MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်
ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့
လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံး
အချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာ
ကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့
အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့
သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်း
နေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။
ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်း
ပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျော
ပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲ
သူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေး
တိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့
ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေ
ဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
File size…1.75GB / 728MB
Quality…WEB-DL 1080p 5.1 CH / 720p
Format…mp4
Duration….1h 52m
Genre ….. Action , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။