Channel Myanmar

Content at random


TV Series

The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Ted Lasso (2020) Season 01 Complete 8.5
Ted Lasso (2020) Season 01 Complete Ted Lasso (2020) Season 01 ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်‌ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ...
8.5
TMDb: 8.5/10 1019 votes
tv

Ted Lasso (2020) Season 01 Complete

2020
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
Dead Pixels (2023) Complete 7
Dead Pixels (2023) Complete Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb: 7/10 1 votes
tv

Dead Pixels (2023) Complete

2023
Siren: Survive the Island (2023) 6
Siren: Survive the Island (2023) Siren : Survive the Island (2023)ဒီတစ်ခေါက်မှာတော့ Netflix ကနေ အသစ်ထွက်လာတဲ့ သည်းထိတ်ရင်ဖို survival show တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်၂၄ ယောက်သော ရဲအရာရှိ၊ မီးသတ်သမား၊ သက်တော်စောင့်၊ စစ်သား၊ အားကစားသမား၊ စတန့်သမား အစရှိတဲ့ အမျိုးသမီးတွေက ဝေးလံခေါင်ဖျားအရပ်က လူသူကင်းဝင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် သူ့ထက်ငါအပြိုင် အစွမ်းကုန်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်ဘယ်လိုအားပြိုင်မှုတွေ စိန်ခေါ်မှုတွေနဲ့ အနိုင်ယူကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်လို့ သည်းထိတ်ရင်ဖိုအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်လွတ်မခံသင့်ဘူးနော်စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။အညွှန်းကိုတော့ Hsu က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 1-2 GB | 500-750 MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
6
TMDb: 6/10 2 votes
tv

Siren: Survive the Island (2023)

2023
To the Beautiful You (2012) 6.75
To the Beautiful You (2012) To the beautiful you (2012)ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ်လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နောဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရောဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, ...
6.75
TMDb: 6.75/10 22 votes
tv

To the Beautiful You (2012)

2012
Primo (2023) Complete 10
Primo (2023) Complete Primo (2023) Complete ~ IMDb - 8.1/10, RT - 100%, Meta - 82% ~ ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်း တော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။ ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကို သူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။ မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ...
10
TMDb: 10/10 3 votes
tv

Primo (2023) Complete

2023
Royal Doctor (2023) 8.8
Royal Doctor (2023) "တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ" မြန်မာစာတန်းထိုးဆေးကျောင်းသူလေးဘိုက ရုတ်တရက် တတိယမင်းဆက်အုပ်စိုးလျက်ရှိတဲ့ ဆေးဝါးပေါများရာထိုင်းနယ်မြို့တစ်ခုဆီကို ရောက်ရှိသွားပါတယ်နန်းတွင်းမှာ ကုသခွင့်ရတဲ့ထိတော်ဝင်သမားတော်ထောင်းခမ်မှာဆေးပညာတတ်ကျွမ်းတဲ့ ထောင်းအင်းနဲ့ထောင်းအွန့်လို့ခေါ်တဲ့ သားနှစ်ယောက်ရှိပါတယ်ထောင်းအွန့်ကတော့ ဒီဘက်ခေတ်ကိုရောက်လာတဲ့ ဘိုကို ကယ်ဆယ်ပြီးဆေးကုသပေးခဲ့ရာမှာဘိုနဲ့ထောင်းအွန့်တို့ မေတ္တာမျှသွားမလားဘိုက တချိန်ခေတ်သစ်ကိုပြန်ရမလား ခေတ်ဟောင်းမှာပဲနေရစ်ခဲ့မလားဆိုတာကတချိန်လုံး မတည့်အတူနေဖြစ်နေတဲ့သူတို့နှစ်ဦးရဲ့ဇာတ်ကို " တော်ဝင်သမားတော်လေးရဲ့ချစ်ရေးချစ်ရာ"ဆိုတဲ့ဇာတ်ကားထဲမှာ အချစ်ဟာသရောယှက်ပြီး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်( အညွှန်းရေးသားသူကတော့ Lei Wutyi Tun ဖြစ်ပါတယ် )Native Title: หมอหลวง Episodes: 16 Aired: Mar 21, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: 1 hr. 7 min.Translated by  Kyi Nue Zin ,Nang Mwe Kham & Lei Wutyi TunEncoded by Naing Aung Latt Episode (1) [600MB] Yoteshin ...
8.8
TMDb: 8.8/10 votes
tv

Royal Doctor (2023)

2023
Drops of God (2023) 7.8
Drops of God (2023) Drops of God (2023)Drops of God ကတော့ နာမည်ကြီးဂျပန်မန်ဂါတစ်ခုပေါ် အခြေခံထားတဲ့ ဝိုင်အကြောင်းစီးရီးပါ။ ပြင်သစ်ကရိုက်တဲ့စီးရီးဆိုတော့ မန်ဂါကိုအပြောင်းအလဲတွေလုပ်ထားတယ်။ အဓိကဇာတ်ကောင်ကိုလဲ ဂျပန်အမျိုးသားနေရာမှာ ပြင်သစ်အမျိုးသမီးအနေနဲ့ပြောင်းလဲထားတယ်။ အလက်ဇန်းဒါးဆိုသူက ဝိုင်နဲ့ပတ်သက်ရင်အထူးကျွမ်းကျင်သူလေ့လာသူ ပြင်သစ်လူမျိုးပရော်ဖက်ဆာတစ်ယောက်ပါ။ သူက ဆုံးပါးခါနီးမှာ သေတမ်းစာထားခဲ့ပါတယ်။ သူရဲ့သန်းပေါင်းများစွာတန်တဲ့အိမ်နဲ့အတူ ကမ္ဘာပေါ်ကအကြီးမားဆုံးတန်ဖိုးအရှိဆုံးဝိုင်တွေကို ထိုက်တန်သူကဆက်ခံခွင့်ရမှာပါ။ အမွေဆက်ခံသူကတော့နှစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်က အလက်ဇန်းဒါးရဲ့သမီးကမီးလ် နောက်တစ်ယောက်ကအလက်ဇန်းဒါးရဲ့တပည့်ဖြစ်သူ တိုမီနီပါ။ သူတို့နှစ်ယောက်က ဝိုင်ကိုမြည်းစမ်းပြီး အဲ့ဒီဝိုင်နဲ့ပတ်သက်ပြီးစပျစ်အမျိုးအစား ပေါက်ရောက်ရာမြေ သက်တမ်းစသဖြင့်အားလုံးကိုပြောနိုင်ရမှာဖြစ်ပါတယ်။ အဲ့လိုသုံးကြိမ်ယှဥ်ပြိုင်ပြီး အနိုင်ရသူကအမွေတွေကို ဆက်ခံရရှိမှာပါ။ ပြသနာကတော့ ကမီးလ်ကအရသာအာရုံသိပ်ပြင်းပြလွန်းသူဖြစ်ပါတယ်။ သူက အရက်ကိုလဲ လုံးဝမသောက်ပါဘူး။ ဝိုင်လဲမသောက်ပါဘူး။ အနံ့ပြင်းတာ၊ အရသာပြင်းတာ တစ်ခုခုလေး သောက်မိတာနဲ့ နှာခေါင်းထဲကချက်ချင်းသွေးတွေယိုစီးကျလာအောင်ထိခိုက်သူဖြစ်ပါတယ်။ ဖခင်နဲ့ကလဲ နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေပြီး ဖခင်ရဲ့နောက်ဆုံးအချိန်ကိုတောင်မမှီခဲ့ပါဘူး။ ဒါပေမဲ့ကမီးလ်အဖေက ကမီးလ်ကိုဝိုင်တွေနဲ့အကျွမ်းဝင်စေဖို့ သူ့သူငယ်ချင်းစပျစ်ခြံမှာနေထိုင်ဖို့ကြိုတင်စီစဥ်ပေးခဲ့တယ်။ ပြီးတော့ကမီးလ်ကလဲ ဒီယှဥ်ပြိုင်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားစရာပါပဲ။ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကမီးလ်နဲ့အတူ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကြည့်ရှုသူပရိသတ်တွေလဲ လိုက်လံလေ့လာခွင့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. ...
7.8
TMDb: 7.8/10 5 votes
tv

Drops of God (2023)

2023
Ride (2023) 9.333
Ride (2023) Ride (2023) ========= ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်...တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်... သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီမရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်... အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ...
9.333
TMDb: 9.333/10 3 votes
tv

Ride (2023)

2023
The Big Door Prize (2023) 5.907
The Big Door Prize (2023) The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။ သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့ လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။ အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။ စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။ Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့် လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့် တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
5.907
TMDb: 5.907/10 27 votes
tv

The Big Door Prize (2023)

2023
Sanctuary (2023) 8.0
Sanctuary (2023) Sanctuary ( 2023 ) ============== IMDb Rating - 8.0/10ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။ သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ် လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ် လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက် ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ် ဝင်စားစရာကောင်းသွားတယ်။ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ် ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့ စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့ ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့ သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ ...
8.0
TMDb: 8.0/10 2500 votes
tv

Sanctuary (2023)

2023
A Small Light (2023) 8.4
A Small Light (2023) A Small Light (2023) =============== IMDb Rating - 8.4/10ဒီတစ်ခါမှာတော့ (၁၉၃၉-၁၉၄၅)ဒုတိယကမ္ဘာစစ်ကာလကို ပြန်လည် ခေါ်ဆောင်သွားမယ့် (၂၀၂၃)ခုနှစ်ထွက် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် စီးရီးအသစ်လေးနဲ့ မိတ်‌ဆက်ပေးပါရစေ။ အန်းဖရန့်ခ်ဆိုတဲ့ (၁၅)နှစ် အရွယ် ဂျူးလူမျိုးကောင်မလေးရဲ့ ဒိုင်ယာရီလေးကို အခြေခံရိုက်ကူး ထားတာပါ။ ဂျူးလူမျိုးမိသားစုတစ်စုကို နာဇီရန်ကနေ ကယ်ပြီးဖွက် ထားပေးခဲ့တဲ့ မိပ်ဂီးစ်ဆိုတဲ့ အမျိုးသမီးကို အဓိကဇာတ်ကောင်‌နေရာ က‌နေ ထည့်သွင်းထားပါတယ်။မိပ်ရဲ့မွေးရပ်က ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့။ (၁၉၀၉)ခုနှစ်မှာမွေး တယ်။ ဟိုလန်လို့လည်းသိကြတဲ့ နယ်သာလန်နိုင်ငံက ဒတ်ခ်ျလူမျိုး မိသားစုဆီမှာ မွေးစားခံရပြီး ကြီးပြင်းလာတဲ့သူတစ်ယောက်။ မိပ်ရဲ့ ထူးခြားချက်က ရဲဝံ့တာပဲ။ မကြောက်ဘူးလားဆိုတော့ ကြောက်တယ်။ ဒါပေမဲ့ အကြောက်တရားကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိတဲ့ မိန်းမငယ်လေးပေါ့။ (၁၉၃၃)ခုနှစ်က ဂျာမနီမှာ ဟစ်တလာ အာဏာကြီးစိုးချိန်ဆိုတော့ ဂျူးတွေကို ဖိနှိပ်ခွဲခြားတယ်။ ဒါကြောင့် ဂျာမနီက ဂျူးလူမျိုးတွေဖြစ် ကြတဲ့ ဖရန့်ခ်မိသားစုက နယ်သာလန်ကိုပြောင်းလာကြတယ်။ အိမ် ထောင်ဦးစီးဖြစ်တဲ့ အော့တိုဖရန့်ခ်ရဲ့ အော်ပတ်တာကုမ္မဏီမှာ မိပ် အလုပ်ရတယ်။အဲ့အချိန်တုန်းက နယ်သာလန်နိုင်ငံက ကြားနေနိုင်ငံ။ ဂျာမနီက ဟစ် တလာကတော့ ပြင်သစ်ကိုသိမ်းဖို့ စိုင်းပြင်းနေတာ။ ပြင်သစ်ရဲ့ ...
8.4
TMDb: 8.4/10 4300 votes
tv

A Small Light (2023)

2023
Barons (2022) Complete 6
Barons (2022) Complete Barons (2022) Complete Limited Series ဒီတစ်ခါ မိတ်ဆက်​​ပေးမယ့် စီးရီး​​လေးက​တော့ ၁၉၇၀ နှစ်ပိုင်း သြ​စ​တြေးလျနိုင်ငံ လှိုင်းစီးဝတ်စုံ​လောကမှာ ပြိုင်ဘက်​တွေဖြစ်ခဲ့တဲ့ ​ဘေလာဘွန်းနဲ့ ကွစ်​ဆေးဗားကို ​ကျောရိုးယူရိုက်ထားတဲ့ သြစ​တြေးလျ ဒရာမာစီးရီး​ကောင်း​လေး Barons ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ တ​ရော့နဲ့ စနတ်ပါဆိုတဲ့ သူငယ်ချင်းနှစ်​ယောက် လှိုင်းစီးဝတ်စုံကုမ္ပဏီတစ်ခုကို အတူတူလုပ်ကိုင်​နေရင်း ​တွေး​ခေါ်ပုံ ​ရှေ့ဆက်​လျောက်မယ့်အစီအစဥ်​တွေမတူ​တော့တဲ့အတွက် လမ်းခွဲလိုက်ကြတဲ့အခါ အချစ်ဆုံးသူငယ်ချင်း​တွေကြား ဖြစ်လာမယ့် က​တောက်ကဆ​တွေ လူငယ်ကားပီပီ အချစ်​ရေးဇာတ်ရှုပ်​တွေ ကျရှုံးမှု​တွေ ​အောင်မြင်မှု​တွေကို ရသ​ပေါင်းများစွာနဲ့ ကြည့်ရှုရပါလိမ့်မယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်) Size ~ 600MB+ Total - 8 Episodes Quality – 1080p Duration ~ 55min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : ABC.Web-dl.1080p Translator ...
6
TMDb: 6/10 2 votes
tv

Barons (2022) Complete

2022
[18+] Pantaxa Laiya (2023)
[18+] Pantaxa Laiya (2023) Pantaxa Laiya (2023) Vivamax's Reality Show Vivamax ရုပ်ရှင်တွေရဲ့ပရိသတ်ပုရိသတွေ ညည်းညူလေ့ရှိကြတဲ့ မင်းသမီးတွေထပ်နေတာပဲ ဆိုတဲ့စကားကို ပြောင်းပြန်လှန်ဖို့အတွက် Vivamax ကခြေလှမ်းသစ်တစ်ခုကို စတင်လိုက်ပါတယ်။ အဲ့ဒီခြေလှမ်းကတော့ Pantaxa Laiya ပါပဲ။ Reality Show ပုံစံမျိုးနဲ့သွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားက ဖျော်ဖြေရေးလောကထဲကို တိုးဝင်ချင်တဲ့ မင်းသမီးဖြစ်ချင်တဲ့ ဝါသနာရှင် မိန်းမလှလေးရှစ်ယောက်က ပြိုင်ပွဲဝင်တွေအဖြစ်ပါဝင်ကြမှာပါ။ သူတို့တွေဟာ မင်းသမီးတစ်ယောက်ဖြစ်လာစေဖို့ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သရုပ်ဆောင် ဓာတ်ပုံရိုက်ကူးမှု အညုအခရာတွေကို ပြိုင်ပွဲဝင်ရင်း လေ့ကျင့်သင်ကြားသွားကြရမှာဖြစ်ပြီး အရည်အချင်းမီတဲ့သူတွေကို Vivamax ဇာတ်ကားတွေမှာ တွေ့မြင်လာရဖို့ရှိပါတယ်။ လမ်းညွှန်ဆရာတွေအဖြစ် Viva Babe ကြီးတွေဖြစ်ခဲ့တဲ့ Maui Taylor နဲ့ Katya Santos တို့ကပါဝင်ထားပြီး ဧည့်သည်တွေအဖြစ် ပရိသတ်အသည်းကျော် Ayanna Misola နဲ့ Angeli Khang တို့အပြင် တစ်ခြား Vivamax မင်းသမီးလေးတွေကိုလည်းတွေ့မြင်ရမှာပါ။ အစဉ်အလာဇာတ်လမ်းတွဲတွေကနေခွဲထွက်လာတဲ့ ...

[18+] Pantaxa Laiya (2023)

2023
Asur (2020) Season 2 8
Asur (2020) Season 2 Asur Season2 (2023) ******************************* IMDb 9.5S1မှာတုန်းကလည်း လူသတ်သမားရှာဖွေပုံတွေကို အားရစရာကြည့်ရှုခဲ့ရပြီး ယခုမှာတော့ S2လည်း ထွက်ရှိလို့လာပါပြီဟင်ဒူဘာသာမှာ စတ်ယုဒ် တေသရာယုဂ် ဒွာပရ်ယုဂ်နဲ့ ကလီ့ယုဂ်ဆိုပြီး ခေတ်ကြီးလေးခု ရှိပါတယ် ကလီ့ယုဂ်ဆိုတာကတော့ ကလီဆိုတဲ့အသူရာကိုကိုယ်စားပြုပြီး မှည့်ဆိုထားတာပါ ကလီ့ယုဂ်ဆိုတဲ့ မကောင်းဆိုဝါးခေတ်မှာဒုစရိုက်မှုတွေ အရမ်းများလာတဲ့အခါ လောကကိုထိန်းသိမ်းသူ ဗိဿနိုးဘုရားရှင်ဟာ ‌ အရင်ယုဂ်တွေမှာလိုပဲ လူဝင်စားကာ ဒုစရိုက်မှုတွေကို အဆုံးသတ်ပါတယ် ကလီ့ယုဂ်ကို အဆုံးသတ်မယ့် ဘုရားလောင်းရဲ့အမည်ကတော့ ကလ်ကီပါ ဒီကားထဲမှာတော့ အဲ့ဒီကလီဆိုတဲ့ နာမည်နဲ့ ကွင်းဆက်လူသတ်မှုတွေကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သတ်ဖြတ်နေသူက သူ့ကိုယ်သူ ကလီလို့ဆိုပါတယ် သူဖန်တီးလိုက်တဲ့ အမှုတွေက လူငယ်ပေါင်ချိန်ဆန်ဆန် အဖြေရှာတွေ့ဖို့မလွယ်တဲ့ နည်းနာတွေနဲ့ပေါ့ ဒီလူ ဒီနေရာမှာသေဆို တုံးခနဲလဲသေတဲ့အထိ စွမ်းဆောင်နိုင်စွမ်းရှိနေတော့ ရဲတွေ အစိုးရနဲ့ CBI တို့ အကြပ်ရိုက်‌တဲ့ကာလ .. သတ်တာတောင် နိုင်ငံကွန်ရက်တစ်ခုလုံးကို ဟက်ခ်ပြီး Live လွှင့်ပြတဲ့အထိပါပဲဒုစရိုက်မှုတွေရှင်းလင်းဖို့အတွက် ဗိဿနိုးဘုရားက ကလ်ကီအနေနဲ့ လူဝင်စားပြီ းအမြန်ပေါ်ထွက်လာအောင်လို့လည်းပြောတယ် ..ဆိုတော့ ရဲတွေ CBI တွေကြား လက်တစ်လုံးခြားလုပ်သွားပုံတွေ ..ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုက သတ်ပုံသတ်နည်းထူးထူးဆန်းဆန်းတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူတွေကတော့ Thaik ...
8
TMDb: 8/10 42 votes
tv

Asur (2020) Season 2

2020
Sullivan’s Crossing (2023) 6.9
Sullivan’s Crossing (2023) Sullivan's Crossing (2023) =================== IMDb Rating - 6.9/10New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်း ဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio book တွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ် လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာ အသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက် ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ် တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့ ထိ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခု တည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့ နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ...... သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင် မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ ...
6.9
TMDb: 6.9/10 1504 votes
tv

Sullivan’s Crossing (2023)

2023
Doctor Cha (2023)
Doctor Cha (2023) Doctor Cha (2023)ဒီတစ်ခါတင်ဆက်​ပေးမှာက​တော့ ဆရာဝန်ဇာတ်လမ်း​ကောင်း​ကောင်း​လေး​တွေ ကြိုက်တတ်တဲ့သူ​တွေအတွက်ဖြစ်ပါတယ်အိမ်ရှင်မအလုပ်နဲ့ ပိုက်ဆံရှာတဲ့အလုပ်ကို တွဲလုပ်ရတာခက်တဲ့​ခေတ်ကြီးမှာ "ဆရာဝန်" ဆိုတဲ့အလုပ်က​တော့ နှစ်ခုတွဲလုပ်ဖို့အတွက်အခက်ဆုံးပါပဲချာ​ဂျောင်ဆု ဆိုတဲ့ အမျိုးသမီးက​တော့ ဆရာဝန်ဘဝက​နေ အနားယူပြီး အိမ်မှုကိစ္စ​တွေ သားသမီးပျိုး​ထောင်တာ​တွေလုပ်ခဲ့ပြီး အနှစ် ၂၀ ကြာမှ ဆရာဝန်အဖြစ်အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာ ခင်ပွန်းဖြစ်သူရဲ့ သစ္စာ​မရှိမှု​ကြောင့်လည်း အိမ်​ထောင်​ရေးကို ဘယ်လို​တွေ​ရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်မင်းသမီးကြီး Uhm Jung Hwa ရဲ့ comeback drama ​လေးဖြစ်လို့ အတူကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii, Hmwe, JoyZ, ThantSin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…. 1GB | 350MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator .....Lai Laii, Hmwe, JoyZ, ThantSin Encoder ..... Aaron720pEpisode ...

Doctor Cha (2023)

2023
Gen Z ( 2023 )
Gen Z ( 2023 ) ကဲ~ဒီတစ်ခါမှာလည်း အချစ်တော်လေး Zhao lusi(ကျောက်လုစီ)ရဲ့ဇာတ်ကားလေး ထွက်လာပြန်ပြီနော်ဇာတ်လမ်းအညွှန်း"စွမ်းထိုထို"က မိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မဟုတ်မခံတတ်တဲ့အကျင့်စရိုက်အရတစ်နေ့မှာ မတရားမှုကိုခွန်းတုံပြန်ရင်း ဒုက္ခရောက်သွားခဲ့ပါတယ်။တရုတ်ဆေးတက္ကသိုလ်က ပါမောက္ခရန်ရှင်းကျန်းက စွမ်းထိုထိုကိုမြေတောင်မြှောက်ပေးခဲ့ပြီး သင်တန်းသူအဖြစ်လက်ခံခဲ့ပါ‌ေတာ့တယ်။∆စွမ်းထိုထိုတစ်ယောက် ဆေးပညာနဲ့လူ့အဖွဲစည်းကို ဘယ်လိုကူညီသွားမလဲ...သူ့အတိတ်မှာရော ဘယ်လို‌ေလာကဓံတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ပစ္စုပန်မှာရောဘယ်လိုအခက်ခဲတွေကိုကျော်ဖြတ်ပြီး အနာဂတ်မှာပျော်ရွှင်ကံကောင်းခြင်းတွေက စီးကြိုနေလိမ့်မလား....တစ်ဖန် ပါမောက္ခရန်ရဲ့သားဖြစ်သူ"ထျန်းကျန်း"ကို အရှုပ်ထုပ်ဆိုပြီးကြည့်မရဖြစ်နေသူကတော့ စွမ်းထိုထိုပေါ့...ဒီလိုနဲ့ဆေးပညာနယ်ပယ်မှာ စွမ်းထိုထိုနဲ့ကျန်းမင်တို အချင်းချင်းဘယ်လိုဖေးမကူညီသွားပြီးသူတိုကြားကသံယောဇဉ်ကြိုးကရော ဘယ်လိုမျိုးထုံးဖွဲသွားမလဲဆိုတာ....အားလုံးမျှော်နေကြတဲ့ကားလေးဖြစ်တာမို အများကြီးညွှန်းမနေတော့ဘဲ CMကနေအချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင်...(အညွှန်းရေးသားထားသူကတော့ Mya Hmwe Nwe Yake ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Romance, Life, Youth, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by ...

Gen Z ( 2023 )

My Wife (2023)
My Wife (2023) CM ပရိသတ်တွေ အချိုတွေချည်း ကြည့်နေရတာ အီနေကြပြီလား။ဒီတစ်ခါမှာတော့ လက်တွေ့မှာ မကြာခဏမြင်နေကျ အိမ်ထောင်ရေးအခြေအနေကိုဇာတ်လမ်းအဖြစ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းနာမည်က My Wife ဖြစ်ပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ယွမ်ရှန်းရှန်းနဲ့ တုချွင်တိုက ပါဝင်ထားပါတယ်။ ဇာတ်လမ်းပုံစံကို ပြောရမယ်ဆိုရင်ရှန်အားနန် (ယွမ်ရှန်းရှန်း) က မိသားစုကို တန်ဖိုးထားပြီး အိမ်ထောင်သည်ဘဝကိုတာဝန်ကျေပွန်စွာ ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အစပိုင်းမှာ သူဟာအမျိုးသားဖြစ်သူ ရန်ရိမင် (တုချွင်) နဲ့အတူ သမီးလေးကို ပျိုးထောင်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အမျိုးသားဖြစ်သူထံက တခြားအမျိုးသမီးရဲ့ ရေမွှေးအနံ့ကို ရမိသွားပြီးအမျိုးသားက ဖောက်ပြန်နေတာကို သိသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ သာယာနေတဲ့ အိမ်ထောင်ရေးလေးကယိုယွင်းလာခဲ့ပြီးတော့ ရှန်အားနန်က အချိန်ပြည့် အိမ်ရှင်မဘဝကနေ ရုန်းထွက်ဖို ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို လုပ်ငန်းခွင်ကို ပြန်ဝင်ခဲ့ပါတော့တယ်။ကဲ...ဒါဆိုရင် ရှန်အားနန်က လုပ်ငန်းခွင်မှာ အဆင်ပြေပြေရှိနိုင်မလား၊ သူ့ရဲ့ အမျိုးသားနဲ့ ဘာတွေဆက်ဖြစ်မလဲ၊အမျိုးသားဖြစ်သူကို လုယူခဲ့တဲ့သူနဲ့ရော ...

My Wife (2023)

2023

Genres

Archives