Channel Myanmar

The Lone Ranger (2013)

The Lone Ranger    

PG-13 2h 30min ActionAdventureWestern

6.4
IMDB: 6.4/10 217,101 votes

, , , , , , , , ,

Nominated for 2 Oscars. Another 5 wins & 17 nominations

USA

686334

Report error

The Lone Ranger (2013)_____IMDb – 6.4/10

 


Pirates of the Caribbean ဇာတ်ကား ဖန်တီးရှင် ထုတ်လုပ်သူ Jerry Bruckheimer နဲ့ ဒါရိုက်တာ Gore Verbinski တို့ရဲ့ လက်ရာ ဖြစ်ပြီး
Tonto အဖြစ် မင်းသား Johnny Depp ၊ Lone Ranger ခေါ် John Reid အဖြစ် Armie Hammer ၊ Latham Cole အဖြစ် Tom Wilkinson
Butch Cavendish အဖြစ် William Fichtner ၊ Red Harrington အဖြစ် Helena Bonham Carter ၊ Dan Reid အဖြစ် James Badge Dale နဲ့
Rebecca အဖြစ် Ruth Wilson တို့ ပါဝင်ထားတဲ့ ဇာတ်ကားပါ………ဇာတ်လမ်းကတော့…..
၁၉၃၃ ခုနှစ် ကာနေဗယ်တော် ကျင်းပနေသည့် ရက်တွင် ဖြစ်သည်။ ဆန်ဖရန်စစ္စကိုတွင် Golden Gate တံတားကြီး စတင်ဆောက်လုပ်နေဆဲ
ကာလဖြစ်သဖြင့် ထိုနေရာတွင် လူစည်ကားနေသည်။ Will ဟု အမည်ရသော ချာတိတ်တစ်ယောက်က က ရာဇဝင်ထဲက လူစွမ်းကောင်း
Lone Ranger (တစ်ကိုယ်တော် လူစွမ်းကောင်း) ပုံစံ ကောင်းဘွိုင်ဝတ်စုံ ဝတ်ဆင်ပြီး ကာနေဗယ်ပွဲတော်ကျင်းပရာ နေရာကို လှည့်လည် ကြည့်ရှုနေသည်။
ထိုနေရာတွင် Tonto ဟု အမည်ရသော ကိုမန်ချီ အင်ဒီယန်းလူမျိုး တစ်ဦးနှင့် တွေ့ဆုံမိသည်။ Will သတိရလိုက်သည်က Lone Ranger ရဲ့ မိတ်ဆွေ
Tonto ကလည်း ကိုမန်ချီ အင်ဒီယန်းဖြစ်သည် ဆိုတာကိုပင်။Tonto က သူနဲ့ Lone Ranger တို့ အနောက်ခြမ်းက ကန္တာရမှာ စွန့်စားခဲ့ကြောင်း၊ မျက်နှာဖုံးစွပ် Lone Range နဲ့ သူနဲ့ နှစ်ယောက်အတူ ဘဏ်ကို ဓားပြတိုက်ခဲ့ကြောင်း ပြောပြသည်။ သို့သော် Will လက်မခံနိုင်။ သူသိထားသည့် Lone Ranger က တရားဥပဒေ
စိုးမိုးရေး စွမ်းဆောင်ခဲ့သည့် သူရဲကောင်း၊ ဘဏ် ဓားပြမဟုတ်……….. အဲဒီတော့မှ Tonto က ၁၈၆၉ ခုနှစ်မှာ သူနဲ့ အတူတူ တက္ကဆပ်ပြည်နယ် ကော်ဘီမှာ
သောင်းကျန်းခဲ့ဖူးသည့် လူတစ်ယောက်အကြောင်း ပြန်ပြောပြသည်။ ၁၈၇၉ တွင် အမေရိကန်နိုင်ငံရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်ကို ဆက်သွယ်ဖို့
ပြည်နယ်အများအပြားကို ဖြတ်ပြီး ရထားလမ်းဖောက်လုပ်နေသည်။ ရထားလမ်းကို Latham Cole ဆိုသည့် သူဌေးတစ်ဦးက ထိန်းချုပ်ထားသည်။ John Reid ဆိုသည့် လူငယ်လေးက ဒီရထားကို စီးပြီး ဇာတိသို့ ပြန်လာသည်။ John Reid စီးတဲ့ ရထားပေါ်မှာ Texas Ranger တစ်ဦးဖြစ်တဲ့ သူ့အစ်ကို Dan Reid ဖမ်းလာသည့် လူဆိုးကြီး Butch Cavendish လည်း ပါလာသည်။ Tonto ကလည်း အဲဒီရထားကိုပဲ စီးလာသည်ပေါ့………..သို့ပေမယ့် အခြေအနေက အစိုးမရသည်မို့ Butch လွတ်သွားပြီး သူ့ကို ဖမ်းလာသည့် Texas Ranger တွေ အသတ်ခံရသည်။ Tonto က ဒီလူသတ်မှုမှာ ကြားက ဓားစာခံဖြစ်ပြီး ရထားကို အပိုင်စီးခံရသည်။ ဒါပေမယ့် John နဲ့ Dan တို့က
ပြန်လည်တိုက်ခိုက်ပြီး Tonto ကို Butch ရဲ့ အဖွဲ့ကလို့ ထင်သွားကြသည်။ အကျိုးဆက်အနေနဲ့ Tonto ကို Dan က ဖမ်းဆီးထားလိုက်ပြီး Butch ကတော့ လွတ်မြောက်သွားသည်။Dan က John ကို Texas Ranger တွေနဲ့အတူ Butch ကို လိုက်လံဖမ်းဆီးဖို့ အကူအညီတောင်းသည်။ တောင်ကြားတစ်ခုတွင် Dan ၊ John နဲ့
Ranger တွေ ပိတ်မိနေစဉ် Ranger တွေ အကုန်အသတ်ခံရပြီး Butch က John ရဲ့ ရှေ့မှာတင် Dan ရဲ့ နှလုံးကို ထုတ်ပြီး စားပြသည်။ John လည်း ဒဏ်ရာကြောင့် မျောသွားပြီး ကိုမန်ချီအင်ဒီယန်းတွေ ယုံကြည်ကြတဲ့ Silver အမည်ရှိ ဝိဉာဏ်မြင်းတစ်ကောင်က သူ့ကို ပြန်အသက်သွင်းပေးလိုက်သည်။ ထောင်က ထွက်ပြေးလာတဲ့ Tonto က ဒီအကြောင်းကို ပြောပြပြီး John တစ်ယောက် တိုက်ပွဲမှာ သူများသတ်လို့ မသေနိုင်တော့ဟု ရှင်းပြသည်။ဒါ့အပြင် တိုက်ပွဲမဖြစ်ခင် ပျောက်ဆုံးသွားသည့် Collins အမည်ရှိ Ranger က သစ္စာဖောက်လို့ Dan သေဆုံးရတာ ဖြစ်ကြောင်း Tonto က သတင်းပေးသည်။ Collins မကြာခင်ကမှ ရောက်ခဲ့သည့် ပြည့်တန်ဆာအိမ်သို့ သွားရှာကြရင်း Red Harrington နဲ့ တွေ့ဆုံမိပြီး Dan နဲ့ Collins တို့ ရန်ဖြစ်သည့်အကြောင်းကို သိရသည်။ အဲဒီအချိန်မှာ ကိုမန်ချီ အင်ဒီယန်းယောင်ဆောင်ထားသည့် Butch ရဲ့ အဖွဲ့ဝင်တွေက ကိုမန်ချီနဲ့ အမေရိကန်တွေရဲ့ နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ဒီလို ဝင်ရောက်တိုက်ခိုက်တာကြောင့် Dan ရဲ့ မိန်းမ Rebecca နဲ့ သား Danny တို့ ပိတ်မိသွားကြသည်။ သို့သော် မီးရထားလမ်းပိုင်ရှင် Latham Cole က ဝင်ရောက်ကယ်ဆယ်ပြီး Collins ကို ပစ်သတ်လိုက်သည်။ ဒါ့အပြင် ရထားလမ်း ဆက်လက်ဖောက်လုပ်ဖို့နဲ့ ကိုမန်ချီအင်ဒီယန်းတွေကို တိုက်ခိုက်ဖို့ အမေရိကန် မြင်းတပ်ဗိုလ်ကြီး Jay Fullerကို အကူအညီတောင်းသည်။တကယ်တော့ Cole ရော Butch ကပါ ကိုမန်ချီ
တွေ ပိုင်ဆိုင်တဲ့ ငွေသတ္ထုတွင်းကို လိုချင်လို့ ဒီဒေသကို ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဒီအကြောင်းကို သိသွားရတဲ့ တရားခံဟာ အင်ဒီယန်းကြီး Tonto
ဖြစ်သည့်အကြောင်း John သိသွားသည့်အခါ ……

 

 

File Size : 1 GB
Quality : HD 1080p
Running Time : 2h 30min
Format : Mp4
Genre : Action, Adventure, Western
Subtitle : mmsubtitle
Encoder : Tariq L Walker

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)
The Lone Ranger (2013)


No downloads available

Genres



Related movies