောင်မိကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK===================================== Ep 1 (720p) ...

Lady Revenger Returns From the Fire

2024
Monsters at Work (2021) Season 1 + 2 7.169
Monsters at Work (2021) Season 1 + 2  ဒီစီးရီးလေးက ကျွန်တော်တို့အားလုံး ငယ်ငယ်ကကြိုက်နှစ်သက်ခဲ့တဲ့ Monsters, Inc.ရုပ်ရှင်ရဲ့နောက်ဆက်တွဲစီးရီးလေးပါ...။မူရင်းဇာတ်ကားကလို ချစ်စဖွယ်လေးဇာတ်အိမ်လေးနဲ့မို့Monsters, Inc. ဖန်တွေအားလုံးကြိုက်နှစ်သက်ဦးမှာပါပဲ...။ဇာတ်လမ်းအကြောင်းလေးကတော့....မွန်းစတားတွေဟာ ကလေးသူငယ်တွေကို ခြောက်လှန့်ပြီးမြို့တော်အတွက်ဓာတ်အားရှာတဲ့ စနစ်ကိုမသုံးကြတော့ပါဘူး...။ဘာလို့ဆို ကြောက်လှန့်လို့အော်ဟစ်တဲ့အသံထက် ကလေးတွေရဲ့ရယ်မောသံဟာဓာတ်အားပိုထုတ်ပေးနိုင်လို့ပါပဲ...။ဒါက မူရင်းဇာတ်လမ်းပြီးဆုံးသွားတဲ့အပိုင်းပေါ့...။ဒီလိုမွန်းစတားလောကမှာ အပြောင်းအလဲကြီးပြောင်းလဲနေတာကို မသိတဲ့ မွန်းစတားလေးတစ်ယောက်ရှိပါတယ်...တိုင်လာ တက်စ်မွန်ပါ...။တိုင်လာတစ်ယောက် မွန်းစတားအင့်စက်ရုံကို ခြောက်လှန့်သူအဖြစ်အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့အခါမှာတော့ရောက်ရောက်ချင်းနေ့မှာပဲ အလုပ်ပြုတ်သွားရှာပါတယ်။ဘာလို့ဆို မွန်းစတားအင့်က ကလေးတွေကို ရယ်မောအောင်လုပ်ဖို့အတွက် ပြက်လုံးထုတ်တတ်တဲ့ မွန်းစတားတွေကိုပဲအလုပ်ခေါ်တော့လို့ပါ...။ဒီတော့ တစ်သက်လုံး ခြောက်တာလှန့်တာပဲလေ့ကျင့်လာတဲ့မွန်းစတားလေးတစ်ယောက်က ပြက်လုံးထုတ်တတ်တဲ့မွန်းစတားဖြစ်အောင်၊ နာမည်ကျော် မွန်းစတားအင့်ကုမ္ပဏီကြီးမှာအလုပ်လုပ်ခွင့်ရအောင် ကြိုးစားတဲ့ဇာတ်အိမ်လေးကိုချစ်စဖွယ်မြင်တွေ့ရဦးမှာပါ.....။ဒါ့အပြင် တစ်ချိန်က ကလေးဘဝမှာ အားလုံးအချစ်တော်ဖြစ်ခဲ့တဲ့မိုက်ဝဇားစကီးတို့ ဂျိမ်းပီဆူလီဗန်တို့ကိုလည်း မြင်တွေ့ရမှာမို့အလွမ်းပြေကြည့်ရှုသင့်တဲ့ စီးရီးလေးပဲဖြစ်ပါတယ်ဗျာ.... File Size –  488 MB / 211 MBQuality –WEB-DL 1080p , 720pDuration – 22 Min  (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat ...
7.169
TMDb: 7.169/10 1346 votes
tv

Monsters at Work (2021) Season 1 + 2

2021
Ninja Kamui (2024) 10
Ninja Kamui (2024) အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ဇာတ်လမ်း ...
10
TMDb: 10/10 3 votes
tv

Ninja Kamui (2024)

2024
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Secret Ingredient (2024) 10
Secret Ingredient (2024) Secret Ingredient (2024)**********************အပိုင်းသစ် (၂) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Drama လေးကတော့ အချိုကြိုက်တဲ့သူတွေအကြိုက်တွေ့မဲ့ Secret Ingredient ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားသုံးနိုင်ငံက သရုပ်ဆောင်တွေကို စုံစုံလင်လင် တွေ့ရမှာဖြစ်တဲ့အတွက်သာမန်ကိုရီးယားတွေနဲ့ ကွဲထွက်နေမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား ဇာတ်ကားတွေဖြစ်တဲ့Xo Kitty နဲ့ Gran Turismo တွေနဲ့ နာမည်ကြီးတဲ့ ကိုးရီးယားသရုပ်ဆောင်Sang Heon Lee နဲ့ ဖိလစ်ပိုင်က မင်းသမီးချောလေး Julia Barretto တို့အပြင်တခြား နိုင်ငံတကာက သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Hajoon (Sang Heon Lee) ကတော့ ငယ်ရွယ်ပြီး စည်းစိမ်ဥစ္စာပြည့်ဝတဲ့သူတစ်ယောက်ပါ။သူက ငယ်ငယ်ကသိခဲ့တဲ့ သူငယ်ချင်းကောင်မလေး Maya (Julia Barretto) နဲ့ပြန်လည်ဆုံစည်းဖို့အတွက် ငွေကုန်ကြေးကျခံပြီးတော့ သူမကိုရှာဖွေနေခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့ ကံအကြောင်းဖန်ပြီးတော့ သူတို့နှစ်ယောက်က စားဖိုမှုးအလုပ်တစ်ခုထဲမှာ ပြန်ဆုံတွေ့ကြတဲ့အခါ...သူမကရော သူ့ကိုမှတ်မိပါ့မလား...။အိပ်မက်ကိုယ်စီရှိကြတဲ့ ...
10
TMDb: 10/10 1 votes
tv

Secret Ingredient (2024)

2024
Beacon 23 (2023) 6.4
Beacon 23 (2023)  ဒီတစ်ခါ ပရိသတ်ကြီးအတွက် ခေတ်လွန်အာကာသ သိပ္ပံဇာတ်လမ်းတွဲလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.....ဒီကားထဲမှာတော့ ရေကြောင်းလမ်းခရီးမှာ လမ်းပြပေးတဲ့ မီးပြတိုက်လိုမျိုး အာကာသထဲ ယာဉ်တဲ့သွားတဲ့အခါ လမ်းပြပေးတဲ့ ဘီကွန် ၂၃ ကို ကြောရိုးယူပြီးရိုက်ထားတဲ့ကားလေးပါပဲ......ဇာတ်လမ်းအစမှာတော့ ယာဉ်တစ်စင်းက လမ်းကြောင်းမရှင်းပါဘူးလို့ အတန်တန်ပြောနေတဲ့ကြားကနေ ဝင်လာလို့ ပေါက်ကွဲပျက်စီး သွားခဲ့ပါတယ် အဲဒီ ပေါက်ကွဲသွားတဲ့ ယာဉ်ပေါ်ကနေ ကျွန်တော်တို့ သိတဲ့ သက်ကယ်လှေလိုမျိုး လေထုဖိအားထိန်း ယာဉ်လေးနဲ့ အက်စတာဆိုတဲ့ အမျိုးသမီးက မျောလာလို့ ဘီကွန် ပေါ်မှာရှိတဲ့ ဟယ်လန် က ကယ်တင်ထားပေးခဲ့တာပါ......အဲဒီနောက်ပိုင်းမှာတော့ ဘီကွန် ပေါ်မှာရှိနေခဲ့တာက ဘီကွန်ကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ‌ဆော်လမွန် ဟုတ်မနေဘဲ ဟေလန် ဖြစ်နေတာကို အက်စတာ သိသွားတဲ့အချိန်......အက်စတာ ကလည်း ဒီယာဉ်ပေါ်ကို ဘာအကြောင်းပြချက်နဲ့ရောက်လာတာလဲဆိုတာ ဟေလန် က သိသွားတဲ့အချိန်......အထီးကျန် နေတဲ့ ဟေလန် နဲ့ လူတကာမျက်ခုံးပေါ်စင်္ကြံလျှောက်တတ်တဲ့ အက်စတာ တို့ ...
6.4
TMDb: 6.4/10 18 votes
tv

Beacon 23 (2023)

2023
Alex Rider (2020) 7.5
Alex Rider (2020)  ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်ကောင်းတဲ့ လူငယ်စပိုင်ကား ကြိုက်နှစ်သက်သူများအတွက် Alex Rider စီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။အဲလက်စ် ရိုက်ဒါကတော့ သာမာန်အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ဦးလေးဖြစ်သူ အီယန်နဲ့အတူနေပါတယ်။ ညတစ်ညမှာတော့ ဦးလေး အီယန်က အလုပ်ကိစ္စနဲ့အပြင်သွားရင်း ကားမတော်တဆမှုနဲ့သေဆုံးသွားခဲ့ကြောင်း အကြောင်းကြားလာပါတယ်။ အဲလက်စ်လည်း သတိကြီးလှတဲ့ ဦးလေးအီယန် ယာဉ်တိုက်မှုဖြစ်တာကို လက်မခံနိုင်တာကြောင့် နောက်ယောင်ခံစုံစမ်းရင်းနဲ့ အီယန်က အမ်အိုင် ၆ ရဲ့ သူလျိုတစ်ယောက်ဖြစ်နေတာအပြင် ယာဉ်တိုက်မှု‌ကြောင့်မဟုတ်ဘဲ ပ-စ်သ-တ်ခံလိုက်ရတာဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ရဲ့ လုပ်နိုင်စွမ်းတွေကိုသိသွားတဲ့ အမ်အိုင် ၆ ဌာနခွဲ ခေါင်းဆောင် အလန် ဘလန့်က အီယန်ရဲ့သေဆုံးမှုကို ကူညီစုံစမ်းပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာ အီယန်ရဲ့ အသ-တ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ပွိုင့် ဘလန့်ခ် ကျောင်းကို ဝင်ခွင့်ရအောင်လုပ်ရင်း အဲလက်စ်ရဲ့ စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ File size…(870 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle ...
7.5
TMDb: 7.5/10 391 votes
tv

Alex Rider (2020)

2020
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၃၀ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024

Genres

Archives